၂၀၁၀ အာဇာနည်နေ့ မြင်ကွင်း

မနက် ၇ နာရီ ကတည်းက ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်နဲ့ အာဇာနည်ကုန်း အနားမှာ သံဆူးကြိုးတွေ၊ မြောက်မြား စွာသော လုံထိန်းရဲတွေ၊ မီးသတ် ကားတွေ၊ လက်နက်ကိုင် စစ်သားတွေ၊ ဟောင်းနွမ်းနေတဲ့ အ၀တ်အစားတွေ ဝတ်ထားတဲ့ စွမ်းအားရှင်တွေ၊ အချုပ်ကားတွေနဲ့ ရှုပ်ယှက်ခတ်လို့ နေပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက မိုးမရွာခဲ့ပေမယ့် ဒီနေ့မှာတော့ မိုးပေါက်လေးတွေ တဖွဲဖွဲနဲ့မို့ ရာသီဥတုက ချမ်းစိမ့်စိမ့် ဖြစ်နေတယ်။

“ဒီလမ်းက ဖြတ်လို့မရဘူး၊ ဟိုဘက် လမ်းကသွား။ ဒီမှာ သံဆူးကြိုးတွေ ချထားတာ မမြင်ဘူးလား” ဆိုတဲ့ ဒုတိယရဲမှူး အဆင့်ရှိသူ တယောက်က လေသံခပ်မာမာနဲ့ ရွှေတိဂုံ ဘုရား အရှေ့ဘက် မုခ်က ၀င်လာတဲ့ ကားတွေကို အော်ဟစ် ပြောဆိုနေတယ်။

ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ စစ်ထောက်လှမ်းရေး၊ ဘုရားဂေါပကအဖွဲ့ဝင်တွေ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်လူကြီးတွေက ကုလားထိုင်တွေချပြီး ဘုရားလာဖူးသူတွေကို စစ်ဆေးမေးမြန်းပြီး အိတ်တွေကို ရှာဖွေနေတယ်။

“ဒီနေ့ဘာဖြစ်လို့ ဒီလောက် အစစ်ဆေးတွေ များနေတာလဲမသိဘူး” လို့ တက္ကစီ ဒရိုင်ဘာတဦးက ကားမောင်းရင် ညည်းတွားလိုက်တယ်။

{slimbox images/multimedia/Rzarni-Parties/01.jpg,images/multimedia/Rzarni-Parties/01-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/02.jpg,images/multimedia/Rzarni-Parties/02-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Rzarni-Parties/03.jpg,images/multimedia/Rzarni-Parties/03-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Rzarni-Parties/04.jpg,images/multimedia/Rzarni-Parties/04-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Rzarni-Parties/05.jpg,images/multimedia/Rzarni-Parties/05-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Rzarni-Parties/06.jpg,images/multimedia/Rzarni-Parties/06-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Rzarni-Parties/07.jpg,images/multimedia/Rzarni-Parties/07-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/08.jpg,images/multimedia/Rzarni-Parties/08-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/09.jpg,images/multimedia/Rzarni-Parties/09-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/10.jpg,images/multimedia/Rzarni-Parties/10-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/11.jpg,images/multimedia/Rzarni-Parties/11-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/12.jpg,images/multimedia/Rzarni-Parties/12-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/13.jpg,images/multimedia/Rzarni-Parties/13-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/14.jpg,images/multimedia/Rzarni-Parties/14-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/15.jpg,images/multimedia/Rzarni-Parties/15-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/16.jpg,images/multimedia/Rzarni-Parties/16-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/17.jpg,images/multimedia/Rzarni-Parties/17-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/18.jpg,images/multimedia/Rzarni-Parties/18-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/19.jpg,images/multimedia/Rzarni-Parties/19-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/20.jpg,images/multimedia/Rzarni-Parties/20-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Rzarni-Parties/21.jpg,images/multimedia/Rzarni-Parties/21-sm.jpg, ၂၀၁၀ အာဇာနည်နေ့ အာဇာနည် ဗိမာန် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)}
အမှန်တော့ ဒီနေ့ဟာ မြန်မာတမျိုးသားလုံး မမေ့ပျောက်သင့်တဲ့ အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးကျဆုံး ခဲ့တဲ့ နေ့ပါပဲ။ ဒါပေမယ့် စစ်အစိုးရရဲ့ လျစ်လျူရှုမှု၊ စားဝတ်နေရေး ဘ၀အမောတွေနဲ့ မွန်းကျပ်ပြီး ရုန်းကန်နေရမှုတွေကြောင့် ပြည်သူ အများစုက အာဇာနည်နေ့ကို မေ့လျော့ကုန်ကြပြီလို့ ရန်ကုန်မြို့ခံတွေက ဆိုကြတယ်။

