ဆီမီးခွက်အက

ကြွက်စုတ်နှင့် ဖိုးရှုပ်တို့သည် ညနေပိုင်း မှောင်ရီပျိုးစအချိန်တွင် ဒွိုင်ဆူထေ့တောင်ခြေရှိ ချင်းမိုင်ရုက္ခစိုး ၏ နတ်နန်းသို့ မီးခွက်ကိုယ်စီဖြင့် ချီတက်လာကြ၏။ ပါးစပ်မှလည်း“မလာသေးပါလားနော် … ဘယ်ကိုများ ရှောင်ပုန်းနေပါသလဲ” ဟု မတိုးမကျယ် ရေရွတ်လာကြလေသည်။

ရုက္ခစိုး။     ။ ဟေ့ကောင်တွေ …. ဘာတွေဖြစ်နေကြတာလဲကွာ။ ဝါဆိုလပြည့်နေ့ ညကျမှ ဒီဒွိုင်ဆူထေ့ တောင် ကို မီးထုတ်တွေနဲ့ ခြေလျှင်တက်ကြတာကွ။ မင်းတို့ဟာက အချိန်မဟုတ်၊ အခါမဟုတ်ကွာ။ မတော် … မီးလောင်မှဖြင့် ဒွိုင်ဆူထေ့တောကို မြန်မာတွေမီးနဲ့ရှို့တယ်ဆိုပြီး ဟိုးလေးတကျော်ကျာ်ဖြစ်လို့ ဒီမြို့က မြန်မာတွေ ပြေးပေါက်မရှိဖြစ်နေပါဦးမယ်။ အရူးထတယ်ဆိုလည်း ဥပဒေဘောင်ထဲက ထကြပါကွာ။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးက ကျနော်တို့ကို တောမီးလောင်လို့ တောကြောင် လက်ခမောင်းခတ်တယ်လို့ ဆိုချင် တာလား။ လက်ရှိ ထိုင်းနိုင်ငံ အစိုးရမရှိဘူးဆိုပေမယ့် ကျုပ်တို့မြန်မာပြည်နဲ့ယှဉ်ကြည့်ရင် အလတ်ကြီးပါဗျာ။ သူ့တို့ရဲ့ နိုင်ငံရေးပြဿနာကြောင့် ဒီတိုင်းပြည် ခရီးသွားလုပ်ငန်းကျဆင်းပြီး စီပွားရေးထိခိုက်ရတယ်ဆိုပေ မယ့် ၂၀၀၈ ခုနှစ်ကတော့ ချင်းမိုင်မြို့ရဲ့ ခရီးသွားနှစ်ပါဗျ။

ရုက္ခစိုး။     ။ ဟေ့ကောင် …. ဘန်ကောက်က လေယာဉ်ကွင်းတွေဆင်းမရလို့ ချင်းမိုင်မှာ ခရီးသည် တွေ လာပြီးသောင်တင်တာတော့ ဟုတ်ပါရဲ့ … ဘယ်လိုလုပ်ခရီးသွားနှစ်ဖြစ်မှာလဲကွ။

ကြွက်စုတ်။     ။ ဒါကတော့ဗျာ … ဦးရုက္ခစိုးက သူများလှူ တာယူ၊ အဲဒီလူတွေတောင်းသမျှဆုကို ပေးသင့် မှန်း မသိ၊ မပေးသင့်မှန်းမသိနဲ့ “အိမ်း … ပြည့်စေ” တခွန်းတည်းနဲ့ ဒီညောင်ပင်မှာ ရပ်တည်နေတာဆိုတော့ လူမှုရေးရာတွေကို ဘယ်နားလည်ပါ့မလဲ။ ဥပမာဗျာ - ကျနော်တို့ဆိုရင်ကြည့် ဒီမြို့ကို အလည်အပတ် ခရီး ထွက်လာတဲ့သူ တယောက်မှမပါဘူး။ အခန့်မသင့်လို့ ဒီမှာလာ သောင်တင်နေကြတာ။ ဒီမြို့မှာနေနေရတော့ လည်း ကျနော်တို့ရဲ့ ဒီက နေစရိတ်၊ စားစရိတ်တွေက ဒီမြို့သားတွေ စီးပွားဖြစ်ကြတာပဲ မဟုတ်လား။

