တိုင်းရင်းသားတွေမြင်တဲ့ ဒေါ်အောင်ဆန်းစုကြည်

နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့ပြီး ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ပြည်သူလူထုအား မိန့်ခွန်းပြောခဲ့ရာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကိစ္စရပ်ကို ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ယနေ့ နေ့လယ်ကလည်း တိုင်းရင်းသား ခေါင်းဆောင် တချို့နှင့် တွေ့ဆုံ၍ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကိစ္စကို ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဧရာဝတီ မဂ္ဂဇင်းက ရွေးကောက်ပွဲ ဝင်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်တချို့၊ အပစ်အခတ် ရပ်စဲထားသော်လည်း ရွေးကောက်ပွဲ မဝင်သည့် တိုင်းရင်းသား ခေါင်းဆောင်တချို့နှင့် အပစ်အခတ် မရပ်စဲသေးသည့် တိုင်းရင်းသား ခေါင်းဆောင် တချို့ကို မေးမြန်းခဲ့ရာ အားလုံးက ဒုတိယ ပင်လုံညီလာခံခေါ်ယူရေး ကိစ္စကို ထောက်ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပြည်သူလူထုက ထောက်ခံအားပေးသည့် ခေါင်းဆောင်တဦးအဖြစ် ကြိုဆိုကြောင်း ပြောဆိုကြသည်။

ထို့ကြောင့် ဧရာဝတီ မဂ္ဂဇင်းက မေးမြန်းထားသည့် တိုင်းရင်းသား ခေါင်းဆောင်တချို့၏ သဘောထားများကို ဖော်ပြလိုက်ပါသည်။

ရှမ်း
ဦးစဝ်ဆောင်ဆီ
ဒုဥက္ကဋ္ဌ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (သို့မဟုတ်) ကျားဖြူပါတီ (SNDP)

ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်လာရေး လုပ်ဆောင်မှုကို အပြည့်အ၀ ထောက်ခံပါတယ်။ ဖြစ်အောင်လုပ်ဖို့လည်း လိုအပ်တယ်။ ဒါ့အပြင် ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ဖြစ်ပေါ်မှသာ တိုင်းရင်းသား အားလုံးအတွက် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ မျှတတဲ့ အာဏာခွဲဝေမှုနဲ့ မြန်မာနိုင်ငံ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အတွက် လုပ်ဆောင်နိုင်မှာပါ။

ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ဖြစ်မှာသာ အနာဂတ် မျိုးဆက်သစ်တွေ အတွက်ပါ အာမခံချက် ရရှိမှာ ဖြစ်ပြီး လူမျိုးတမျိုးနဲ့ တမျိုးအကြားမှာလည်း ယုံကြည်မှု တည်ဆောက်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဒေါ်အောင်စုကြည် ပြန်လည် လွတ်မြောက် လာတာကို ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒီမိုကရေစီ ရရှိရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ အတွက် ပူးပေါင်း လုပ်ဆောင်သွားပါမယ်။

ချင်း
ဦးလုံစီ
ဥက္ကဋ္ဌ - ချင်း တိုးတက်ရေးပါတီ

ပင်လုံညီလာခံကြီး ပေါ်ပေါက်လာမှ တိုင်းရင်းသားတွေ အားလုံးနဲ့ မြန်မာနိုင်ငံသားတွေ အားလုံးဟာ တန်းတူညီမျှ အခွင့်အရေး ရမှာမို့လို့ အမြန်ဆုံး ခေါ်ယူသင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ အတွက် ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံကိစ္စကို ပြောတဲ့ အတွက် အပြည့်အ၀ ထောက်ခံ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုကိုလည်း ထောက်ခံပါတယ်။


Naing-Ngwe-Thein-Credit-IMNAမွန်
နိုင်ငွေသိန်း
ဥက္ကဋ္ဌ - မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ

ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက် လာရေးကို ကြိုဆိုပါတယ်။ ညီလာခံ ပေါ်ပေါက်ရေးအတွက် အားလုံးက ၀ိုင်းဝန်း ကြိုးပမ်းကြဖို့ လိုပါတယ်။ အမှန်တကယ် ဖြစ်မြောက်လာဖို့လည်း ကြိုးစား စေချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီအင်အားစုတွေ အားလုံးနဲ့ ပူးပေါင်းသွားမှာပါ။

