RFA က ဧရာဝတီ စကားဝိုင်း (ဧပြီ ၂၁၊ ၂၀၁၀)

Wednesday, 21 April 2010 00:00 RFA က ဧရာဝတီ စကားဝိုင်း
Print
လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယို ပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အကြို ကာလ၊ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန် ကာလ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေများကို ဆွေးနွေး တင်ပြ ထားပါတယ်။

အခုအပတ် နားဆင်ရမှာကတော့ ၁၉၉၀ ရွေးကောက်ပွဲကာလတုန်းက မဲဆန္ဒနယ်မြေသတ်မှတ်ပုံနဲ့ လာမယ့်ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ်မြေသတ်မှတ်ပုံ မတူညီတာကြောင့် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက်  ကြုံတွေ့ နိုင်တဲ့ အခက်အခဲများ အကြောင်းနဲ့  မကြာသေးမီက ကျင်းပသွားတဲ့ ဆူဒန်နဲ့ သီရိလင်္ကာနိုင်ငံက ရွေးကောက်ပွဲတွေမှာ အပြည်ပြည်ဆိုင်ရာက စောင့်ကြည့် လေ့လာသူတွေကို ခွင့်ပြုခဲ့သလိုမျိုး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲမှာရော  ဒီလို လေ့လာ ခွင့်ပြုမှာလား ဆိုတာတွေကို ဧရာဝတီ မဂ္ဂဇင်းရဲ့ တာဝန်ခံ အယ်ဒီတာ ကိုကျော်စွာမိုးနဲ့ ဧရာဝတီ ၀ိုင်းတော်သားတွေ ဖြစ်တဲ့ ကိုထက်အောင်နဲ့ ကိုဘကောင်းတို့ ဆွေးနွေးထားပြီး ဧပြီလ ၂၁ ရက် နေ့မှာ RFA က ထုတ်လွှင့်ခဲ့ပါတယ်။
{wd file=images/stories/podcasts/rfa.04.21.10.mp3 name='အသံဖိုင်ရယူရန်'}
ဤအစီအစဉ်ကို နားဆင်ရန် QuickTime Player Software လိုအပ်ပါမည်။ ဤနေရာတွင် ရယူနိုင်ပါသည်။