သင်္ကြန် အမှတ်တရ ခံစားချက်များ

၂၀၁၁ သင်္ကြန်ကာလအတွင်း မြန်မာပြည်မှ အနုပညာရှင်တချို့တို့၏ လှုပ်ရှားမှု၊ မြန်မာ့ရိုးရာ အတာသင်္ကြန် အပေါ် အမြင်နှင့် သင်္ကြန်ခံစားချက်တို့အား ဧရာဝတီ သတင်းထောက် နရီလင်းလက်က ဆက်သွယ် မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

01သြရသ (တေးရေး၊ တေးဆို)

မေး ။   ။ ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲ။

ဖြေ ။   ။ ကျနော် သင်္ကြန် ၄ ရက်စလုံး နေပြည်တော်မှာ သွားဖျော်ဖြေရမယ်။ မဏ္ဍပ် တခုတည်းမှာပဲ ရှိနေမယ်။ အခုလော လောဆယ်တော့ ဘယ်မဏ္ဍပ်မှာ ရှိနေမလဲဆိုတာတော့ သေချာ မသိသေးဘူးဗျ။ 

မေး ။   ။ သင်္ကြန်ရောက်လာရင် သြရသရဲ့ ခံစားချက်က။

ဖြေ ။  ။ သင်္ကြန်မတိုင်ခင်လေးမှာပဲ သင်္ကြန်မိုးရွာသွားတယ်။ ဘာကြောင့်မှန်းမသိပေမယ့် ပျော်သွားတယ်။ မြန်မာ့အတာ ရေသဘင်ပွဲဆိုတာ နိုင်ငံတိုင်းမှာ လည်းမရှိတော့ ထူးဆန်းတယ်လေ။ ကျနော်ကတော့ သင်္ကြန် ကာလလေးကို ကြိုက်တယ်။

မေး ။  ။ မှတ်မှတ် ရရ သင်္ကြန်အဖြစ်အပျက်ရှိရင်ပြောပြပေးပါဦး။

ဖြေ ။ ။  ၉ တန်း တုန်းက သင်္ကြန်ကို လည်ချင်ပတ်ချင် ကဲချင်တာ နောက်ဆုံး မဟာစည်သာသနာ့ ရိပ်သာမှာ ဘုန်းကြီး ၀တ်လိုက်ရတာ အမှတ်တရပဲ။ ဘုန်းကြီးကျောင်းထဲကနေ သူများတွေ သင်္ကြန်ရေပက်တာကို ကြည့်နေတာပေါ့။

မေး ။  ။ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ သင်္ကြန်နဲ့ အခု သင်္ကြန် ဘာတွေ ကွာခြားသွားတယ်လို့ မြင်လဲ။

ဖြေ ။  ။ မတူတော့ဘူး။ ခေတ်ကလည်း ပြောင်းလဲသွားပြီဆိုတော့ အများကြီးကွာခြားသွားတယ်။  သီချင်းတွေက အစပေါ့။ လွမ်းလွမ်းဆွေးဆွေးအေးအေးတွေ သိပ်မကြိုက်တော့ဘဲ၊ မြူးမယ် ဟော့မယ် စကားလုံးတွေ ထိမယ်ဆို ကြိုက်မယ်ပေါ့။ ဒီဘက်ခေတ်က  ဂလိုဘယ်ခေတ်ဆန်လာတော့ မတူတော့ဘူးပေါ့။

01ချမ်းချမ်း (အဆိုတော်၊ မော်ဒယ်လ်)

မေး ။  ။  ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲ။

ဖြေ ။  ။ ဒီနှစ် သင်္ကြန် မန္တလေး Alpine မဏ္ဍပ်မှာ ၄ ရက်စလုံးရှိပါမယ်။

မေး ။   ။ သင်္ကြန်ရောက်လာရင် ချမ်းချမ်းရဲ့ ခံစားချက်က။

ဖြေ ။  ။ သင်္ကြန်က တနှစ်မှ တခေါက်ဆိုတော့ ပျော်တာပေါ့။ နောက်ပြီး ညီမ တို့ကကျတော့ တနှစ်တခါနေရာမျိုးစုံ သွား ဖျော်ဖြေတာတွေရှိတော့ မရိုးနိုင်ဘူးပေါ့။

