“လှိုင်လှိုင်ပန်း” ဆေးရုံကြီးပေါ်တွင် ဖြစ်သည် …။ အခန်းအမှတ် ဇီးရိုး ဇီးရိုး ဇီးရိုး (၀၀၀) မြေအောက်ခန်းအတွင်းရှိ အထူးကုသဆောင်တွင် ချိုကုပ်ဒူးကြီးကို မြင်ရသည်မှာ အတော်ပင် မသက်မသာ ရှိလှသည်။ သူ့ဘေးတွင် သူ့မိသားစုအားလုံး ဝိုင်းဝိုင်းလည်နေသည်။ ဦးရုက္ခစိုးက နတ်တို့၏ တန်ခိုးဖြင့် အခန်းထဲ ရုတ်တရက် ဝင်လိုက်သည်။