ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၂၂၁)

ဖိုးရှုပ်နှင့်ကြွက်စုတ်တို့ ၂ ယောက် ထုံးစံအတိုင်း နေဖင်ထိုးအောင်အိပ်ပြီး မနက်စောစော စာနှင့် နေ့လယ်စာကို ပေါင်းစားရန် ထုံးစံအတိုင်း ဘာစားရင်ကောင်းမလဲ

ငြင်းခုန်နေကြ သည်။ ထိုအချိန်တွင် ….

ရုက္ခစိုး။     ။ ဟေး မင်းတို့ ၂ ကောင် ထုံးစံအတိုင်း ငြင်းနေကြပြန်ပြီလား။

ဖိုးရှုပ်။     ။ ဟုတ်ပါ့ ဦးရုက္ခစိုးရေ။ ဗမာဆိုင်သွားမယ်၊ ထိုင်းဆိုင်သွားမယ်နဲ့ ငြင်းနေကြတာ။ ဗိုက်က တော်တော်ဆာလာပြီ။

ရုက္ခစိုး။     ။ ဒါများကွာ … ဒီလိုအချိန်မှာ အထိမ်းအမှတ် အစားအစာ တခုခု စားသင့် တယ်ကွ။

ကြွက်စုတ်။     ။ ဘယ်လို အထိမ်းအမှတ်စာလဲ ဦးရုက္ခစိုးရဲ့။ လုပ်ပါဦး။

ရုက္ခစိုး။    ။ ဟာ။ မင်းတို့ကောင်တွေ ဒါတောင် မသိကြဘူးလား။ လောလောဆယ် မင်းတို့ စားသင့်တာက ထိုင်းထမင်းကြော် ကွ။ စမတ်ကြီး ဂွမ်းသွားတဲ့ အထိမ်းအမှတ်နဲ့။

ဖိုးရှုပ်။    ။ ဟား ဟုတ်သားပဲ။ ဦးရုက္ခစိုးကြီးပြောမှ သတိရတယ်။ ဟုတ်တယ်ကွ ကြွက်စုတ်။ ဒီအချိန်မှာ အသင့်တော်ဆုံးက ကမ္ဘာကျော် ထိုင်းထမင်းကြော်ပဲ။ ပြောနေတာ ကြာတယ် သွားကြမယ်။ လာ ဦးရုက္ခစိုးပါ လိုက်ခဲ့။

ပြောပြောဆိုဆို ဖိုးရှုပ်က ဦးဆောင်ပြီး နီးရာ ထိုင်းထမင်းဆိုင် တဆိုင်ထဲ ဝင်သွားသဖြင့် ကျန် နှစ်ဦးမှာ ကန့်လန့်ကန့်လန့်နှင့် ပါသွားရတော့သည်။

ဖိုးရှုပ်။    ။ ထိုင်းဝန်ကြီးချုပ်တို့များနော် …. ဟင်းချက်လို့ ရာထူး ပြုတ်ရတယ်တဲ့။ လူကြားလို့မှ မတော်။

ကြွက်စုတ်။     ။ သြော် မင်းကလည်း။ သူ့ခမျာ မချက်ရင် မနေနိုင်တာက လွဲလို့ ဆိုတဲ့ သီချင်းကို ရာထူးမရခင် ကတည်းက ဆိုလာတဲ့ဥစ္စာ။

ရုက္ခစိုး။     ။ အဲဒါပေါ့ကွာ ဝန်ကြီးချုပ်၊ ဝန်ကြီးချုပ်လို တည်တည်တံ့တံ့မှ မနေဘဲ။ တခုတော့ရှိတယ် ဟင်းချက်လို့ ပြုတ်တဲ့ ဝန်ကြီးချုပ် ဆိုတာ ရာဇဝင်မှာ မရှိဘူးနဲ့ တူတယ်ကွ။ ဂင်းနစ် ဘုတ်အုပ်ထဲ ထည့်သင့်တယ်။

