ဒေါ်အောင်ဆန်းစုကြည်အရေး လုံခြုံရေးကောင်စီ ဆွေးနွေးသင့်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားရုံးတင်၍ ထောင်ဒဏ် အပြစ်ပေးရန် ကြိုးစားနေခြင်းနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် ဥပဒေရေးရာအကြံပေးပုဂ္ဂိုလ် ဂျားရက် ဂန်ဆာ (Jared Genser) နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။    ။ ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲဆိုတဲ့ အမှုနဲ့ တရားရုံးတင်စစ်ဆေးပုံကို ဥပဒေရေးရာသုံးသပ်ချက်တွေက ဘယ်လိုရှိပါသလဲခင်ဗျာ။

ဖြေ။    ။ ကျနော် သေသေချာချာ ယုံကြည်ထားတဲ့အချက်က အခုအမှုဟာ ခိုင်မာမှုအရရော၊ လုပ်ထုံးလုပ်နည်းအရပါ လုံးဝမှားယွင်းနေတယ်ဆိုတာပါပဲ။ အမှုရဲ့ခိုင်မာမှုကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အားနှောင့်ယှက် ဖျက်ဆီးလိုသူများရန်မှ ကာကွယ်သည့်ဥပဒေရဲ့ ပုဒ်မ ၂၂ အရ သူမကိုနေအိမ်မှာအကျယ်ချုပ် ချထားတဲ့ စည်းကမ်း တွေ ကို ချိုးဖောက်တယ်လို့ စွဲချက်တင်ထားပါတယ်။ ဒါပေမယ့် စစ်အစိုးရဟာ သူမရဲ့နေအိမ်ပတ်လည် လုံခြုံရေး အတွက် တာဝန်ရှိသူ ဖြစ်ပါတယ်။ မစ္စတာ ဂျွန် ယက်ထောဟာ လွန်ခဲ့သောလများစွာကလည်း သူမရဲ့နေအိမ် ခြံဝန်းအတွင်းကို ပထမအကြိမ် ချိုးဖောက်ဝင်ရောက်ခဲ့ပြီး အဲဒီကိစ္စ စစ်အစိုးရထံအကြောင်းကြားခဲ့တာကို ထည့်စဉ်းစားရင် လုံခြုံရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ရန်အလားအလာကို သတိပေးပြီးဖြစ်နေပါတယ်။ စစ်အစိုးရဟာ မစ္စတာယက်ထော ကို နောက် တကြိမ် နိုင်ငံအတွင်း ၀င်ရောက်ခွင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံဝန်းအတွင်း ထပ်မံဝင်ရောက်ခွင့် ပေးခဲ့တာဟာ သူတို့အပေါ်မှာ လုံးဝ တာဝန်ရှိပါတယ်။

လုပ်ထုံးလုပ်နည်းအရကြည့်မယ်ဆိုရင် တရားစီရင်ပုံဟာလည်း လုံးဝမှားယွင်းနေပါတယ်။ တရားစီရင်ပုံနဲ့ပတ်သက်တဲ့ ပြဿနာတွေက ...

၁။    ရှေ့နေ ဦးအောင်သိန်းရဲ့ ရှေ့နေလိုက်ခွင့်လိုင်စင်ကိုရုပ်သိမ်းခြင်းဟာ ဒေါ်စုကို သူမ စိတ်ကြိုက် ရှေ့နေရွေးချယ် ပိုင်ခွင့်ပေးဖို့ ပျက်ကွက်ခဲ့တာပါပဲ။

၂။    တရားရုံးတော်ဆီ ခုခံချေပဖို့အတွက် ပြင်ဆင်ချိန် အလုံအလောက် မပေးခဲ့ပါဘူး။

၃။    လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့၊ အများပြည်သူ ကြားနာခွင့်ရှိတဲ့ တရားစီရင်မှုမျိုး မရှိခဲ့ပါဘူး။  လွတ်လပ်တဲ့ တရားစီရင်မှု မြန်မာနိုင်ငံမှာ မရှိပါဘူး။ တရားသူကြီးတွေဟာ စစ်အစိုးရဆီက ညွန်းကြားချက်တွေ ယူကြရပါတယ်။

၎။    ဒေါ်အောင်ဆန်းစုကြည်ကို သံသယအကျိုးခံစားပိုင်ခွင့် ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။

