“အားလုံး လွတ်မြောက်ဖို့အတွက် ဆက်လုပ်သွားမှာပါ”

ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်သည့် စက်တင်ဘာ ၂၆ ရက်နေ့တွင်  နိုင်ငံရေးလှုပ်ရှားသူ အများအပြားက ရန်ကုန်မြို့ နေရာအနှံ့တွင် မေတ္တာပို့ ဆုတောင်း လမ်းလျှောက်ခဲ့ကြသည်။ ရာနှင့်ချီသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ကို လိုက်လံစောင့်ကြည့်သော်လည်း အကြမ်းနည်းဖြင့် ဖြိုခွင်းခြင်း မပြုခဲ့ပေ။ ရွှေဝါရောင်တော်လှန်ရေးအထိမ်းအမှတ် ဆုတောင်း လမ်းလျှောက်သူတဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း နော်အုံးလှက သူ၏ အတွေ့အကြုံများအား ဧရာဝတီကို ပြောပြခဲ့သည်။ ဧရာဝတီ သတင်းထောက် စောရန်နိုင်က ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။

naw-oh-hlaမေး။  ။ မနေ့တုန်းက ရန်ကုန်မှာ နော်အုံးလှတို့ ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က ဘာလဲ။

ဖြေ။  ။ ဆန္ဒပြတာ မဟုတ်ပါဘူး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ဆရာတော်၊ သံဃာတော်တွေအတွက် ဆုတောင်း မေတ္တာပို့တာ၊ အမျှဝေတာတွေ လုပ်တာပါ။

မေး။  ။ အင်္ကျီ အ၀ါရောင် ၀တ်ပြီး လမ်းလျှောက်ကြတဲ့ဓာတ်ပုံတွေ အင်တာနက်မှာ တွေ့ရပါတယ်။

ဖြေ။  ။ ဟုတ်ပါတယ်၊ အ၀ါရောင် အင်္ကျီတွေ ၀တ်ပြီး ဆုတောင်းကြပါတယ်၊ အင်္ကျီပေါ်မှာတော့ ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ်၊  နိုင်ငံရေး အကျဉ်းသားတွေ ချက်ချင်း လွှတ်ပေးဖို့၊ ဧရာဝတီ မြစ်ဆုံ (စီမံကိန်းတွေ) ရပ်တန့်ပေးဖို့ ဆိုတာတွေ ပါတယ်။

မေး။  ။ အခုလုပ်တာက နော်အုံးလှ စီစဉ်တာလား၊  ဘယ်သူတွေက တွန်းအားပေးလို့ လုပ်တာလဲ။ ပါဝင်ပူးပေါင်းသူ ဘယ်လောက်ရှိလဲ။

ဖြေ။  ။ ကျမတို့ကပဲ ဦးဆောင်ပြီးတော့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ၊ ၈၈ ကျောင်းသားတွေ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ စတဲ့ မြို့နယ် ၅ ခုက ပြည်သူတွေ ပါတယ်။ လူဦးရေ ၃၀၀ လောက် ရှိပါတယ်။

မေး။  ။ ဘယ်နေရာမှာ လုပ်ကြတာလဲ။

ဖြေ။  ။ ကျမတို့က ဆူးလေမှာ လုပ်မလို့ လာကြတော့ န၀ဒေး (ရုပ်ရှင်ရုံ) နား ရောက်တော့ တားဆီးတာ ခံရတယ်၊ အဲဒီတော့ ကမ္ဘာအေး (စေတီ) နားက လမ်းပေါ်မှာပဲ ဆုတောင်း မေတ္တာပို့ကြတယ်၊။ ရဲတွေက ပြောတယ်၊ သူတို့က တာဝန်အရ လုပ်တာပါ ဆိုပြီးတော့ ပြောတယ်၊ ကျမတို့ကလည်းပဲ ဒါဟာ ပြည်သူတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အတိုင်း လုပ်တာ ဆိုပြီးတော့ ပြန်ပြောတယ်။ ဒီတော့ ဖွဲ့စည်းပုံက လွှတ်တော်က အတည်မပြုသေးတဲ့အတွက် အတည်မဖြစ်သေးဘူးလို့ ပြောတယ်။ ၅ ယောက်ထက် ပိုသွားရင် ဖမ်းလို့ရတယ် ပြောတယ်။

မေး။  ။  အာဏာပိုင်တွေကို အကြောင်းကြားပြီး လုပ်တာလား။

ဖြေ။  ။ မကြားပါဘူး၊ ကျမတို့က ကိုယ့်ဟာကိုယ်ပဲ ဖုန်းဆက်ပြီးတော့ လူစုပြီး လုပ်ကြတာပါ။ အဲဒီ လမ်းပေါ်မှာပဲ ဆုတောင်း မေတ္တာပို့ပြီးတော့ လူစုခွဲပြီးတော့ ပြန်ကြတယ်။

မေး။  ။ တချို့က ဝေဖန်နေကြတယ်၊ ဒီလို အုပ်စုနဲ့ လမ်းလျှောက်တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးတာကို အနှောင့်အယှက်ဖြစ်စေတယ် တဲ့။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်လဲ။

ဖြေ။  ။ မထိခိုက်ပါဘူး၊ သူတို့က သူတို့ကိစ္စ သူတို့ ဆောင်ရွက်ကြတာပါ။ ကျမတို့က ကျမတို့အလုပ် လုပ်တာပါ။

မေး။  ။ နော်အုံးလှက အရင်ကလည်းပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် တကိုယ်တော် လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်၊ အခုလည်းပဲ ဆက်တိုက် လုပ်နေတယ်။ ဒါတွေ ဘာကြောင့် လုပ်နေတာလဲ။

ဖြေ။ ။ ဒေါ်စုနဲ့ အကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ကျမတို့ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ အများကြီး ကျန်နေသေးတယ်။ ဒီလူတွေ အားလုံး လွတ်မြောက်ဖို့အတွက် ဆက်လုပ်သွားမှာပါ။ အစိုးရ ကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောထားတယ်။ အဲဒါကြောင့် ကျမတို့က နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတယ် ဆိုတဲ့ အကြောင်းကို ဖော်ပြချင်လို့ ဒီလို လုပ်ရခြင်း ဖြစ်ပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်