ဖိုးရှုပ်။     ။ ဥပဒေနဲ့ ညိစွန်းသွားတာကိုး။ အနေအထိုင်မတတ်မှုပေါ့။ တို့ဝန်ကြီး ချုပ်လိုများ အိနြေ္ဒရရ လေးနေပါတော့လား။ တို့ အကြီးအကဲတွေဆို ဘယ်လောက်အိနြေ္ဒကြီးလဲ ကြည့်။ ဘယ်သူဘာဖြစ်ဖြစ် အေးဆေးပဲ။ မုန်တိုင်းကြောင့် လူတွေ ဒုက္ခ ရောက်လည်း အေးဆေးပဲ။ တိုင်းပြည်တပြည်လုံး ငတ်နေလည်း အေးဆေးပဲ။

ကြွက်စုတ်။     ။ ဟုတ်ပါ့။ ထိုင်းမှာ နည်းနည်းပါးပါး ဆန္ဒပြရုံရှိသေးတယ်။ သူတို့ အိနြေ္ဒက ပျက်နေပြီ။ တို့ဆီမှာဆို အဲလို နည်းနည်း ဆူပူတယ် ကြားတာနဲ့ ဘာမှအိနြေ္ဒ မပျက်ဘူး။ သူတို့လက်ထဲက သေနတ် ကလေး ခလုတ်ဆွဲလိုက်ရုံပဲ။ ဟော ဘုန်းကြီးတွေကို ရိုက်တာ နှက်တာတောင် အိနြေ္ဒပျက်လို့လား။

ရုက္ခစိုး။    ။ အေး မင်းတို့ပြောတာတွေ ဟုတ်တယ်ကွ။ အိနြေ္ဒ ရတယ်ဆိုလို့ တနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ရဲချုပ်နဲ့ ပြန်ကြားရေးဝန်ကြီးတို့ အိနြေ္ဒရချက်ကတော့ကွာ။

ဖိုးရှုပ်။    ။ ဦးရုက္ခစိုး ရောက်ခဲ့လို့လား။

ရုက္ခစိုး။     ။ ရောက်တော့ ဘယ်ရောက်မလဲကွ။ ဒါပေမယ့် ငါကနတ်ပဲ သိတာပေါ့။

ကြွက်စုတ်။     ။ အံမာ တမူးက ပိုရှူချင်ပြန်ပြီ။ နတ်မဟုတ်လည်း သတင်းစာဖတ်ကြည့် သိပါတယ်ဗျာ။ ကျုပ် အကုန်ဖတ်ပြီးပြီ။

ဖိုးရှုပ်။    ။ မင်းကလည်းကွာ သတင်းစာက ထည့်ချင်တာပဲထည့်ပြီး မထည့်တာတွေကျ မင်းက သိတာကျနေတာပဲ။ ဦးရုက္ခစိုး သူ့ဟာသူမြင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ပြောပါဦးဗျ။ ဘယ်လို အိနြေ္ဒရလဲဆိုတာ။

ရုက္ခစိုး။     ။ ဒီလိုလေကွာ။ သူတို့ တည်ငြိမ် အိနြေ္ဒရပုံက စာဖွဲ့လောက်တယ်ကွ။ မေးသမျှကို လွှဲလွှဲပြီး လိုရင်းမရောက် အောင်ကို ဖြေသွားတာ။ သူတို့ လုပ်ချင်တာတွေ လုပ်ထားသမျှကို ဥပဒေနဲ့ အညီဆိုတာထဲ ဆွဲထည့်သွားတာများ မင်းတို့ ဒီလိုဖြေတတ်အောင် နမူနာယူသင့်တယ်။

ကြွက်စုတ်။     ။ ဒီကိစ္စတွေအားလုံးက အွန်ဂိုးရင်းကေ့စ်ပါ ဦးရုက္ခစိုးရယ်။ သတင်း ထောက်တွေ ဖမ်းထားတာလည်း ရဲချုပ် အနေနဲ့ ဥပဒေနဲ့ အညီကို အွန်ဂိုးရင်းကေ့စ် တာပါ။ ကိုမင်းကို နိုင်တို့ကို ရုံးထုတ်တဲ့အခါ လက်ထိပ်ခတ်တာလည်း ဥပဒေနဲ့ အညီပါ။ လက်ထိပ်မခတ်ဖို့ တောင်းဆိုရင် တောင်းဆိုတဲ့သူက ဥပဒေကို ချိုးဖောက်ရာကျပါမယ်။