၅။    ဒေါ်အောင်ဆန်း စုကြည်ကို ထိန်းသိမ်းထားတဲ့ဥပဒေကိုက နိုင်ငံတကာဥပဒေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့က ချမှတ်ခဲ့တဲ့ ဥပဒေ စည်းကမ်း ချက်ကို စစ်အစိုးရက လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်။

မေး။    ။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုတရားစွဲဆိုတဲ့အမှုဟာ သူမကို နေအိမ်မှာအကျယ်ချုပ်ထားတာ ၆ နှစ်ပြည့် တော့မယ့် ဆဲဆဲ နှစ်ပတ်အလိုမှာ ဖြစ်ခဲ့တာပါ။ အခုအမှုဟာ ဥပဒေရေးရာထက် နိုင်ငံရေးအမှုလို့ ထင်မြင်မိပါသလား။

ဖြေ။    ။ ဟုတ်ပါတယ်။ အပြစ်အနာအဆာတွေရှိတဲ့ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နဂို ကတည်းကကြံစည်ထားပြီးဖြစ်တဲ့ ရွေးကောက်ပွဲဆိုတာ သိကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ခုနှစ်ရွေးကောက် ပွဲ ပြီးတဲ့အထိ ဆက်လက်ထိန်းသိမ်းထားချင်တဲ့အတွက် အခုအမှုဟာ အကြောင်းပြချက်တခု ဖြစ်လာတယ်ဆိုတာကို ကျနော် နည်းနည်းလေးမှ သံသယမရှိပါဘူး။

မေး။    ။ မြန်မာ့အလင်းနေ့စဉ်သတင်းစာနဲ့ တခြားအစိုးရသတင်းစာများမှာရေးသားဖော်ပြနေတဲ့ သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အဖော်နှစ်ယောက်ဟာ နိုင်ငံတော်အားနှောင့်ယှက် ဖျက်ဆီးလိုသူများရန်မှ ကာကွယ်သည့် ဥပဒေရဲ့ ပုဒ်မ ၂၂ ကိုချိုးဖောက်တယ်လို့ စွပ်စွဲထားပါတယ်။ အကြောင်းက သူတို့ဟာ ကျူးကျော်ဝင်ရောက်လာတဲ့ အမေရိ ကန်နိုင်ငံသား ဂျွန် ယက်ထောကို အစားအစာနဲ့နေရာထိုင်ခင်းပေးခဲ့လို့ဖြစ်ပါတယ်။ ဒီစွပ်စွဲမှုဟာ မှန်ကန်တယ်လို့ ထင်ပါ သလား။

ဖြေ။    ။ တော်တော့်ကို ရယ်စရာကောင်းတဲ့ စွပ်စွဲချက်ပါပဲ။

မေး။    ။ တရားရုံးက သူမကို ထောင် ၅ နှစ်ထိ ချခဲ့ရင် ဘာတွေလုပ်နိုင်ပါသေးလဲ။

ဖြေ။    ။ သူမကို နိုင်ငံတော်အားနှောင့်ယှက် ဖျက်ဆီးလိုသူများရန်မှ ကာကွယ်သည့်ဥပဒေနဲ့ထောင်ချခဲ့ရင် ဒါဟာ နိုင်ငံတကာ ဥပဒေကိုထပ်မံချိုးဖောက်မှုဖြစ်တယ်။ အဲ့ဒီအတွက် ကုလသမဂ္ဂရဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ကို နောက်ထပ်အမှုတခု ချက်ချင်းထပ်တင်ပါမယ်။ အဲ့ဒါအပြင် မြန်မာနိုင်ငံအခြေအနေကိုဆွေးနွေးဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အရေးပေါ်အစည်းအဝေးခေါ်ဖို့ တောင်းဆိုပါမယ်။

ရှင်းလင်းနေတဲ့အချက်က ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ချလိုက်ခြင်းဟာ ဒေသတွင်းမတည်မငြိမ် ဖြစ်စေရုံ သက်သက် မဟုတ်ဘဲ မြန်မာစစ်အစိုးရဟာ ၂၀၀၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများဆန္ဒပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဌရဲ့တောင်းဆိုချက်တွေကိုလဲ လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်။