မေး ။  ။ မှတ်မှတ် ရရ သင်္ကြန်အဖြစ်အပျက်ရှိရင်ပြောပြပေးပါဦး။

ဖြေ ။  ။ ၂၀၀၈ တုန်းကတော့ ပထမဆုံး Alpine မှာ မဏ္ဍပ်စထိုင်ဖူးတာ။  အဲဒါ အမှတ်တရလေးပေါ့။

မေး ။   ။ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ သင်္ကြန်နဲ့ အခု သင်္ကြန် ဘာတွေ ကွာခြားသွားတယ်လို့ မြင်လဲ။

ဖြေ ။   ။ အရင်တုန်းကတော့ ကိုယ့်ဘာသာကိုယ် လျှောက်လည်မယ် ပျော်မယ်ပေါ့။. အခုကတော့ သင်္ကြန် လိုက်ဖျော်ဖြေ တာတွေရှိလာတာ ပရိသတ်နဲ့ တူတူပျော်ရတာမျိုးတွေတော့ ကွာသွားတာပေါ့။

အေသင်ချိုဆွေ (အဆိုတော်၊ သရုပ်ဆောင်)

မေး ။  ။  ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲ။

ဖြေ ။  ။ သင်္ကြန် ၄ ရက်စလုံး မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာရှိပါမယ်။

မေး ။   ။ သင်္ကြန်ရောက်လာရင် အေသင်ရဲ့ ခံစားချက်က။

ဖြေ ။   ။ သူများတွေနဲ့ ထပ်တူ ပျော်ပါတယ်။

မေး ။  ။ သင်္ကြန် နဲ့ ပတ်သက်ပြီး အမှတ်တရရှိခဲ့ဖူးလား။ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ သင်္ကြန်နဲ့ အခု သင်္ကြန် ဘာတွေ ကွာခြားသွားတယ်လို့ မြင်လဲ။

ဖြေ။  ။ အမှတ်တရ အဖြစ်အပျက်ကတော့ မရှိခဲ့ဘူး။ ကွာသွားတာ တခုကတော့ အဆိုတော်ဖြစ်သွားပြီဆိုတော့ ဖျော်ဖြေပွဲတွေ ပဲ သွားရတာပေါ့။

01ဟဲလေး (အဆိုတော်)

မေး ။   ။ ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲ။

ဖြေ ။   ။ သင်္ကြန် ၄ ရက်စလုံး မန္တလေး Alpine မဏ္ဍပ်မှာ ရှိပါမယ်။ ကျနော်နဲ့ အတူ Rဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြူဖြူကျော်သိန်း၊ ထွန်းအိန္ဒြာဗိုလ်၊ ချမ်းချမ်း၊ ၀ိုင်းဆုခိုင်သိန်းတို့လည်း ဖျော်ဖြေပွဲမှာပါမယ်။

မေး ။  ။ သင်္ကြန်အပေါ် ဟဲလေး ခံစားချက်က။

ဖြေ ။ ။  ငယ်ငယ်ကတည်းက သီချင်းဆိုချင်တော့ မဏ္ဍပ်ပေါ်မှာ ဖျော်ဖြေရရင်ကို ပျော်နေတာ။

မေး ။  ။ မှတ်မှတ် ရရ သင်္ကြန်အဖြစ်အပျက်ရှိရင်ပြောပြပေးပါဦး။

ဖြေ ။  ။ ဒီနှစ်ကတော့ အမှတ်တရ ပိုဖြစ်မယ်ထင်တယ်။ အရင်တုန်းနှစ်ကဆို ကျနော့်ရယ် ကျနော် အမျိုးသမီးရယ် သွားနေ ကျကနေ ဒီနှစ်ကတော့ သားလေးပါပါမယ်ဆိုတော့ ပိုအမှတ်တရဖြစ်တာပေါ့။

မေး ။   ။ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ သင်္ကြန်နဲ့ အခု သင်္ကြန် ဘာတွေ ကွာခြားသွားတယ်လို့ မြင်လဲ။

