၂၀၁၁ မင်္ဂလာနှစ်သစ် အတွက် နှုတ်ခွန်းဆက်လွှာ

Thursday, 30 December 2010 14:36 Announcements
Print
၂၀၁၀ တနှစ်လုံးအတွက် အရေးပါသည့် မြန်မာပြည်ဆိုင်ရာ သတင်းများကို ဧရာဝတီက ရေးသား၊ ထုတ်လွှင့် တင်ပြခဲ့ပါသည်။ အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲမှသည် မြန်မာ နယ်စပ်တိုက်ပွဲများနှင့် စစ်ပြေးဒုက္ခသည်များ၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာမှုအထိ အဓိကကျသည့် ဖြစ်ရပ်များကို ထိမိရှင်းလင်းစွာ၊ ကျင့်ဝတ်သိက္ခာနှင့်အညီ ပြည့်ပြည့်စုံစုံ၊ အချိန်နှင့် တပြေးညီ တင်ဆက်ပေးခဲ့ပါသည်။

irr_teamအပြောင်းအလဲအတွက် မျှော်လင့်ချက်အသစ်နှင့် အနှောင်အဖွဲ့ကင်းသည့် မီဒီယာအဖြစ် ဆက်လက် လျှောက်လှမ်းသွားရန် ပြင်းပြသော ယုံကြည်ချက်၊ မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးအခင်းအကျင်း အပေါ် ရိုးသားပွင့်လင်းသည့် သုံးသပ်ချက်များဖြင့် ၂၀၁၁ နှစ်သစ်ကို ကြိုဆိုလိုက်ပါသည်။

ဤကဲ့သို့သော အရေးကြီးသည့် အချိန်ကာလ၌ အစဉ်တစိုက် အားပေးနေသော ဧရာဝတီ ပရိသတ်ကို အထူးကျေးဇူးတင်ရှိပြီး ၂၀၁၁ တွင်လည်း မြန်မာပြည်၌ စာနယ်ဇင်း လွတ်လပ်မှု၊ ဒီမိုကရေစီ ရရှိရေးစသည့် အပြောင်းအလဲများအတွက် သတင်းဌာနတခုအနေဖြင့် ဆက်လက် ကြိုးစားသွားပါမည်။

ဧရာဝတီ