အဲဒီတောင်းဆိုချက်တွေထဲက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို စောစီးစွာလွှတ်ပေးဖို့ လုံခြုံ ရေးကောင်စီက တိုက်တွန်းထားပါတယ်။ ဒီတောင်းဆိုချက်ဟာ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိဖို့နဲ့ ဒီမိုကရေစီစနစ်ပြန်လည်ရှင်သန်လာစေပြီး လူသားချင်းစာနာထောက်ထားတဲ့အကူအညီများအတွက် အခွင့်အလမ်းတွေ ပွင့်သွားဖို့ဖြစ်ပါတယ်။ စစ်အစိုးရဟာ လုံခြုံရေးကောင်စီရဲ့ဆန္ဒကိုပစ်ပယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်ထောင် ဒဏ်အပြစ်ပေးမယ်ဆိုပါက ဒါဟာ စစ်အစိုးရကမြန်မာပြည်သူတွေအပေါ်လက်ရှိဖိနှိပ်အုပ်ချုပ် နေမှုတွေရဲ့ သင်္ကေတ လက္ခဏာ ဖြစ်ပါလိမ်မယ့်။ နိုင်ငံတကာငြိမ်ချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက်ကြောင့် လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံ ကိစ္စကို ပြန်လည်ဆောင်ရွက်သင့်ပါတယ်။

မေး။    ။ လူ့အဖွဲ့အစည်းအပေါ်ရာဇ၀တ်မှုကျူးလွန်မှုနဲ့ နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာခုံရုံးမှာ မြန်မာစစ်ခေါင်းဆောင် တွေကို တရားစွဲဖို့ ပြည်ပရှိအတိုက်အခံအဖွဲ့အစည်းတွေက ကြိုးစားနေပါတယ်။ သူတို့ရဲ့အခုလိုလုပ်ဆောင်မှုဟာ မြန်မာ နိုင်ငံမှာ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို အဆုံးသတ်သွားစေဖို့ အောင်မြင်အောင်လုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်းတခု လို့ မြင်ပါသလား။

ဖြေ။    ။ ကျနော့်တဦးတည်း သဘောအရ ပြောမယ်ဆိုရင် မြန်မာနိုင်ငံမှာ လူ့အဖွဲ့အစည်းအပေါ်ရာဇ၀တ်မှုကျူးလွန်မှု တွေရှိ တယ်လို့ ယုံကြည်ပါတယ်။ ဘဖက်မှာလည်း မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာခုံရုံးကို လွှဲပြောင်းပေးအပ်ဖို့ တရုတ်နဲ့ ရုရှားတို့လို ဗီတိုအာဏာသုံးစွဲနိုင်တဲ့နိုင်ငံတွေပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဆွဲဆောင်ဖို့ဆိုတာ စိန်ခေါ်ချက်တခုဖြစ်နေတယ်လို့ ကျနော်ထင်ပါတယ်။

စာဖတ်သူတွေမှတ်မိဦးမယ်ဆိုရင် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလက အဆိုပြုခဲ့တဲ့ မဖြစ်မနေလိုက်နာဖို့ မလိုတဲ့၊ မလိုက်နာပါက အရေးယူဆောင်ရွက်မှုမပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်တရပ်ကို တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ကန့်ကွက်ခဲ့ပါတယ်။ နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာခုံရုံးဖွဲ့စည်းခဲ့တဲ့ ရောမ ပဋိညာဉ်စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ် ထိုးထားတာမရှိတဲ့အတွက် လုံခြုံရေးကောင်စီကလွှဲပြောင်းပေးခြင်းဟာ တခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအဆုံးသတ်သွားဖို့ အကောင်းဆုံးနည်းလမ်းက အမျိုးသားပြန်လည်သင့် မြတ်ရေးရရှိဖို့ ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ အဆုံးမှာတော့ တရားမျှတမှုဆိုတာကို ဘယ်လိုစီရင်ဆုံးဖြတ်မလဲဆိုတာ မြန်မာပြည်သူတွေပေါ်မှာမူတည်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အလွန်ဆိုးဆိုးရွားရွားဖြစ်နေတဲ့အချက်ကို အများသိရှိလာအောင် နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာခုံရုံးကိုလွဲပြောင်းပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဖိအားပေးရေးအတွက် လူ့အခွင့် အရေး ဆိုင်ရာလှုပ်ရှားနေကြတဲ့အဖွဲ့အစည်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်