ဖြေ ။  ။ ၀တ်တဲ့ စားတဲ့ ဖက်ရှင်လေးတွေ ပြောင်းလာတယ်။ ဒီဘက်ခေတ်က သီချင်းတွေ ဘယ်လိုပဲ ပြောင်းလာပြောင်းလာ ဟိုးအရင်တုန်းက သင်္ကြန်မိုးသီချင်းကိုတော့မမီဘူးပေါ့။ ဒီသီချင်းကတော့ ဘယ်လို မှ ရိုးသွားမှာမဟုတ်ဘူးပေါ့နော်။

01အိမ့်ချစ် (အဆိုတော်)

မေး ။   ။ ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲ။

ဖြေ ။  ။ သင်္ကြန် ၄ ရက်လုံး ချောင်းသာမှာ ACE ဆောက်လုပ်ရေးကုမ္ပဏီက လုပ်မယ့် မဏ္ဍပ်မှာ သွားဆိုဖြစ်ပါမယ်။

ညီမ နဲ့ အတူ L လွန်းဝါ၊ မိုးမိုး၊ နောနော်၊ ထူးအယ်လင်း၊ ဟက်ကက်၊ ခင်ဘုဏ်း၊ မီးမီးဂဲလ် တို့ ပါမယ်။

မေး ။  ။ သင်္ကြန်ရောက်လာရင် အိမ့်ချစ်ရဲ့ ခံစားချက်က။

ဖြေ ။  ။ သင်္ကြန်ဆိုရင်တော့ ညီမ တခြားရက်တွေ တခြားပွဲတော်တွေထက်ပိုပျော်ပါတယ်။

မေး ။  ။ မှတ်မှတ် ရရ သင်္ကြန်အဖြစ်အပျက်ရှိရင်ပြောပြပေးပါဦး။

ဖြေ ။  ။ ငယ်ငယ်တုန်းကဆို အစ်ကိုတွေက မဏ္ဍပ်ထိုးတော့ အဲဒီအရွယ် ကတည်းကမဏ္ဍပ်ထိုင်ရတယ်၊ ရေပက်ရတယ်၊ ငယ် ငယ်တုန်းက နေ့တွေကို သတိရတယ်။ အသက် ၁၃ နှစ်မှာ သီချင်း စဆို တော့ အဲဒီအရွယ်ကနေ အခုချိန်ထိ မဏ္ဍပ်တွေမှာ လိုက်ဖျော်ဖြေတာလုပ်တော့ ရေပက်ခံထွက်တာ၊ ရေပက်တာမျိုး လုပ်လို့ မရဘူးပေါ့။ ဟိုးအရင် ကလေးဘ၀က အစ်ကိုတွေ၊ အစ်မတွေနဲ့ မဏ္ဍပ်မှာ ကကြတာ ရေကစားခဲ့တာ၊ ပျော်ခဲ့ရတာကို ပြန်သတိရတယ်။

မေး ။  ။ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ သင်္ကြန်နဲ့ အခု သင်္ကြန် ဘာတွေ ကွာခြားသွားတယ်လို့ မြင်လဲ။

ဖြေ ။  ။ အများကြီး တိုးတက်ပြောင်းလဲလာတယ်။ အရင်တုန်းက ရေခွက်နဲ့ပက် အုန်းလက်နဲ့ ထိုးတဲ့ မဏ္ဍပ်ကနေ ပြောင်းလဲ လာတာမျိုး၊ ဒါမျိုးတွေကို သဘောကျတယ်။ ဒါပေမယ့် အန္တရာယ်ဖြစ်တဲ့ အခြေအနေမျိုးတော့ မဖြစ်စေချင်ဘူး။ သင်္ကြန်ဆိုတာ လွတ်လွတ်လပ်လပ် ပျော်မြူးခွင့်ရတဲ့ သင်္ကြန်ပေါ့။ အခု မိဘတွေ ဆိုရင် သားသမီးတွေကို စိတ်ပူရတယ်။ ကျန်တာ ခေတ်နဲ့ အညီဖြစ်လာတာကို အများကြီးသဘောကျတယ်။ အဲဒီလိုမျိုးမှာ စိတ်ပူရတဲ့၊ အန္တရာယ်ဖြစ်စေတဲ့ အရာတွေပြောင်းလဲ လာ တာမျိုးတော့ မဖြစ်စေချင်ဘူး။ လွတ်လွတ်လပ်လပ်၊ စိတ်ချမ်းချမ်းသာသာနဲ့ပဲ လူငယ်၊ လူကြီးတွေကို ပျော်စေချင်တယ်။