“သတိ အလေးပြု” ဆိုတဲ့ အသံက မှန်အနက်တွေ ချထားတဲ့ ၇ခ/ ၉၈၆၃ နံပါတ်ပါ အနက်ရောင် ကားတစီး ဖြတ်သန်း သွားချိန်မှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတယ်။ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တလျှောက်မှာ ရှိတဲ့ ရဲတွေ၊ စစ်သားတွေ အကုန်လုံး အဲဒီကားကို တူညီစွာ အလေးပြုနေကြတယ်။

အဲဒီကားကတော့ ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကို တင်ဆောင်လာတဲ့ ကားပါပဲ။

အရင်က အာဇာနည်နေ့ကို ၀န်ကြီးအဆင့် ရှိတဲ့ ဗိုလ်ချုပ်တယောက်ယောက်က ဦးစီး ဆောင်ရွက်လေ့ ရှိခဲ့ပေမယ့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ၂၀၀၈ ခုနှစ်ကစပြီး ရန်ကုန်မြို့တော်ဝန် ကသာ ဦးစီး ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရ ဗိုလ်ချုပ်ကြီးများအနေနဲ့ အာဇာနည်နေ့ကို လာရောက်ခြင်း မရှိသလို အရေးတယူ အခမ်းအနားကြီးတွေ ကျင်းပတာမျိုး မလုပ်ခဲ့တာလည်း နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီလို့ ပြည်တွင်း နိုင်ငံရေးသမား တဦးက ပြောတယ်။

အာဇာနည်နေ့ အခမ်းအနားကို မနက် ၈ နာရီမှာ စတင်တာနဲ့ တပြိုင်နက် ရန်ကုန်မြို့တော်ဝန်က လွမ်းသူ့ပန်းခွေချပြီး
အလေးပြုပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို တိုင်ဝက် လျှော့ချ လွှင့်ထူပြီး ဂုဏ်ပြုတပ်ဖွဲ့ဝင်တွေက သေနတ်မြှောက် အလေးပြုတယ်။ စစ်ခရာအဖွဲ့ကလည်း အလေးပြု ခရာမှုတ်ခဲ့ပြီး တက်ရောက် လာကြသူတွေက အာဇာနည် ခေါင်းဆောင်ကြီးတွေအတွက် ၂ မိနစ် ငြိမ်သက်စွာ အလေးပြုခဲ့ကြပါတယ်။

မနက် ၈ နာရီ ၁၅ မိနစ်မှာ ရွှေတိဂုံဘုရား သွေးဆေးကန်အနီးမှာရှိတဲ့ မင်္ဂလာဗျူဟာဓမ္မာရုံထဲကနေ အရပ်မြင့်မြင့်
အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ထွက်လာတာ တွေ့လိုက်ရတယ်။ အမျိုးသားက အနက်ရောင် တိုက်ပုံနဲ့ ကျက်သရေ ခေါင်းပေါင်းကို ၀တ်ထားပြီး အမျိုးသမီးကတော့ အဖြူရောင် မြန်မာဆန်ဆန် အင်္ကျီလက်ရှည်ပေါ်က ဇာပ၀ါအနက်ရောင်ကို ခြုံထားတယ်။

သူတို့နှစ်ဦးဟာ ထီးတော်မိုးတွေနဲ့အတူ ၅က/ ၂၀၉၁ နံပါတ်နဲ့ နောက်ဆုံးပေါ် ကားတစီးအတွင်းကို ၀င်ရောက်သွားပါတယ်။

