ရုံးအတွင်းရေးမှူး အလိုရှိသည်

ဧရာဝတီ မဂ္ဂဇင်းက အောက်ပါ အချက်အလက်များနှင့် ပြည့်စုံသည့် ရုံးအတွင်းရေးမှူး တဦး အလိုရှိသည်။ ၎င်းသည် ရုံးမန်နေဂျာ၏ တိုက်ရိုက် ကြီးကြပ်မှု အောက်တွင် တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။

လိုအပ်ချက် နှင့် အရည်အချင်းများ ...

အလုပ်လျှောက်ထားသူသည် -
● အုပ်ချုပ်မှုဆိုင်ရာ သို့မဟုတ် အတွင်းရေးမှူးလုပ်ငန်း အတွေ့အကြုံ တစုံတရာရှိသူ ဖြစ်ရမည်။
● စိတ်သဘောထားပြည့်ဝ၍ လုပ်ဖော်ကိုင်ဘက်များနှင့် အနီးကပ် လုပ်ငန်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
● အလုပ်ချိန် အပြောင်းအလဲအတွက် ညှိနှိုင်းနိုင်ပြီး အခက်အခဲကြားတွင် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
● သတ်မှတ်ထားသည့် အချိန်အတွင်း အလုပ်ပြီးအောင် ဆောင်ရွက်နိုင်သူ၊ လုပ်ငန်းများပြီးမြောက်အောင် စီမံနိုင်စွမ်းရှိသူ ဖြစ်ရမည်။
● ကွန်ပြူတာ အသုံးပြုနိုင်သူ အထူးသဖြင့် MS Office၊ အင်တာနက်နှင့် အီးမေးတို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
● လုပ်ငန်းဆိုင်ရာ ခရီးစဉ်များကို အဆင်ပြေချောမွေ့အောင် စီစဉ်ပေးနိုင်သူ ဖြစ်ရမည်။
● အလုပ်ခွင်၌ တက်ကြွသူ၊ လုပ်ငန်းဆိုင်ရာ အခက်အခဲများဖြေရှင်းရာတွင် ဝေဖန်သုံးသပ် အကြံပေးနိုင်သူ ဖြစ်ရမည်။
● ဆက်ဆံရေးပြေပြစ်၍ လိမ္မာပါးနပ်သူ ဖြစ်ရမည်။
● မြန်မာစာ နှင့် အင်္ဂလိပ် စကားများကို ကောင်းမွန်စွာ ရေးနိုင် ပြောနိုင်ပြီး ထိုင်းစကား အသင့်အတင့် ပြောနိုင်သူ ဖြစ်ရမည်။
● လိုအပ်ပါက ထိုင်းနိုင်ငံအတွင်း ခရီးသွားလာနိုင်သူ ဖြစ်ရမည်။
မှတ်ချက်။  Business Administration နှင့် ဘွဲ့ရပြီး သို့မဟုတ် အတွင်းရေးမှူးလုပ်ငန်းနှင့် သက်ဆိုင်သည့် ကောလိပ်တခုခုမှ လက်မှတ်ရပြီးသူ ဖြစ်ပါက ဦးစားပေး စဉ်းစားမည်။

တာဝန်နှင့်ဝတ္တရားများ …

ရုံးအတွင်းရေးမှူးသည် အောက်ပါတို့ကို အဓိက ဆောင်ရွက်ရမည်။
● ရုံး စာဝင် စာထွက်များကို ထိန်းသိမ်းခြင်း၊ လစဉ်ထုတ် မဂ္ဂဇင်း ပေးပို့ရန် ပြင်ဆင်ခြင်းနှင့် စာတိုက်မှတဆင့် ပေးပို့ခြင်း။
● ရုံးသုံးပစ္စည်းများကို အချိန်နှင့် တပြေးညီ စောင့်ကြည့်စစ်ဆေးခြင်း၊ လိုအပ်သည်များ ၀ယ်ယူ ဖြည့်ဆည်းခြင်း။
● ရုံးနှင့်ဆက်စပ်သော ၀န်ဆောင်မှုဌာနများနှင့် ရုံးအတွင်း လိုအပ်သလို ကြားဝင်ဆောင်ရွက်ပေးခြင်း ဥပမာ အင်တာနက်၊ နည်းပညာအကူအညီ၊ ရုံးပစ္စည်း၊ ဗီဇာသက်တမ်းတိုးခြင်း။
● အခါအားလျော်စွာ ကျင်းပသည့် ရုံးတွင်း အခန်းအနားများနှင့် အခြား လုပ်ငန်းအကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များတွင် လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးခြင်း။
● တယ်လီဖုန်း လက်ခံဖြေကြားခြင်း နှင့် ရုံးဝန်ထမ်းများနှင့် သက်ဆိုင်ပါက မှတ်သား၍ လိုအပ်သလို ဆက်လက် ဆောင်ရွက်ခြင်း။
● အပါတ်စဉ် ရုံးမန်နေဂျာနှင့် အစည်းအဝေးထိုင်ခြင်း၊ ရုံးနှင့်ပတ်သက်သည့် လိုအပ်ချက်နှင့် မိမိအမြင်များကို တင်ပြဆွေးနွေးခြင်း။
● သတင်းထောက်များနှင့် အယ်ဒီတာများကို လိုအပ်သည့် အကူအညီပေးခြင်း။
● ရုံးနှင့် သက်ဆိုင်သော အခြား သင့်လျော်သည့် လုပ်ငန်းများတွင် ၀င်ရောက်ဆောင်ရွက်ခြင်း။

စိတ်ဝင်စားသူများသည် မန်နေဂျာ ကိုဝင်းသူ ( This e-mail address is being protected from spambots. You need JavaScript enabled to view it ) ထံသို့ လျှောက်လွှာ ပေးပို့နိုင်သည်။
လျှောက်လွှာနှင့်အတူ ကိုယ်ရေးအချက်အလက်များ နှင့် မကြာသေးမီက ရိုက်ကူးထားသည့် ဓာတ်ပုံတပုံကို ပူးတွဲပေးပို့ရမည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်