RFA က ဧရာဝတီ စကားဝိုင်း (ဧပြီ ၇၊ ၂၀၁၀)

Wednesday, 07 April 2010 00:00 RFA က ဧရာဝတီ စကားဝိုင်း
Print
လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယို ပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အကြို ကာလ၊ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန် ကာလ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေများကို ဆွေးနွေး တင်ပြ ထားပါတယ်။

အခုအပတ် နားဆင်ရမှာကတော့ နိုင်ငံပိုင်ပစ္စည်းတွေကို နိုင်ငံရေး ပါတီတွေက သုံးခွင့်၊ မသုံးခွင့်နဲ့ ပတ်သက်ပြီး ပြဌာန်းထား တဲ့ ရွေးကောက်ပွဲ ဥပဒေထဲက အငြင်းပွားဖွယ်အချက်နဲ့ ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ NLD က ဒုတိယ ခြေလှမ်း အနေနဲ့ မဲဆန္ဒရှင် ပြည်သူတွေကိုပါ သပိတ်မှောက်ဖို့ လှုံ့ဆော်မှာလား ဆိုတာတွေကို ဧရာဝတီမဂ္ဂဇင်းရဲ့ အယ်ဒီတာ ကိုအောင် ဇော်၊ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုးနဲ့ နိုင်ငံရေးသတင်းတွေကို ရေးသားနေတဲ့ ကိုဘကောင်းတို့က ဆွေးနွေးထားပြီး  ဧပြီလ ၇ ရက် နေ့မှာ RFA က ထုတ်လွှင့် ခဲ့ပါတယ်။
{wd file=images/stories/podcasts/rfa.04.07.10.mp3 name='အသံဖိုင်ရယူရန်'}
ဤအစီအစဉ်ကို နားဆင်ရန် QuickTime Player Software လိုအပ်ပါမည်။ ဤနေရာတွင် ရယူနိုင်ပါသည်။