ဖိုးရှုပ်။     ။ ပြောလိုက်စမ်းပါကြွက်စုတ်ရာ။

ရုက္ခစိုး။     ။ ဒါတော့ထားပါတော့ကွာ … ငါ့အထင်ပြောရရင်တော့ ဒီမြို့သားတွေထက် ဒီမြို့က အရက်ဆိုင် တွေ စီးပွားပိုဖြစ်မယ်ထင်တာပဲ။ ဒါနဲ့ မင်းတို့က အချိန်အခါမဟုတ် မီးခွက်ကိုယ်စီနဲ့ ဘာအရူးထလာကြတာလဲ  ကွ။ မီးဘေးရှောင် မလောင်ခင်ကတားရမယ်ဆိုတာ နားမလည်ကြဘူးလား။ ပြီးခဲ့တဲ့အပတ်က မော်လမြိုင် ဈေး မီးလောင်တာ မှောင်ခိုပစ္စည်းတွေ … အဲအဲ … ဆိုင်ခန်းတွေ ကုန်ပါရောလား။

ဖိုးရှုပ်။     ။ ကြွက်စုတ်ရေ … အဲဒါလည်း မင်းပဲ ရှင်းပြလိုက်ပါကွာ။

ယနေ့အဖို့တော့ အရှုပ်ကောင်နှင့် ကြွက်စုတ်ကြွက်နာတို့ အတိုင်အဖောက် အလွန်ညီနေကြသည်။ ဘယ်ဆိုင် တွင် နားလည်မှု ရခဲ့ကြသည်မသိ။ ရုက္ခစိုးကြီးကတော့ ၎င်းတို့နှစ်ဦး နှိပ်ကွပ်သမျှ ခံရတော့မည်ပင်။

ကြွက်စုတ်။     ။ ဦးရုက္ခစိုးကဗျာ … မော်ဒန်ခတ်ကြီးထဲမှာ အော်လ်တာမသိ၊ ရော့ခ်ကာမသိ၊ မော်တာမသိနဲ့ သိပ်အောက်တာပဲ။ ကျနော်တို့ မီးခွက်ထွန်းပြီးချီတက်လာတာ တောမီးရှို့ဖို့လည်းမဟုတ်ဘူး၊ တောကြောင် ဖမ်းဖို့လည်း မဟုတ်းဘူးဗျ။ အဲဒါ … ပါဖောမင့်အတ်… ပါဖောမင့်အတ်။

ရုက္ခစိုး။     ။ သြော် … ပါဖောမင့်အတ်လား၊ ဟားဟားဟား ငါ့ကောင်တွေ ဆေးမှားသောက်ခဲ့ကြပြီလားကွ။ လင်းစမ်းပါဦး မင်းတို့ ပါဖောမင့်အတ်ရဲ့အဓိပ္ပာယ်ကို။

ကြွက်စုတ်။     ။ ပါဖောမင့်အတ် ဆိုတာက လူပိန်း … အဲ အဲ နတ်ပိန်း နားလည်အောင်ပြောရမယ်ဆိုရင် …

ရုက္ခစိုး။     ။ ဟေ့ကောင် ကြွက်စုတ် … ပါဖောမင့်အတ်ဆိုတာ ကိုယ်တင်ပြချင်တာကို ပါးစပ်ကတိုက်ရိုက် မပြောဘဲ အမူအရာတွေနဲ့ လူတွေချက်ချင်းနားမလည်အောင် အမူအရာနဲ့ သရုပ်ဖော်တယ်ဆိုတာ ငါသိ တယ်။ အခုငါမရှင်းတာက မင်းတို့နှစ်ကောင် မီးခွက်ကိုယ်စီနဲ့ကိစ္စကို ဘာအဓိပ္ပာယ်လဲလို့ မေးနေတာ။

ဖိုးရှုပ်။     ။ ဒါကတော့ ဦးရုက္ခစိုးရယ် … ဖြန့်ကြက်တွေးခေါ်တတ်ဖို့လိုတယ်ဗျ။ အခုကြွက်စုတ်ကိုပဲကြည့် … ဆောင်းကာလ ချမ်းချမ်းဆီးဆီးထဲမှာ စတိုင်ထုတ်ပြီးဘောင်းဘီတိုဝတ်လာတယ်လို့မစဉ်းစားဘဲ ချမ်းချမ်း ဆီးဆီးအချိန်ကြီးမှာ သူ့ခမျာ တခြားခိုအောင်းစရာနေရာမရှိလို့ ဘောင်းဘီတိုလေးထဲ ဝင်ခိုနေရရှာတယ်လို့ စဉ်းစားတတ်ဖို့လည်း လိုတာပေါ့ဗျာ။