သူတို့ ဇနီးမောင်နှံကတော့ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး ဦးအောင်ဆန်းဦးနဲ့ ဇနီးတို့ပဲ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ ခပ်ခွာခွာနေပြီး ညီမအရင်း နေထိုင်တဲ့ မိဘအိမ်ကို အမွေရလိုမှုနဲ့ တရားစွဲခဲ့တဲ့ ဦးအောင်ဆန်းဦးကို လုံထိန်းရဲတွေ၊ အာဏာပိုင်တွေ၊ အုပ်ချုပ်ရေး အရာရှိတွေက တလေးတစား ဆက်ဆံကြတာ တွေ့ရတယ်။

ဦးအောင်ဆန်းဦးတို့ လိုက်ပါသွားတဲ့ ကားထွက်သွားပြီးတဲ့ နောက်မှာ နောက်ထပ် ကားတွေ တစီးပြီး တစီး အာဇာနည်ကုန်းကို ထွက်ခွာသွားတာ တွေ့လိုက်ရပါတယ်။

သခင်မြ၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွား စပ်စံထွန်း၊ ဦးရာဇာတ်၊ ဦးအုန်းမောင်နဲ့ ရဲဘော်ကိုထွေး စတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ ပါဝင်တဲ့ ကားတွေပါ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး နိုဘဲလ် ငြိမ်းချမ်းရေဆုရှင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကတော့ အာဇာနည်နေ့ အခမ်းအနားကို လာရောက်တာ မတွေ့သလို သူ့ ကိုယ်စားလှယ်လည်း လာရောက်တာမျိုး မတွေ့ရပါဘူး။

“ဒေါ်အောင်ဆန်းစုကြည်က အဖိတ်မခံရဘူးလို့ ပြောတယ်။ ဦးအောင်ဆန်းဦးနဲ့ ဇနီးတော့ ဖိတ်တယ်လို့ ပြောတယ်” လို့ အာဇာနည်ခေါင်းဆောင် မန်းဘခိုင်ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

နံနက် ၉ နာရီ ၁၀ မိနစ်ကျော်လောက်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အပါအ၀င် အဖွဲ့အစည်းတွေ တဖွဲ့ပြီးတဖွဲ့ အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေချ ဂါဝရပြုကြတယ်။

နံနက် ၉ နာရီ ၄၅ မိနစ်လောက်မှာတော့ ပြည်ထောင်စုဒီမိုကရေစီ ပါတီအလံ အသေးလေးနဲ့ ဆိုင်းဘုတ်တင်ထားတဲ့
ခဲရောင်ဖျော့ဖျော့ တောင်းအေ့စ် ကားတစီး ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်အနီးကို ထိုးဆိုက်လာတယ်။ ကားထဲမှာ တိုက်ပုံအနက်နဲ့ အညိုရောင် ပုဆိုးအကွက်စိတ် ၀တ်ဆင်ထားတဲ့ လူလတ်ပိုင်းအရွယ်တဦး လိုက်ပါလာတယ်။ အဲဒီလူ
ကားပေါ်က ဆင်းလိုက်တာနဲ့ ကင်မရာတွေ ကိုင်ဆောင်ထားကြတဲ့ သတင်းထောက်တွေ သူ့အနားကို စုပြုံရောက်ရှိသွားတယ်။

သူကတော့ ပြည်ထောင်စုဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းပါပဲ။

“အာဇာနည် ခေါင်းဆောင်ကြီးတွေကို အနှစ် ၂၀ လုံးလုံး နိုင်ငံရေးပါတီတရပ် အနေနဲ့ ဂါဝရ ပြုခွင့်မရခဲ့ဘူး။ ဒီနေ့တော့ ဒီအခွင့်အရေးပြန်ရပြီ” လို့ ဦးဖြိုးမင်းသိန်းက ပြောတယ်။

အဲဒီနောက် ကမန်တိုးတက်ရေးပါတီ၊ ၈၈ မျိုးဆက်သစ်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ ခေတ်သစ်ပြည်သူ့ပါတီ၊ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအ၀င် နိုင်ငံရေးပါတီကားတွေ တစီးပြီးတစီး ထိုးဆိုက်လာတယ်။

