အလုပ်သင်/အတွေ့အကြုံ ဖလှယ်ရေး အစီအစဉ်

Wednesday, 31 March 2010 14:18 Announcements
Print
၃ လ ကြာမြင့်မည့် အလုပ်သင်/အတွေ့အကြုံ ဖလှယ်ရေး အစီအစဉ်ကို သတင်းထောက်၊ ဘလော်ဂါ၊ ဓာတ်ပုံဆရာ၊ အိုင်တီ ကျွမ်းကျင်သူ စသည့် မီဒီယာတွင် စိတ်ဝင်စားသူ မည်သူမဆို လျှောက်ထား နိုင်သည်။

ဤအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် လွတ်လပ်သည့် မီဒီယာ (free media)၊ လွတ်လပ်သည့် စာနယ်ဇင်းလုပ်ငန်း (skills in independent journalism)၊ ခေတ်မီ နည်းပညာ ဗဟုသုတ (know-how knowledge of modern technology) တို့ကို လေ့လာနိုင်မည်ဖြစ်သည်။ ထို့ပြင် မြန်မာပြည်အရေးနှင့် ပတ်သက်သည့် အတွေးအမြင်များ ပိုမိုကျယ်ပြန့်စေရန် အထောက်အကူပြုမည့် ကွင်းဆင်းလေ့လာရေး ခရီးစဉ် (field trip) လည်း ပါဝင်မည် ဖြစ်သည်။

အစီအစဉ်တွင် ပါဝင်လုပ်ကိုင်လိုသူသည် နိုင်ငံရေးအဖွဲ့အစည်းများနှင့် မသက်ဆိုင်သူ ဖြစ်ရမည်။

စိတ်ဝင်စားသူများသည် မန်နေဂျာ ဦးဝင်းသူ This e-mail address is being protected from spambots. You need JavaScript enabled to view it ထံသို့ လျှောက်လွှာ ပေးပို့နိုင်သည်။

လျှောက်လွှာနှင့်အတူ ကိုယ်ရေးအချက်အလက်များ နှင့် မကြာသေးမီက ရိုက်ကူးထားသည့် ဓာတ်ပုံတပုံကို ပူးတွဲပေးပို့ရမည်။