ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းနှင့် အင်တာဗျူး

မေး။     ။ အန်ကယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို သိချင်ပါတယ်ခင်ဗျ။

 

ဖြေ။     ။ ဟုတ်ပါတယ်၊ တနင်္ဂနွေနေ့ မနက်ပိုင်း ၁၀ နာရီ ၁၁ နာရီ လောက်က သူ့အိမ်မှာဒုတိယအကြိမ် တွေ့တာပါ၊ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ် ကျနေတာနဲ့ ပတ်သက်ပြီးတော့ လိုရင်း ပြောရရင် ဥပဒေကြောင်းအရ အယူခံဖို့ရာ ဆောင်ရွက်နေကြတာဗျ။

သူ့အပေါ်မှာ အရေးယူထားတာက “နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်ခြင်း” ဆိုတဲ့ ဥပဒေ၊ အဲဒီ ဥပဒေ ၁၀ (ခ) နဲ့ အရေးယူခံထားရတဲ့ ပုဂ္ဂိုလ်ဟာ အရေးယူခံထားရတဲ့ ကာလအတွင်းမှာ ဘယ်အချိန်မဆို ပုဒ်မ ၁၉ အရ အယူခံနိုင်တယ်၊ အဲဒီ ပုဒ်မအရ ဒေါ်စုက ကျနော်တို့ကို သြဂုတ် ၈ ရက်နေ့က ဆွေးနွေး ပြီးတော့ အချက် ၅ ချက်ကို ပြန်ကြည့်ပေးပါတဲ့။

(၁) အချက်က အဲဒီ ၁၀ (ခ) အရ သူ့အပေါ်မှာ အရေးယူထားတာဟာ ဥပဒေနဲ့ ညီမညီ ဆိုတာ။ (၂) က သူ့ကို အရေးယူ ထားတဲ့ကာလ၊ သိတဲ့အတိုင်းပဲ ၂၀၀၃ ကနေ အခု ၂၀၀၈၊ ၅ နှစ် တောင်ကျော်ခဲ့ပြီ၊ မေလထဲက ကျော်ပြီ၊ အဲဒါ ဥပဒေနဲ့ ညီသလား မညီ ဘူးလား ဆိုတာ။

တတိယ အချက်က သူနဲ့ အတူနေနေတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ သူ့ သမီးရှိတယ်၊ အိမ်ဖော် သဘောမျိုးတော့ မဟုတ် ဘူး၊ သူ့ကို အဖော်အဖြစ်နဲ့နေတာ၊ သူတို့က ဒေါ်စုနဲ့ တအိမ်တည်းနေပြီး ချက်ရေးပြုတ်ရေးတွေ ဘာတွေလုပ်တယ်။

အဲဒီ ဒေါ်ခင်ခင်ဝင်းတို့ကို သတင်းတပ်ဖွဲ့တွေ ဘာတွေက စည်းကမ်း လေးတွေနဲ့ ထိန်းချုပ်တယ်၊ အဲဒီလို ဖြစ်လာတော့ ဒေါ်စုက ကျနော်တို့ကို မေးမြန်း တာဝန်ပေးထားတာက အခု သူ့အပေါ်မှာ ချမှတ်ထားတဲ့ ၁၀ (ခ) ဆိုတဲ့ ကန့်သတ်မိန့် ၊ တားဆီးမိန့်က ဘာဖြစ်လို့ ဒေါ်ခင်ခင်ဝင်း တို့ကိုသွားပြီး သက်ရောက်တဲ့ သဘောမျိုး ဖြစ်ရသလဲ၊ မဖြစ်သင့်ဘူးပေါ့၊ အမှန်တော့ သူ့ အပေါ်ချတာ၊ ဒေါ်ခင်ခင်ဝင်းတို့အပေါ် ချတာမှမဟုတ်ဘဲ၊ အဲဒါကို မေးတယ်။