01စန္ဒီမြင့်လွင် (အဆိုတော်၊ သရုပ်ဆောင်)

မေး ။   ။ ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲ။

ဖြေ ။   ။ သင်္ကြန် ၄ ရက် စလုံး နေပြည်တော် အမရာ ဟိုတယ်က လုပ်တဲ့  အမရာ မဏ္ဍပ်မှာ ဖျော်ဖြေဖို့ ရှိပါတယ်။

မေး ။   ။ သင်္ကြန်ရောက်လာရင် စန္ဒီမြင့်လွင်ရဲ့ ခံစားချက်က။

ဖြေ ။  ။ သင်္ကြန်ရောက်လာပြီ ဆိုတာနဲ့ အလိုလို ပျော်တယ်။

မေး ။   ။ မှတ်မှတ် ရရ သင်္ကြန်အဖြစ်အပျက်နဲ့ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်ဘာတွေ ကွာသွားတယ်မြင်မိလဲ။

ဖြေ ။   ။ ထူးထူးခြားခြားကြီးတော့ မရှိပါဘူး။ တနှစ်တခါပြီး တနှစ်၊ တမျိုးပြီး တမျိုးတိုးတက်လာတာ တွေ့ရတယ်။

01ရသ (တေးရေး၊ တေးဆို)

မေး ။   ။ ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲ။ ဘာတွေ လုပ်မလဲ။

ဖြေ ။   ။ အိမ်က မိသားစုနဲ့ ရွှေတိဂုံဘုရားသွားမယ် နေ့လယ် ကားရှင်းတဲ့ အချိန် အိမ်ပြန်လာပြီး သင်္ကြန်တတွင်းလုံး အိမ်မှာပဲ စာဖတ်ဖို့ ရှိတယ်။

မေး ။  ။ သင်္ကြန်ရောက်လာရင် ရသရဲ့ ခံစားချက်က။

ဖြေ ။  ။ မဏ္ဍပ်က သင်္ကြန်သီချင်းသံတွေ  ကြားရပြီဆိုတာနဲ့ လူတွေရုတ်ရုတ် ရုတ်ရုတ် မြင်ရတော့မယ်၊ ဆူဆူညံညံသီချင်း တွေကြားရတော့မယ် ဆိုတာနဲ့ ပျော်ပါတယ်။ အခု နောက်ပိုင်း သေချာစဉ်းစားတော့ သင်္ကြန်ဆိုတာ နှစ်သစ်ထဲ ၀င်တာ၊ နှစ်ကူးတာ ဆိုတော့ တနှစ်လုံး  ကျနော်တို့ ပျော်ပြီးပြီ။ ဒီတော့ တနှစ်လုံး ကိုယ်ဘာတွေ လုပ်ခဲ့ပြီးပြီလဲ၊ နောက် ဘာတွေ လုပ် သင့်လဲဆိုတာကို ပိုပြီး စဉ်းစားသင့်တယ်။ တတိုင်းပြည်လုံး တနှစ်တနှစ် သုံးဖြုန်းမယ့် ပိုက်ဆံ ကို ပညာရေးအတွက်သုံးမယ်ဆို ကျနော်တို့ တိုင်းပြည်က ကျောင်းတွေမှာ ပရိုဂျက်တာတောင် ထိုးနိုင်မယ်ထင်တယ်။ ဂီတပိုင်းမှာ သင်္ကြန်သီချင်းဆိုရင်လည်း သင်္ကြန်မိုးအခွေ၊ နောက်ပိုင်း သီချင်းတွေ ကြတော့ သင်္ကြန်မိုးလောက် ကျက်သရေမရှိဘူးလို့ ကျနော့် အနေနဲ့ထင်မိတယ်။  သင်္ကြန်မိုးက ရုပ်ရှင်ဇာတ်ကားနဲ့ပါ ထိုးဖောက်ထားတာလေ။ အခုခေတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဆိုတာ သရုပ် အပြိုင် ပျက်မယ် ဆိုတဲ့ အထာ ဖြစ်နေတယ်။