ရုက္ခစိုး။     ။ မင်းတို့ကွာ ငါ့ကို စာအုပ်ထဲကအကြောင်းတွေလာမပြောနဲ့ ငါဆိုတဲ့ကောင်က ဗုဒ္ဓတရားတော် တွေ ကစပြီး ဈေးအိမ်သာနံရံမှာ လက်ကမြင်းသွားတဲ့စာမျိုးကအစ ဖတ်တဲ့ကောင်ကွ။

ကြွက်စုတ်။     ။ ဒါဆို ဦးရုက္ခစိုး … မြန်မာပြည်က ဘောင်းဘီဝတ်များနှင့် စကားပြောခြင်းဆိုတဲ့ စာအုပ်ဖတ် ဖူးလား။

ရုက္ခစိုး။     ။ ဟေ့ကောင် … ငါတို့အခုပြောနေတာ ဒိုင်ယာလော့ကိစ္စမဟုတ်ဘူး မင်းတို့နှစ်ကောင် မီးခွက် ထွန်းတဲ့အကြောင်းပြောနေတာ။ အခုပြောနေတာ မင်းတို့ရဲ့ ပါဖောမင့်အတ်ကို ပြောနေတာကွ။

ဖိုးရှုပ်။     ။ ကဲပါကြွက်စုတ်ရာ ငါတို့တွေ ဘာ့ကြောင့် မီးခွက်ထွန်းပြီး ပါဖောမင့်အတ် လုပ်တယ်ဆိုတာကို တဲ့သာ ပြောလိုက်ပါတော့ကွာ။

ရုက္ခစိုး။     ။ မင်းတို့သိထားရမှာက ဒီနေရာဟာ သာသနာ့နယ်မြေနော် မီးခွက်မှုတ်တဲ့အကြောင်းတွေဆိုရင်တော့ ရပ်တန်းကသာ ရပ်လိုက်တော့။ ဒါမျိုးတွေ ငါနားမထောင်ချင်ဘူး … သိလည်း မသိချင်ဘူး။

ကြွက်စုတ်။     ။ ဒါတော့ ရုက္ခစိုး ဈာန်လျှောမှာ ကြောက်လို့နေမှာပေါ့။ စိတ်ချ … မီးခွက်မှုတ်တဲ့အကြောင်း မပြောပါဘူးဗျ။ ကျနော်တို့ ပါဖောမင့်အတ်က မီးခွက်မှုတ်တာထက် ပိုကျယ်ပြန့်ပါတယ်ဗျ။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးက လက်ရှိသတင်းကိုမသိတော့ ဒိုင်ယာလော့တွေပါ … မီးခွက်မှုတ်တာတွေပါနဲ့ ရှည်ရှည်ဝေးဝေးတွေ လိုက်စဉ်းစားနေတာပေါ့။ ကျနော်တို့ အတ် က လက်ရှိ ရန်ကုန်မှာမီးမလာတာ တလလောက်ရှိပြီ။ အဲဒါကို အတ် လုပ်တာဗျ။ လူတွေမှာ ဖယောင်းတိုင်မီးနဲ့နေရ၊ ဘယ်တော့မှမီးမလာမယ် ဆိုတာမသိလို့ မီးဘယ်တော့လာမယ်ဆိုတာ တောင့်တနေကြတာကို အတ် လုပ်တာဗျ … သိပြီလား။

ရုက္ခစိုး။     ။ ဟေ မီးမလာတာ တလတောင်ရှိပြီလား … ပုံမှန်ကတော့ မိုးတွင်းမှာ မီးအတန်အသင့်မှန်၊ ဆောင်းတွင်းဆို အဲဒီထက်ပိုမှန်၊ နွေခါကျမှ လုံးဝမမှန်လေကွာ။

ကြွက်စုတ်။     ။ ကျနော်တို့ကလည်း ထူးခြားမှုရှိလို့ ပါဖောမင့်အတ် လုပ်ကြတာလေ။ ခုတော့ ဦးရုက္ခစိုးကိုရှင်းပြနေရတာ ကျွဲ ပလာတာကျွေးရသလို ဖြစ်နေတာပေါ့ဗျာ။
 
ရုက္ခစိုး။     ။ ကောင်းကွာ … မင်းတို့နဲ့တွေ့မှပဲ ငါလဲ ကျွဲလုံးလုံးဖြစ်တော့တယ်။ နေပြည်တော်လို လူမနေတဲ့ အရပ်မှာ လျှပ်စစ်မီးတွေထိန်ထိန်ညီးနေပြီး တကယ့် စီးပွားရေးအချက်အချာကျတဲ့ ရန်ကုန်လိုနေရာမျိုးမှာ ဘာလို့များ အဲဒီလောက် မီးပျက်ရတာလဲကွ။