မှန်ပါတယ်၊ ဒါကလည်း ရှင်းနေတာပါ၊ ကျနော်တို့ ဥပဒေမှာကိုက ဆိုပါတယ်၊ ဆိုင်တာက အမိန့်က ဗဟိုကချတဲ့ အမိန့် ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ချတဲ့အမိန့်၊ ဒေါ်ခင်ခင်ဝင်းတို့ သူ့သမီးတို့ကို ချတဲ့အမိန့် မဟုတ်ဘူး။

အမှန်စင်စစ် လွတ်လွတ်လပ်လပ် သွားလာနိုင်ရမယ်၊ သို့သော် တဘက်ကလည်း ထောက်လှမ်းရေးပေါ့ဗျာ၊ သတင်း တပ်ဖွဲ့ ပေါ့၊ သူ့မှာလည်း စောင့်ကြည့်ဖို့တော့ တာဝန်ရှိတာပေါ့၊ အဲဒီမှာနည်းနည်းလေး တာဝန်ထမ်းတာက၊ အောက်ပိုင်းက ကျနော် မြင်တာက၊ အခု ပြောပြတဲ့ အပိုင်းမှာ ဒေါ်ခင်ခင်ဝင်း ဆေးခန်းသွားတော့ ဓာတ်ပုံ လိုက်ရိုက်တယ်၊ ဆေးခန်းမှာလည်း ၀င်ပြီး ထိုင်ပြီး စောင့်တယ်၊ အဲဒီ အသေးစိတ် ကလေးတွေကတော့ နည်းနည်းတော့ တွက်ရမှာပေါ့လေ၊ ဒါကို လူငယ်ပိုင်းက အဲဒီ လောက်ထိအောင် တာဝန်ထမ်းသွားတာဟာ လွတ်လပ်တဲ့ နိုင်ငံသားတယောက်ရဲ့ မူလအခွင့်အရေးကို ထိပါးတယ် ဆိုတာ မျိုးကို သူတို့ သတိထားပုံမရဘူး၊ အဲဒီလို ဖြစ်တယ်၊ ကျနော်ကတော့ ညှိပေးနေတယ်။

ဒေါ်စုကလည်း သူ့အတွက်ကြောင့် ဒေါ်ခင်ခင်ဝင်းတို့သားအမိ လူ့အခွင့်အရေး မူလအခွင့်အရေး မဆုံးရှုံးစေချင်ဘူး။

မေး။     ။ အခုလိုတွေ့ဆုံတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်းဆိုချက်အရ တွေ့ရတာလားခင်ဗျ။ တွေ့ဖို့ ကိုရော ဘယ်လို စီစဉ်ပေးလဲ။

ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုချက်အရဆိုတာ မှန်ပါတယ်။ တွေ့ဖို့ကတော့ အက်စ်ဘီက သွားပြီးတော့၊  တွေ့မယ့်ရက်ကြတော့ ဒေါ်ခင်ခင်ဝင်းတို့ကို ဆက်သွယ်တယ်၊ ဒေါ်ခင်ခင်ဝင်းတို့ကို ပြောတယ်၊ ရှေ့နေကို ၀င်ခွင့်ပြုပါပြီ ပေါ့၊ ကျနော် ပထမအကြိမ် ၀င်ခွင့်ပေးတုန်းကတော့ ဗဟန်းမြို့နယ်က တရားသူကြီးတဦး ပါတယ်၊ တခြား ရယကတွေ ဘာတွေတော့ ကျနော်လည်း အသေအချာ မသိဘူး၊ သတင်းတပ်ဖွဲ့က ကျနော့်ကို ဆက်သွယ်တယ်။

မေး။     ။ အခု ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတာနဲ့ ပတ်သက်ပြီး အန်အယ်တို့ ဥပဒေ သမားတွေ အနေနဲ့ ဥပဒေကြောင်းအရ အမြင်ကို သိချင်ပါတယ်။