မေး ။  ။ မှတ်မှတ် ရရ သင်္ကြန်အဖြစ်အပျက်ရှိရင်ပြောပြပေးပါဦး။

ဖြေ ။  ။  ကျနော် ငယ်ငယ်လေးတုန်းက ၉ မိုင် ဂျီအီးတပ်ထဲမှာ၊ အဖေက စစ်သားဆိုတော့၊ အဲဒီမှာနေတုန်းက သင်္ကြန် လျှောက်လည်တာပေါ့။ အဲဒီတုန်းက အဖေ့ဆိုင်ကယ် အစုတ်လေးနဲ့၊ တခါနှိုးရင် တတပ်လုံး ၀ိုင်းနှိုးပေးရတဲ့ ဆိုင်ကယ် စုတ်လေးနဲ့ ရန်ကုန် တမြို့လုံးအနှံ့လျှောက်လည်တာ။ အဲဒီခေတ်က ရေပူပေါင်းနဲ့ ပေါက်တဲ့ ခေတ်ဆိုတော့ ဆိုင်ကယ် ဦးထုပ် ရှေ့မှန်ကွဲသွားတာ တော်တော်လန့်သွားတယ်။ အဲဒီ အမှတ်တရလေးတော့ ရှိတာပေါ့။ သောက်စားမူးယစ်ပြီး ကတ္တရာလမ်းပေါ် ခေါင်းနဲ့ ပြုတ်ကျမလို့၊ သေမလို ဖြစ်ခဲ့တာတွေ အမှတ်တရဖြစ်ပါတယ်။

မေး ။  ။ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ သင်္ကြန်နဲ့ အခု သင်္ကြန် ဘာတွေ ကွာခြားသွားတယ်လို့ မြင်လဲ။

ဖြေ ။  ။ ကျနော်တို့ ငယ်ငယ်က အုန်းလက်မဏ္ဍပ်နဲ့ ရေပက်ခဲ့ရတာ အခုခေတ် မဏ္ဍပ်တွေကတော့ အရမ်းကို ကြီးကျယ် ခမ်းနားတာတွေတော့ ကွာသွားတယ်။ ဒါပေမယ့် အရင်တုန်းကလောက် ပျော်ဖို့ မကောင်းတော့ဘူး။ သင်္ကြန်က ကြာလေ  ကြောက်စရာ ကောင်းလာတယ်။ ဗုံးတွေ ပေါက် ရန်တွေ ဖြစ်။ ဂီတ ပိုင်းအနေနဲ့ ပြောင်းလာတာကို ပြောရရင် အရင်ခေတ်နဲ့ ဒီခေတ် သီချင်းတွေကို ယှဉ်ကြည့်ရင် အရင်ခေတ် သင်္ကြန် သီချင်းတွေမှာ အမြူးရော၊ အငြိမ်ရော နှစ်မျိုးလုံး ပါတယ်။ ဒီဘက် ခေတ်မှာ အမြူးတွေချည်းပဲ ဖြစ်သွားတယ်။ ကကြမယ်၊ ခုန်ကြမယ်၊ ဆူကြမယ်၊ သင်္ကြန်မှာ ကောင်မလေး ဘာလုပ်နေလဲ၊ ဒီလိုမျိုး သီချင်းတွေပဲ ဖြစ်နေတာ ခေတ်အမြင်နဲ့ ရေးတာ အပြစ်တော့ မရှိပါဘူး။ အရင်တုန်းက မြူမှောင်ဝေကင်းလို သီချင်းတွေလို အဲဒီလောက်ထိတော့ ကျက်သရေတော့ မရှိဘူးပေါ့။ ခေတ်ကြီးက အရမ်းမြန်လာတော့ လူတွေက ကဲဖို့ ခုန်ဖို့ သင်္ကြန်ဆို မူးနေကြတာများတော့ အရင်ခေတ်ကလို ငြိမ်တဲ့ အေးတဲ့ သီချင်းမျိုးဖွင့်ရင် အဆင်မပြေဘူး။ သိပ္ပံမောင်ဝ ပြော သလို ပြောရရင် ခေတ်ကိုပဲ စိတ်နာစရာရှိပါသည်ပေါ့။