ကြံ့ဖွံ့ပါတီ လူကြီးတွေစီးတဲ့ ကားကတော့ နောက်ဆုံးပေါ် ကားတစီးဖြစ်ပြီး ပါတီဝင် တော်တော်များကို ၁၅၇ အမှတ်တံဆိပ် Air Con Bus လိုင်းကားကြီးနဲ့ တင်ဆောင်လာတာ တွေ့ရပါတယ်။ ကြံ့ဖွံ့ပါတီက အင်အားလည်းများလှသလို အာဇာနည် ကုန်းကို ခမ်းခမ်းနားနား လာရောက်ခဲ့ကြတာပါ။ ဒါပေမယ့် ပါတီရဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် ဦးသိန်းစိန်တော့ ပါမလာပါဘူး။ ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးအေးမြင့်သာ ဦးဆောင်လာပါတယ်။

အနီရောင် အောက်ခံ ခွပ်ဒေါင်းနဲ့ ကြယ်တံဆိပ်ပါ အလံ၊ အ၀ါရောင်အောက်ခံ ကဒေါင်းနဲ့ ကြယ်တံဆိပ်ပါ အလံတွေ၊ အပြာရောင် ကြယ်တွေ ပါတဲ့ အလံတွေ၊ နိုင်ငံရေး ပါတီတွေကို ကိုယ်စားပြုအလံတွေက ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ
တလူလူလွင့်နေကြပါတယ်။

ဒီအချိန်မှာတော့ လုံထိန်းရဲတွေ၊ စစ်ထောက်လှမ်းရေးတွေနဲ့ စွမ်းအားရှင်တွေကလည်း မသိမသာ တမျိုး၊ သိသိသာသာ တမျိုး နိုင်ငံရေး ပါတီဝင်တွေ၊ သတင်းထောက်တွေကို ကြည့်နေပါတယ်။

ပြည်သူတွေကတော့ နိုင်ငံရေးပါတီအလံတွေ မမြင်ရတာကြာပြီဖြစ်လို့ အထူးအဆန်းတခု အနေနဲ့ စုပြုံကြည့်နေကြတယ်။

မနက် ၁၀ နာရီလောက်ကစပြီး နိုင်ငံရေးပါတီတွေကို အာဇာနည်ကုန်းမှာ စတင်အလေးပြုခွင့် ပေးပါတယ်။

“အာဇာနည်နေ့ အခမ်းအနား စတဲ့အချိန်မှာတော့ မတက်ရသေးဘူး။ သူ့တို့ဘက်က အခမ်းအနား ပြီးလောက်မှ ပါတီတွေကို တဖွဲ့ချင်း အာဇာနည်ဗိမာန်ထဲကို ၀င်ခွင့်ပြုတာပါ” လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အဖွဲ့ဝင်တဦးက ဆိုပါတယ်။

နိုင်ငံရေးပါတီတွေ အာဇာနည်ကုန်းမှာ သွားရောက် အလေးပြုရာမှာ ကြွေးကြော်သံတွေနဲ့ ဟစ်အော်တာ၊ လူစုလူဝေးနဲ့ တက်ရောက်တာတွေကို မပြုလုပ်ဖို့လည်း လုံထိန်းရဲတွေက အသိ ပေးခဲ့တယ်လို့ သိရပါတယ်။

လူ ၇ ဦးထက်မပိုရ၊ အလံမကိုင်ဆောင်ရ၊ ဆိုင်းဘုတ်မကိုင်ရ၊ ဘောလ်ပင်၊ မီးခြစ်၊ ကင်မရာနဲ့ သံထည်ပစ္စည်းတွေမယူရ၊
နိုင်ငံတော်သီချင်းမဆိုရ စတဲ့ တားမြစ်ချက်ပေါင်းများစွာနဲ့ နိုင်ငံရေး ပါတီတွေဟာ တဖွဲ့ပြီးတဖွဲ့ အာဇာနည်ကုန်းကို ချီတက်သွားကြပါတယ်။

“ကျနော့်ပါတီဝင်တွေ အကုန် အာဇာနည်ကုန်းမှာ အလေးပြုခွင့်ရဖို့ ပြောထားပြီးသား” ဆိုတဲ့ အသံကတော့ အမျိုးသား ဒီမိုကရေစီ အင်အားစု ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက သက်ဆိုင်ရာ အာဏာပိုင် အရာရှိတွေကို စောဒက တက်နေသံပါ။