ကြွက်စုတ်။     ။ အဲဒါ သိချင်ရင်တော့ လျှပ်စစ်ဝန်ကြီးဌာနကိုသာ ဖုန်းဆက်ပြီးမေးပေတော့။ ကျနော့်အထင် ပြောရရင်တော့ လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ် အမှတ် (၁) နဲ့ အမှတ် (၂) နှစ်ခုကွဲဆိုတော့ ရန်ကုန်ကို လျှပ်စစ်မီးပေးရတာ ခက်နေပုံရပါတယ်။

ရုက္ခစိုး။     ။ ဘာဆိုင်လို့လဲကွ။ ဝန်ကြီးဌာနနှစ်ခုကွဲတာက စီးပွားကွဲတာမှမဟုတ်တာ။ ဌာနနှစ်ခုစလုံးက ဒီအစိုးရအောက်မှာ လုပ်နေကြတာမဟုတ်လား။

ကြွက်စုတ်။     ။ အကျိုးစီးပွားအရ မကွဲပေမယ့်လည်း အယူအဆပိုင်းဆိုင်ရာမှတော့ ကွဲနိုင်တာပေါ့ဗျာ။

ဖိုရှုပ်။    ။ အဲဒါတော့မဟုတ်ဘူးကွ။ ငါက သတင်းသမားဆိုတော့ မင်းတို့ထက် ကြားဖြတ်သတင်းတွေ ရတတ်တာရှိတယ်။ သတင်းတိုထွာလေးတွေပေါ့ကွာ … လက်ရှိရန်ကုန်မြို့ကို အမှောင်ချထားတယ်ဆို တာ သိကြရဲ့လား။

ရုက္ခစိုး။     ။ မင်းသိတယ်ဆိုလဲပြောပြလေကွာ … အရေးထဲ ပါဖောမင့်အတ် လုပ်နေပြန်ပြီ။

ဖိုးရှုပ်။     ။ ဒီတခါတော့ ပါဖောမင့်အတ် မလုပ်ရိုးအမှန်ပါဗျာ။ ကျနော်ကိုယ်တိုင်လဲ ကြားဖြတ်သတင်းမရ သေးလို့ ဘာ့ကြောင့်အမှောင်ချလည်း ဆိုတာ သတင်းယူနေတာပါ။

ရုက္ခစိုး။     ။ ဒါဆိုရင်တော့ မင်းတို့သိအောင် တခုပြောချင်တယ်။ မင်းတို့ကသာ ရန်ကုန်မြို့ မီးမလာတဲ့ကိစ္စ ကို ပါဖောမင့်အတ်တွေ ဘာတွေ လုပ်နေကြတာ အမှန်က ရန်ကုန်မြို့မီးမလာတာ ဖြစ်ရိုးဖြစ်စဉ်ကွ။ လျှပ်စစ် ဝန်ကြီးဌာန ဆယ့်တခုခွဲထားလည်း ရန်ကုန်မြို့ကတော့ ဘယ်တော့မှ မီးမှန်မှာမဟုတ်ဘူး။ တခုတော့ပြော လိုက်မယ် … မင်းတို့ရဲ့ ရန်ကုန် ပါဖောမင့်အတ် ကိုလည်း ကျေးဇူးတင်ပါတယ်ကွာ။ ငါလည်း ငါတို့ရဲ့ နတ် သဘင်အစည်းအဝေးမှာ ရန်ကုန်နဲ့ပတ်သက်ပြီး ရန်ကုန်မှာမီးမလာတာ နတ်ကာလ အပိုင်းအခြားနဲ့ပြောရရင် နှစ်ရာချီ ခဲ့ပြီဆိုတာကို ဆီမီးခွက် အကလေး ကပြရင်း ရီပို့သွားလုပ်လိုက်ဦးမယ်။

ချင်းမိုင်ရုက္ခစိုးကြီးသည် သူကောင်းသားနှစ်ယောက်ကို ပြောပြောဆိုဆိုပင် နတ်သဘင်ဆွေးနွေးပွဲတွင် ဆွေးနွေးရန် အိုင်ဒီရာရကာ ကိုယ်ရောင်ဖျောက် ထွက်ခွာသွားလေတော့သတည်း။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်