Dr.Aye-Maung-RNDP-narinjaraရခိုင်
ဒေါက်တာအေးမောင်
ဥက္ကဋ္ဌ- ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးအတွက် အားလုံးက ပူးပေါင်း ပါဝင်စေလိုပါတယ်။ ဒါပေမယ့် ညီလာခံ ကနေ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ရရှိမှသာ တိုင်းရင်းသား တွေအတွက် တန်းတူ အခွင့်အရေး၊ လွတ်လပ်စွာ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိမှာပါ။

အားလုံးပါဝင်တဲ့ ညီလာခံတခု မရှိမဖြစ် လိုအပ်ပါတယ်။ အားလုံး ဆိုတဲ့ နေရာမှာ တိုင်းရင်းသား အားလုံး၊ လက်ရှိ အာဏာရ သူတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေက အစ ပါရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ဟာလည်း ပြည်သူ အားလုံးရဲ့ ချစ်ခင် ထောက်ခံမှု ရထားတဲ့သူ ဖြစ်တဲ့အတွက် ကြားခံ ပုဂ္ဂိုလ် တဦးအနေနဲ့ ပါဝင်မှ ရပါမယ်။ အဲဒီလို အားလုံးပါဝင် ဆွေးနွေးမှ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ နိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Dr.-Lahkyen-La-Ja-Credit-KNGကချင်
ဒေါက်တာ လဂျန်း လှဂျာ
ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို ကြိုဆိုပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုစစ်စစ် တခု ပေါ်ပေါက်ရေးနဲ့ အမျိုး
သား ရင်ကြားစေ့ရေး တည်ဆောက်ဖို့က အရေးကြီးပါတယ်။ ဒါမှပဲ တိုင်းရင်းသား အားလုံး အချင်းချင်း ယုံကြည်မှု တည်ဆောက် နိုင်မှာဖြစ်ပြီး ရေရှည် တည်တံ့မှာပါ။

naing-han-tha-Irawaddyမွန်
နိုင်ဟံသာ
အတွင်းရေးမှူး - မွန်ပြည်သစ်ပါတီ

ဒုတိယပင်လုံ ညီလာခံတခု ပေါ်ပေါက်လာရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ထောက်ခံ အားပေးပါတယ်။ အမျိုး
သား ရင်ကြားစေ့ရေးဟာ ပြည်သူတွေ လိုလားတောင့်တ နေတဲ့ အရာတခုပါ။ ဒါပေမယ့် လူတိုင်း မလုပ်နိုင်ခဲ့ပါဘူး။

အမျိုးသားရင်ကြားစေ့ရေးကို ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်။ ဘာလို့လဲ ဆိုတော့
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ ပြည်သူတရပ်လုံး သာမက နိုင်ငံတကာကပါ ထောက်ခံမှု ရရှိထားသူ ဖြစ်တဲ့အတွက် အသင့်လျော်ဆုံး ပုဂ္ဂိုလ် တဦး ဖြစ်လို့ပါပဲ။

ရှမ်း
စိုင်းလောင်ဝ်ဆိုင်း
ရှမ်းပြည်တပ်မတော် (SSA)

ဗမာလူမျိုးတွေနဲ့ တိုင်းရင်းသားတွေ အကြား ပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြား စေ့ရေး၊ စည်းလုံးညီညွတ်ရေး တွေကို
ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်ပေးနိုင် ပါလိမ့်မယ်။

Zipporah-Sein-Irrawaddyကရင်
နော်စီဖိုးရာစိန်
အတွင်းရေးမှူး - ကရင်အမျိုးသား အစည်းအရုံး (KNU)

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအရေးနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အတွက် ကြိုးပမ်း ဆောင်ရွက်နေတာကြောင့် သူ့ကို ထောက်ခံပါတယ်။ ပန်းတိုင်က တူညီနေတဲ့ အတွက် လုပ်ရပ်တွေကို ထောက်ခံအားပေး ကြိုဆိုပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်