ရုံးထုတ်သည့် အဌမနေ့

ရန်ကုန်မှာ ဗုံးဖောက်ခွဲမှုတွေ လုပ်မယ်၊ ဆန္ဒပြပွဲတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေကို စစ်အစိုးရ မီဒီယာတွေက ထုတ်ပြန်ပြီးတဲ့ နောက်ပိုင်း လုံခြုံရေး အခြေအနေက တော်တော်ကို တင်းကျပ်လာပါတယ်။

နေ့ဘက် လမ်းမပေါ်တွေမှာ လုံထိန်းကားတွေလှည့်နေသလို ညအချိန်မှာလည်း လမ်းမပေါ် သွားလာနေတဲ့  လိုင်းကားတွေ၊ တက္ကစီအဌားကားတွေနဲ့ လူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။

ရန်ကုန်မြို့တ၀န်းမှာ လုံခြုံရေးတင်းကျပ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးနေတဲ့ အင်းစိန်ထောင် အနီးအနားပတ်ဝန်းကျင်တွေမှာလည်း လုံခြုံရေးတွေက တနေ့တခြား ပိုများလာတာကို တွေ့မြင်ရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်တဲ့ အဌမမြောက်နေ့မှာ လုံထိန်းကားတွေက အင်းစိန်ဈေးရှေ့လမ်းမပေါ်မှာ လှည့်လည်ရုံမကဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့ အရပ်သူအရပ်သားတွေ၊ အဖွဲ့ချူပ်အဖွဲ့ ၀င် တွေ စုစည်းရာ မြင့်မိုရ်လမ်းရှေ့ ထိပ်တန်းအပေါင်ဆိုင်နားမှာ လက်နက်အပြည်အစုံနဲ့ လုံထိန်းတွေ တင်ထား တဲ့ ဒိုင်နာကား ခြောက်စီးနဲ့ ပိတ်ပြီးရပ်ထားတယ်။

နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်ကစပြီး လုံထိန်းရဲကားတွေက ဒေါ်စုကို အားပေးထောက်ခံတဲ့ လူအုပ်ကို ၀ိုင်း ထားတယ်။ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေ၊ အရပ်ဝတ်ရဲတွေကလည်း သူတို့ရဲ့ကားတွေ၊ ဆိုင်  ကယ်တွေကို အင်းစိန်ဈေးဘက်အခြမ်းမှာ ရပ်လို့အသင့်အနေအထား နေရာယူထားကြတယ်။

ယာဉ်အမှတ် ၁ ဂ/၂၆၅၆၊  ၁ ဂ/၂၆၅၇၊ ၁ ဂ/၂၅၇၅၊ ၁ ဂ/၂၇၇၄ ၊ ၁ ဂ/ ၂၅၈၂ ၊ ၁ ဂ/၂၅၇၆ နံပါတ်တွေ တပ်ဆင်ထားတဲ့ အပြာရောင် လုံထိန်းရဲကားခြောက်စီးက လူအုပ်နားမှာရပ်ပြီး နှစ်ရာနီးပါး လောက်ရှိတဲ့ ဒေါ်စု ထောက်ခံ အားပေးသူ လူစုလူဝေးကို ခြိမ်းခြောက်တဲ့ပုံစံနဲ့ စောင့်ကြည့်နေတာကိုတွေ့ရတယ်။

လုံထိန်းရဲကားတွေဟာ တနေ့တခြား ဒေါ်စုထောက်ခံအားပေးသူတွေကို ခြိမ်းခြောက်လာနေတယ်။ အရင်က လမ်းမပေါ်မှာ ပဲလှည့်ပြီး အင်အားပြပေမယ့် အခုတော့ လူတွေအနားကို ကပ်ပြီး ရန်လိုတဲ့အကြည့်တွေနဲ့ လုံထိန်း တွေက ကြည့်လာတယ်။

စစ်အစိုးရဘက်တော်သားအရေအတွက်နဲ့နှိုင်းယှဉ်ရင် အလွန်းနည်းပါးလှသည့် နှစ်ရာလောက်သာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူ ပြည်သူတွေကတော့ လုံထိန်းကားတွေအနားမှာ ထိုင်တဲ့သူက ထိုင်ဆဲ၊ ရပ်တဲ့သူကလည်း ရပ်နေဆဲနဲ့ ကြောက်ရွံ့တဲ့အရိပ်အရောင်မပြဘဲ အင်းစိန်ထောင် အကျဉ်းထောင်ထဲက ပြန်ထွက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေကို စောင့်ဆိုင်းနေကြတယ်။