01သားစိုး (တေးရေး၊ တေးဆို)

မေး ။  ။ ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲ။

ဖြေ ။  ။ နေပြည်တော် က ရွှေဧည့်သည် မဏ္ဍပ်မှာ သင်္ကြန် ၄ ရက်စလုံး ဖျော်ဖြေဖို့ရှိတယ်။

မေး ။  ။ သင်္ကြန်ရောက်လာရင် သားစိုးရဲ့ ခံစားချက်က။

ဖြေ ။  ။ ဒီနှစ်သင်္ကြန်က အမှန်အတိုင်းပြောရင် ဟိုးအရင်နှစ်တွေက သင်္ကြန်တွေလောက် မပျော်ဘူး။ မနှစ်က ဗုံးပေါက်ထားတဲ့ အရှိန်လည်းရှိတယ်။ မဏ္ဍပ်တွေအများကြီးဆောက်တာ သိပ်မတွေ့ရဘူး။

မေး ။   ။ မှတ်မှတ် ရရ သင်္ကြန်အဖြစ်အပျက်ရှိရင်ပြောပြပေးပါဦး။

ဖြေ ။  ။ ၈ တန်းလောက်တုန်းက ဂျစ်ကားနဲ့ လည်ခဲ့တာ၊ လွတ်လွတ်လပ်လပ်ပျော်ခဲ့တာကို ပြန်အမှတ်ရတယ်။

မေး ။  ။ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ သင်္ကြန်နဲ့ အခု သင်္ကြန် ဘာတွေ ကွာခြားသွားတယ်လို့ မြင်လဲ။

ဖြေ ။  ။ ဒီနှစ်တွေမှာ အရက်တွေ ပိုသောက်လာကြတယ်။ မဏ္ဍပ်တွေက စီးပွားရေးဆန်ကြတာ တွေ့လာရတယ်။

01ခင်ဘုဏ်း (အဆိုတော်)

မေး ။  ။ ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲ။

ဖြေ ။  ။ ချောင်းသာမှာ  ACE ဆောက်လုပ်ရေး ကုမ္ပဏီက လုပ်မယ့် မဏ္ဍပ်မှာ ၄ ရက် စလုံး ဖျော်ဖြေဖို့ ရှိပါတယ်။

မေး ။  ။ သင်္ကြန်ရောက်လာရင် ခင်ဘုဏ်းရဲ့ ခံစားချက်က။

ဖြေ ။  ။ ခင်ဘုဏ်းအတွက် သင်္ကြန်ကတော့ မရောက်ခင် ၂ လလောက်ကတည်းက ကြိုပြီး ရင်ခုန်ရတဲ့ ပိုးလေးပါပဲ။

မေး ။   ။ မှတ်မှတ် ရရ သင်္ကြန်အဖြစ်အပျက်ရှိရင်ပြောပြပေးပါဦး။

ဖြေ ။  ။ ငယ်ငယ်တုန်းက သင်္ကြန်မလည်ရဘူး တနှစ်ကို ၁ ရက်ပဲ ထွက်ရတယ်။ ၁၂ နှစ်သမီးလောက်က ရန်ကင်းမှာနေတော့ အဲဒီမှာ ရေခွက်လေးနဲ့ ထွက်ပြီး ပက်ရတာလေးက အမှတ်တရပါပဲ။

မေး ။  ။ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ သင်္ကြန်နဲ့ အခု သင်္ကြန် ဘာတွေ ကွာခြားသွားတယ်လို့ မြင်လဲ။

ဖြေ ။  ။ သင်္ကြန် အခု က သိပ်တော့မလည်ဖြစ်ဘူး ဖျော်ဖြေရေးပဲ သွားရတာများလာတယ်။ အရင် ခွက်နဲ့ပက်တဲ့ သင်္ကြန်ကနေ ရေပိုက်တွေနဲ့ မဏ္ဍပ်ကြီးတွေ အခိုင်အမာ ဆောက်ပြီး ပက်တဲ့ အဆင့်ကို ပြောင်းလဲလာတာတွေ့ရတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်