အိုင်တီ ကျွမ်းကျင်သူ အလိုရှိသည်

အလုပ် လျှောက်ထား သူသည်  ကွန်ပြူတာ၊ အိုင်တီ ပညာရပ်တို့နှင့် သက်ဆိုင်သည့် ဘာသာရပ်များဖြင့် ဘွဲ့ရထားပြီး လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိသူ ဖြစ်ရမည်။

အလုပ်ချိန် အပြောင်း အလဲအတွက် ညှိနှိုင်းနိုင်ပြီး စိတ်ဖိစီးမှုရှိသော အခြေအနေတွင် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

မြန်မာစာ၊ စကား ကျွမ်းကျင်ပြီး အင်္ဂလိပ် ဘာသာရပ် အတော်အသင့် နားလည်သူ ဖြစ်ရမည်။

PHP, MySQL, HTML, CSS, Joomla, Java Script, Flash, Photoshop တို့ကို ကောင်းစွာ အသုံးပြုတတ်ရမည်။ ဂရပ်ဖစ်ဒီဇိုင်း၊ ၀က်ဆိုက် ဒီဇိုင်း၊ ဓာတ်ပုံများ အကြောင်းကို သိနားလည်ရမည်။

အစုအဖွဲ့နှင့် ဖန်တီးနိုင်သူ၊ လုပ်ငန်း စီမံနိုင်ရမည်။

လုပ်ဖော်ကိုင်ဘက်များနှင့် ဆက်ဆံရေးကောင်းရမည်။

ရုံးတွင်း ကွန်ပျူတာ ကွန်ရက် နှင့် အင်တာနက် လုံခြုံရေးကို ဆောင်ရွက်ခြင်း၊ ရုံးတွင်း ကွန်ပျူတာကွန်ရက် စီမံခန့်ခွဲခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ အင်တာနက် အခြေအနေကို စောင့်ကြည့်ခြင်းတို့တွင် ကျွမ်းကျင်ရမည်။

စိတ်ဝင်စားသူများသည် မန်နေဂျာ ဦးဝင်းသူ This e-mail address is being protected from spambots. You need JavaScript enabled to view it ထံသို့ လျှောက်လွှာ ပေးပို့နိုင်သည်။

လျှောက်လွှာနှင့်အတူ ကိုယ်ရေးအချက်အလက်များ နှင့် မကြာသေးမီက ရိုက်ကူးထားသည့် ဓာတ်ပုံတပုံကို ပူးတွဲပေးပို့ရမည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်