ဖိုးရှုပ်။    ။ ဘယ်လိုကွ။ ဘယ်လို။

ဦးရုက္ခစိုး။    ။ အင်း လုပ်စမ်းပါဦးကွ။ နိုင်ငံခြားသတင်းစာ ဗျူရိုချိတွေ ပြည်တွင်းလာပြီး လေ့လာဖို့ ဗီဇာကိစ္စ။

ကြွက်စုတ်။     ။ ဒါကတော့ စဉ်းစားနေပါတယ်။ ပြန်ကြားရေးဝန်ကြီးအနေနဲ့ အမြဲတမ်းလည်း စဉ်းစားပါတယ်။ စဉ်းပြီးတော့ ကို စားလို့ အောက်သွားတောင် ရှိစရာ မလိုပါဘူး။ သွားကိုက်၊ သွားနာ သက်သာတာပေါ့။

ဖိုးရှုပ်။     ။ ဟာ ကျုပ်နားလည်အောင်လည်းပြောဦးလေ။

ဦးရုက္ခစိုး။     ။ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်နဲ့ နေပြည်တော် တလှည့်စီလုပ်ဖို့ကိစ္စ။

ကြွက်စုတ်။     ။ ဟုတ်ကဲ့။ ဒါကိုလည်း မှတ်သားထားပါမယ်။ ဘုတ်အုပ်ကြီးနဲ့ကို သေချာမှတ်ထား မှာပါ။ လုပ်တာမလုပ်တာ တကဏ္ဍပေါ့။

ဖိုးရှုပ်။     ။ ခင်ဗျားတို့ဟာက ကျုပ်နားရှုပ်ကုန်ပြီဗျ။ ဟေ့ကောင် ကြွက်စုတ် လုပ်ပါဦး။

ကြွက်စုတ်။     ။ အဲဒါပဲ။ မင်းက အိမ်စာမလုပ်လာတာ သိပ်သိသာတယ်။ အသက်ရှည်ချင်ရင် မြန်မာ့အလင်းနဲ့ ကြေးမုံဖတ်ပါ ဆိုတာ မကြားဖူးဘူးလား။

ဖိုးရှုပ်။     ။ ဘာဆိုင်လို့လဲကွ။

ကြွက်စုတ်။      ။ ဆိုင်တာပေါ့။ ရယ်ရလို့လေ။ အမြဲဖတ် မင်း အသက်ရှည်မယ်။

ရုက္ခစိုး။     ။ ဟုတ်ပါ့ကွာ။ ငါဆို နတ်သက် ရှည်သထက်ရှည်မှာစိုးလို့ မဖတ်မိအောင် သတိထားနေရတယ်။

ဖိုးရှုပ်။      ။ အင်း မှတ်သားစရာပဲ။ ဒါကိုလည်း အွန်ဂိုးရင်းကေ့စ် အနေနဲ့ သဘောထားပြီး ကျုပ် စဉ်းစား လိုက်ပါ့မယ်။

ထို့နောက်တွင် သူတို့ ၂ ယောက်နှင့် တပါးတို့ စားသောက်၊ ရှူ (နတ်က အငွေ့ပဲရှူတာ) ထားသမျှ ထိုင်း ထမင်းကြော်ဖိုး များကို ဥပဒေနှင့်အညီ ရှင်းကာ ညကျ ကလပ်သွားမည့် အွန်ဂိုးရင်းကေ့စ်အကြောင်း ဆွေးနွေးရင်း လောလောဆယ် တရေး တမောပြန်အိပ်ဖို့ အတည်ပြုလိုက်ကြလေတော့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်