“ဒေါ်အောင်ဆန်းစုကြည်က အဓိက ခေါင်းဆောင်တဦးအဖြစ် ရှိနေဆဲ”

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် အဓိက ခေါင်းဆောင်းတဦးအဖြစ် ရှိနေဆဲဆိုသည်ကို မြန်မာအာဏာပိုင်များ၏ တုံ့ပြန်မှုများတွင် အထင်အရှားမြင်တွေ့ နေရသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး မာ့ခ် ကန်းနင်းက ပြောလိုက်သည်။

“လုံခြုံရေးအရာရှိတွေဟာ အထင်ကရပုဂ္ဂိုလ်တဦးကို ကြည့်ရှုခွင့်ရဖို့ လည်တံကိုဆန့်ပြီး မျှော်ကြည့်နေပုံကို မြင်ခဲ့ရတာ စိတ်ဝင် စားစရာကောင်းပါတယ်” ဟု သံအမတ်ကြီးက အင်းစိန်ထောင် တရားခွင်သို့ အသွား သူမြင်တွေ့ခဲ့ရပုံကို ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြခဲ့သည်။

သံအမတ်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်ကို တရားစီရင်နေသော တရားခွင်အတွင်းသို့ တတိယမြောက်နေ့တွင် ၀င်ခွင့်ရသော နိုင်ငံတကာရှိသံတမန် ၃၀ ထဲတွင် ပါဝင်ခဲ့သူတဦးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်နှင့် ပတ်သက်၍ ဧရာဝတီမဂ္ဂဇင်းက သံအမတ်ကြီးကို မေးမြန်းခဲ့ပါသည်။

မေး။     ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်အသွားမြင်ရတဲ့ မြင်ကွင်းကို ပြောပြပေးပါ။

ဖြေ။     ။ တရားစီရင်တဲ့နေရာက အင်းစိန်ထောင်အတွင်းမှာ ဖြစ်ပါတယ်။ ကျနော်တို့ကို တရားခွင်အတွင်း တရားစီရင်ပုံကို တနာရီလောက် ကြည့်ရှုခွင့်ပေးပါတယ်။ ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်၊ သူနဲ့အတူ နေကြတဲ့ အဖော်၂ ဦးနဲ့ အမေရိကန်နိုင်ငံသား မစ္စတာ ယက်ထောတို့ကို အတော်လေး အနီးကပ် မြင်တွေ့ခဲ့ပါတယ်။ သူဖြတ်သန်း ခဲ့ရတဲ့အခြေအနေတွေနဲ့ နှိုင်းဆကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးနဲ့ စိတ်ဓာတ်ပိုင်းမှာ ကောင်းမွန် နေတာ တွေ့ရပါတယ်။ သူ့ရဲ့ အသွင်က ခပ်မတ်မတ်ရှိနေပြီး နိုးနိုးကြားကြား ဖြစ်နေပါတယ်။ ပြီးတော့ သူ့ရဲ့ဥပဒေအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ညွှန်ကြားနေခဲ့ပါတယ်။ လုံခြုံရေးအရာရှိတွေဟာ အထင်ကရ ပုဂ္ဂိုလ်တဦးကို ကြည့်ခွင့်ရဖို့ လည်တန်ကိုဆန့်ပြီး မျှော်ကြည့်နေတာ စိတ်ဝင်စားစရာကောင်းပါတယ်။

တရားစီရင်နေတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်း ကျူးကျော်ဝင်ရောက်လာတယ်လို့ အစိုးရ ကတင်ထားတဲ့ ခုအမှုကိစ္စကို အထောက်အပံ့ဖြစ်စေတဲ့ သက်သေခံ ပစ္စည်းတွေ ပြသခြင်းလည်းပါဝင်ပါတယ်။ နောက် ပိုင်းမှာ တရားရုံးနဲ့ မလှမ်းမကမ်းက သူ့ကို ထိန်းသိမ်းထားတဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သံတမန် ၃ ဦးနဲ့ တွေ့ခွင့်ပေးခဲ့ပါတယ်။  

မေး။     ။ အခုတရားစီရင်မှုဟာ မျှတတဲ့တရားစီရင်မှု ဟုတ်ပါရဲ့လား။

ဖြေ။     ။ တရားရုံးရဲ့ အင်္ဂါရပ်နဲ့တော့ အတော်လေးတူပါတယ်။ တရားသူကြီးရယ်၊ တရားခံရယ်၊ တရားစွဲသူရယ် ပေါ့။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက လွန်ခဲ့တဲ့ ၁၆ လအတွင်း နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်ကို ထောင်ချခဲ့တာကို မြင်ခဲ့ရပြီး ဒီအဖြစ်အပျက်ကို မမေ့နိုင်သေးတဲ့ကျနော်တို့က တရားရုံးရဲ့ စီရင်ချက် ဘာဖြစ်လာမလဲဆိုတာကို ခန့်မှန်းလို့ ရနေပါတယ်။