လူ ၇ ဦးထက်ပိုပြီး အာဇာနည်ကုန်းကို ချီတက်အလေးပြုခွင့် မပေးတဲ့အတွက် သူ ဒေါသထွက်နေပုံပါပဲ။

နိုင်ငံရေးပါတီ ၁၈ ခုက ကိုယ်စားလှယ်တွေ မနက် ၁၀ နာရီကနေ ၁၁ နာရီအထိ အာဇာနည်ဗိမာန်ကို သွားရောက် အလေးပြု ခဲ့ကြတယ်။

မနက် ၁၁ လောက်မှာတော့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ၀န်းကျင်မှာ လူတဖြည်းဖြည်းကျဲသွားပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းပုံ ရင်ထိုးတွေတပ်ထားတဲ့ လူတချို့ဟာ အာဇာနည်ကုန်းကို သွားဖို့ တာစူနေပါတယ်။ လုံထိန်းနဲ့ သတင်းတပ်ဖွဲ့က တာဝန်ရှိသူ တွေကလည်း နာမည်၊ လိပ်စာ၊ မှတ်ပုံတင် နံပါတ်တွေတောင်းယူ ဓာတ်ပုံတွေရိုက်ပြီးမှ ၀င်ခွင့်ပြုလိုက်တယ်။ သူတို့တွေ ကတော့ ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဝင်တွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဟောင်းတွေပါ။

မနက် ၁၁ နာရီ ၁၅ မိနစ်ကျော်လောက်မှာတော့ အာဇာနည်ကုန်း ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားပြီး မိုးအုံ့ရာကနေ နေပူလာလို့ ပူအိုက်လာပြီ ဖြစ်ပါတယ်။

အများပြည်သူကို မနက် ၁၁ နာရီကျော်ရင် လာရောက် အလေးပြုခွင့်ပေးမယ်လို့ ရဲအရာရှိတွေက ဆိုထားပေမယ့် လာရောက်အလေးပြုတဲ့သူ တော်တော် ရှားပါတယ်။

အာဇာနည်နေ့မှာ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် အဆင်း အတက်ကို ပိတ်ဆို့ထားတဲ့အပြင် အနောက်ဘက်၊ တောင်ဘက်နဲ့ အရှေ့ဘက်မုခ်တွေမှာ ဓာတ်လှေခါး သုံးစွဲခွင့် ပိတ်ထားပြီး လှေခါးကနေပဲ အဆင်းအတက်ပြုခွင့် ပေးထားတယ်လို့ ရွှေတိဂုံ ဘုရားကို လာရောက်ဖူးမြော်တဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတဦးက ဆိုပါတယ်။

“တမြို့လုံးမှာ လုံခြုံရေးတွေ အရင်ထက် ပိုချထားတယ်။ ဘုရားပတ်လည်မှာတော့ ပိုများတယ်” လို့ သူကပဲ ပြောပါတယ်။

အာဇာနည်ဗိမာန်မှာ လာရောက် အလေးပြုဖို့ ပြည်သူလူထုကို ခွင့်ပြုတယ် ဆိုပေမယ့် လုံခြုံရေးတင်းကျပ် ထားတာကြောင့် လာရောက်သူ မရှိသလောက် နည်းတာ ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

ရန်ကုန်မြို့ထဲမှာတော့ ပြည်သူတွေ သွားမြဲ၊ လာမြဲ ပုံမှန်အတိုင်း ရှိနေဆဲပါ။ သူတို့ရဲ့ စားဝတ်နေရေးကိုသာ အဓိကထား ရှာဖွေ ရုန်းကန်နေကြဆဲဖြစ်တဲ့အတွက် အာဇာနည်နေ့ ဆိုတာကို သတိမရနိုင်တဲ့ ပြည်သူပေါင်း မြောက်မြားစွာ ရှိနေမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

အောင်သက်ဝိုင်း၊ ဟိန်းဇော်နှင့် မိုးယံ တို့ ပူးပေါင်းရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်