မွန်းလွဲ ၃ နာရီ ၂၀ မိနစ်လောက်မှာတော့ ထိပ်တန်းအပေါင်ဆိုင်ရှေ့မှာ လာရပ်နေတဲ့ လုံထိန်းရဲကားတွေ ပြန်လည် ထွက်ခွာသွားပါတယ်။ ဒါပေမယ့် စွမ်းအားရှင်တွေက အင်းစိန်ဈေးဘက်မှာ ပိုပိုပြီး များလာတယ်။

ဟိုင်းလပ် ကား အစိမ်းရောင်၊ Light Truck ကား အဖြူရောင်တွေနဲ့ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေ ထပ်ပြီးရောက် လာတာကိုလည်း တွေ့ရပါတယ်။

၃ နာရီ ခွဲတဲ့အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေ အင်းစိန်ထောင်တရားရုံးကနေ ပြန်ထွက် မလာသေးပါ ဘူး။

အင်းစိန်ထောင်အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ရှစ်ရက်မြောက်နေ့ တရားရင်ဆိုင်နေသလို အင်းစိန် ထောင်အပြင်ဘက်မှာ လူထုကလည်း ရှစ်ရက်မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာလာရောက် စုဝေးပြီး သူတို့ရဲ့ တစုံ တရာ ဆန္ဒကို ဆက်လက် ဖော်ထုတ်နေသလို တွေ့မြင်ရပါတယ်။

မေ ၂၆ ရက်နေ့ ည ၉ နာရီကျော်လောက်ကတော့ သမိုင်းလမ်းဆုံ၊ မြေနီကုန်း၊ လှည်းတန်း၊ မြောက်ဥက္ကလာ အ၀ိုင်း အပါ အ၀င် ရန်ကုန်မြို့ရဲ့အချက်အချာကျ လမ်းဆုံလမ်းခွတွေမှာ ရဲတွေ၊ စစ်သားတွေ၊ လုံထိန်းတွေနဲ့ စွမ်းအားရှင်တွေ က လုံခြုံရေးအကြောင်းပြချက်နဲ့ သွားလာနေတဲ့ လိုင်းကားတွေ၊ တက္ကစီတွေနဲ့ ခရီးသည်တွေကို အမည်၊ မှတ်ပုံ တင်နံပါတ်၊ နေရပ်လိပ်စာမေးမြန်းပြီး ညအချိန်ခရီးသွားလာရခြင်း အကြောင်းအရင်းတွေကို မေးမြန်း စစ်ဆေးတယ်လို့ ကြုံတွေ့ခဲ့ရတဲ့ လူတွေက ပြောပြကြပါတယ်။

တက္ကစီကားတွေရဲ့ နောက်ဖုံးတွေ၊ ကားအောက်ပိုင်းတွေကို ဓာတ်မီးတွေနဲ့ထိုးပြီး ရှာဖွေစစ်ဆေးသလို လူတွေရဲ့ လက်ထဲမှာကိုင်ထားတဲ့အထုတ်အပိုးတွေကိုလည်း ရှာဖွေစစ်ဆေးပါတယ်။

စစ်မြေပြင် တခုလို လမ်းမတွေပေါ်မှာ ရဲတွေ၊ လုံထိန်းတွေနဲ့ စွမ်းအားရှင်တွေ အပါအ၀င် စစ်အစိုးရ ဘက်သား တွေ ရှုပ်ယှက်ခတ်နေတယ်လို့လည်း ဆိုကြပါတယ်။

ည အချိန်မတော် ခရီးသွားလာရတဲ့ ခရီးသည်တွေ ၊ အငှားယာဉ်မောင်းတွေက အဲဒီလို ပရမ်းပတာ ဆန်တဲ့ လုံခြုံရေး စစ်ဆေးမှုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြတယ်။

“ယာဉ်နံပါတ်၊ မှတ်ပုံတင်နံပါတ်၊ ကားမောင်းသူအမည်၊ ခရီးသည်ကို ဘယ်နေရာကတင်လာတယ်။ ဘယ်ကို ပို့ပေးရမယ် ဆိုတဲ့ မေးခွန်းတွေတသီကြီးမေးတယ်။ ည ၁၀ နာရီလောက်မှာ လမ်းမပေါ်သွားနေတဲ့ကားတွေ အကုန်လုံး အဲဒီလိုအမေးခံရတာ”လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။    ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်