မေး။     ။ သံတမန်တွေကို ဘာကြောင့် ၀င်ခွင့်ပေးခဲ့တယ်လို့ ထင်ပါသလဲ။

ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းကုန်ဆုံးတော့မယ့် အချိန်မှာ ရွေးကောက်ပွဲ ပြီး အတော်ကြာတဲ့အထိ သူ့ကို ချုပ်နှောင်ထားလို့ရတဲ့ အခွင့်အလမ်းကြီးတခု စစ်အစိုးရက အမိအရ ဆုပ်ကိုင်မိသွားတာနဲ့ တူပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံတကာဖိအားတွေ အရမ်းမြင့်တက်လာတာကို ကျနော်တို့တွေ့ခဲ့ရတယ်။ အထူးသဖြင့် အာဆီယံက ထုတ်ပြန်လိုက်တဲ့ ပြင်းထန်တဲ့ကြေညာချက်လိုပေါ့။ အဲ့ဒီထဲမှာ ဖော်ပြထားတာက အာဆီယံဟာ အခုကိစ္စကို အလွန်အမင်း စိုးရိမ်ကြောင်းနဲ့ မြန်မာအစိုးရရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်ထိုက်မှုတွေဟာ စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပြီလို့ ပြောခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံ အများအပြားကလည်း အလားတူပြောဆိုခဲ့ပါတယ်။ ကျနော်တို့ကို တရားခွင်ထဲ ၀င်ခွင့်ပေးလိုက်တာရယ်၊ ဒေါ်စုကို သံတမန်တချို့နဲ့ တွေ့ခွင့်ပေးတာရယ်ဟာ နိုင်ငံတကာရဲ့ဝေဖန်မှု တွေလျော့ပါးသွားဖို့ ရည်ရွယ်တာပါ။

မေး။     ။ သူတို့ရဲ့ရည်ရွယ်ချက် အထမြောက်ခဲ့ပါသလား။

ဖြေ။     ။ ကျနော်တို့ ကြည့်ရမှာပေါ့။ ကျနော်တို့ကို ဒီလိုဝင်ခွင့် ပေးခဲ့တာကိုတော့ ကြိုဆိုကြတာ ထင်ရှားပါတယ်။ ဒါပေမယ့် ကျနော်တို့ကို တနာရီလောက် အင်းစိန်ထောင်ထဲ ၀င်ခွင့်ပေးလိုက်တာက ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ကိစ္စ တရားမ၀င်ဘူးဆိုတဲ့ အခြေခံပြဿနာနဲ့ ပတ်သက်လို့ တိုးတက်မှုတခု ဟုတ်မဟုတ် လူအများရဲ့ စိတ်ထဲမှာ ရှုပ်ထွေးနေဆဲ ရှိနေပါလိမ့်မယ်။ သူ့နေအိမ်ခြံဝန်းထဲကို မဖိတ်ခေါ်ဘဲ ၀င်ရောက်လာမှုရဲ့ အမှန်တရားကတော့ သူ့ကို အကျယ်ချုပ်နဲ့ မထားသင့်တော့ဘူး ဆိုတာပါပဲ။

သူနဲ့ နိုင်ငံအနှံ့မှာ ချုပ်နှောင် ခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးသင့်ပါပြီ။ ဒီကိစ္စကို မဖြေရှင်း သရွေ့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ဆက်လက်ရှိနေပါလိမ့်မယ်။ လူ့အခွင့်အရေးရဲ့ အများလက်ခံတဲ့စံနှုန်းတွေကို ကျင့်သုံးဖို့ကြိုးစားမှုအပါအ၀င် ကိစ္စရပ် အတော်များများမှာ တိုးတက်မှုတွေ ရှိလာအောင် ဒေသတွင်းမှာ ပိုပြီး တိုးမြှင့် လုပ်ဆောင်နေချိန်မှာ မြန်မာနိုင်ငံက ဖြစ်ရပ်တွေက အဲဒီကြိုးပမ်းမှုတွေကို အစွန်းအထင်း မဖြစ်စေသင့်ပါဘူး။ ဒေသတွင်း သတင်းစာတွေမှာ အဲ့ဒီလို သက်ရောက်မှုတွေကို ရေးသားထားတဲ့ အယ်ဒီတာ့အာဘော်နှစ်ပုဒ်ကို ဒီနေ့ပဲ ကျွန်တော် ဖတ်လိုက်ရပါတယ်။

မေး။     ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားချိန်မှာ နိုင်ငံရေးလမ်းပြမြေပုံ၊ ထပ်ခါတလဲလဲတောင်းဆိုနေ ကြတဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တခုနဲ့ လာမယ့်ကာလတွေမှာကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်မိပါ သလဲ။ ခုဖမ်းဆီးမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးလမ်းပြမြေပုံထဲ ပါဝင်ဖို့ ခွင့်မပြုတော့ဘူးဆိုတဲ့ သဘောသက်ရောက်ပါသလား။ လာမယ့် ရွေးကောက်ပွဲအပေါ် ဗြိတိသျှအစိုးရရဲ့ ရပ်တည်ချက်က ဘယ်လိုရှိပါသလဲ။

ဖြေ။     ။ ပြီးခဲ့တဲ့ အပတ်အတွင်း ဖြစ်ပျက်ခဲ့တာတွေဟာ ၂၀၁၀ ပြည့်နှစ်ရဲ့ အသွင်လက္ခဏာတွေကို ရှင်းရှင်းလင်းလင်း နဲ့ နောက်ထပ်တကြိမ် သရုပ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ အစိုးရ အတိုက်အခံ တွေနဲ့ တိုင်းရင်းသား လူမျိုးတွေအကြား အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲ စတင်တာ (ထိုဆွေးနွေးပွဲအတွက် ခွင့်ပြုမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က သူ ကိုယ်တိုင်လုပ်ဆောင်ဖို့ သံန္နိဌာန်ချထားပါတယ်) ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေ ပြုလုပ်တာတွေကို မမြင်ရမခြင်း ရွေးကောက်ပွဲဟာ ယုံကြည်ထိုက်စရာမရှိပါဘူး။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်