RFA က ဧရာဝတီ စကားဝိုင်း (မတ်လ ၃၊ ၂၀၁၁)

Thursday, 03 March 2011 14:58 RFA က ဧရာဝတီ စကားဝိုင်း
Print
လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယိုပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

{play}images/stories/podcasts/rfa.03.03.11.mp3|[NO]|transparent[BGCOLOR]|[NO]{/play}
{rddl}rfa.03.03.11.mp3{/rddl}
အခုတပတ်မှာ နိုင်ငံရေးအကျဉ်းသားများနှင့် ပြည်ပရောက်နိုင်ငံရေးလှုပ်ရှားသူများအတွက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးရေး ဒီမိုကရေစီမိတ်ဆွေ ၁၁ ပါတီရဲ့ တောင်းဆိုမှုနဲ့ မြန်မာစစ်အစိုးရထိပ်တန်းဗိုလ်ချုပ်ကြီးများက နေပြည်တော်တွင် ဗိုလ် ချုပ်ရွာတည်ပြီး ပေါ်ပေါက်လာမယ့် အစိုးရသစ်ကို နောက်ကွဲကကြိုးကိုင်မည့်အစီစဉ်ကို ဧရာဝတီမဂ္ဂဇင်းရဲ့ တာဝန်ခံ အယ်ဒီ တာ ကိုကျော်စွာမိုး ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ကိုထက်အောင်နဲ့ ကိုဘကောင်း တို့က ဆွေးနွေးထားပြီး RFA က မတ် လ ၂ ရက်နေ့တွင် ထုတ်လွှင့်ခဲ့ပါတယ်။

(မှတ်ချက် ။    ။ ယခုတပတ် ဆွေးနွေးချက်တွင် ပြည်ပ၌ နိုင်ငံရေးခိုလှုံခွင့်နှင့် ရောက်ရှိနေကြသော မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရေးနှင့် ပတ်သက်၍ ကိုဘကောင်းက ဆွေးနွေးရာ “… ဒေါက်တာနိုင်အောင်ကို မေးကြည့်တော့ သူ ပြန်ချင်တဲ့ ဆန္ဒတော့ ရှိတယ်ဗျ … ဒါပေမယ့် သူပြောတာတော့ အကယ်၍များ ပြန်ခွင့်ရမယ်ဆိုရင်တော့ ပြန်လို့ရတဲ့ ၅ နှစ်တာ ကာလအတွင်းမှာတော့ …” ဟု ပြောဆိုသွားပါသည်။

သို့သော် ယင်းပြောဆိုချက်တွင် စကားချွတ်ချော်သွားပါသည်။ “… အကယ်၍များ ပြန်ခွင့်ရမယ်ဆိုရင်တော့ နိုင်ငံရေးသာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရရင် ပြန်လို့ရတဲ့ ၅ နှစ်တာ ကာလအတွင်းမှာ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတာမျိုး မလုပ်ဘူးဆိုတာ အာဏာပိုင်တွေကို အာမတောင်ခံရဲပါတယ် …” ဟူ၍ ဖြည့်စွက်နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)