ဖြေ။     ။ သြော် … အဲဒါက ကျနော်တို့ အယူခံမယ်၊ အယူခံတဲ့ အခါကြတော့ အခု အယူခံလွှာကို ကျနော်နဲ့ ဦးဥာဏ်ဝင်းနဲ့ ရေးနေတယ်၊ အဲဒီလိုရေးနေကြတော့ အယူခံအကြောင်းပြချက်ဆိုတာ ၃-၄-၅ ချက်တော့ ပါမှာပေါ့ဗျာ …။ အဲဒါတွေ ရေးပြီး တော့မှပဲ ပြောပါရစေလား …။ လတ်တလောတော့ ကျနော်တို့ အဆင်သင့် မဖြစ်သေးတော့လေ …။ အဲဒီဟာ ကျနော်တို့က ရေးပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ဒါ ထုံးစံအတိုင်းပေါ့ဗျာ ...။ တင်ပြရမှာပေါ့ဗျာ …။ ပြင်ချင်တာတို့ ဖြည့်ချင် တာတို့ လုပ်ရမှာပေါ့…။

မေး။     ။ အခုလို အန်ကယ်တို့ စီစဉ်တာကတော့ ဥပဒေလမ်းကြောင်းအရ ဥပဒေနဲ့အညီပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ အရေးယူထားတာကိုရော ဥပဒေနဲ့ ညီတယ်လို့ အန်ကယ်တို့ ယူဆထားပါသလား …။ 

ဖြေ။     ။ အဲဒါကို ကျနော်တို့ ပြောလို့ မဖြစ်သေးဘူး၊ ပြောလို့လည်း မသင့်သေးဘူး၊ ဘာလို့လည်းဆိုတော့ သိတဲ့အတိုင်းပဲ ရှေ့နေလောကကတော့ ဟိုက်ကုတ်ကို တင်ပြီ၊ သို့မဟုတ် တိုင်းတရားရုံးကို၊ ဘယ်ရုံးဖြစ်ဖြစ် တင်ပြီးတော့ အလားအလာတို့ ဘာတို့ လျှောက်ပြောရင် တဘက်မှာ တရားရုံးကို စော်ကားသလို ဖြစ်မှာလည်း ရှိတယ်။

မေး။     ။ အခုက ဒီအယူခံလွှာက ဘယ်ကို တင်ရမှာလဲ ခင်ဗျ။

ဖြေ။     ။ အခု အယူခံက ဘယ်ကို တင်ရမှာလည်းဆိုတော့ အစိုးရအဖွဲ့ကိုပါ၊ အင်္ဂလိပ်လိုကတော့ Council of Ministers တဲ့၊ အစိုးရအဖွဲ့ဆိုတော့ ကက်ဘိနက်ပဲ၊ ဟိုတုန်းက ၀န်ကြီးအဖွဲ့ဗျ၊ အခု အစိုးရအဖွဲ့လို့ ခေါ်တာ၊ တနည်းအားဖြင့် ပြောရင် နေပြည်တော် သွားပြီးတင်ရမှာပါ …။

မေး။     ။ အခုအယူခံက အဆင်မပြေခဲ့ရင် ဘယ်လိုဆက်လက် ဆောင်ရွက်ဖို့ ရှိပါလဲ ခင်ဗျ။

ဖြေ။     ။ အဲဒါဖြင့်တော့ မပြောတတ်သေးဘူးဗျ၊ အဲဒီအပိုင်းကတော့ ကျနော်တို့လည်း ကြည့်သေးတာပေါ့။

မေး။     ။ အန်ကယ်တို့ သွားတွေ့တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိလဲ ခင်ဗျ။

ဖြေ။     ။ ကျနော်မြင်ရသလောက်တော့ ကောင်းပါတယ်၊ စိတ်ဓာတ်အားဖြင့်ကို ကောင်းပါတယ်၊ တကယ့် Physical ကျန်းမာ ရေးကတော့ အဲဒီနေ့က ဒေါက်တာတင်မျိုးဝင်း ၀င်ပြီးဆေးစစ်ခွင့်ရသွားပြီလေ။ ဆေးစစ်ခွင့်ရသွားတော့ ဆရာတင်မျိုးဝင်းက ပိုပြီးပြောနိုင်မှာပါ။ ကျနော်တို့ အမြင်အားဖြင့်တော့ စိတ်ဓာတ်အားဖြင့် ကောင်းတယ်လို့ မြင်ရပါတယ်။     ။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်