၂၀၁၀ အတွက် အပစ်ရပ် အဖွဲ့များနှင့် စစ်အစိုးရ ဆွေးနွေး

E-mail Print
၂၀၁၀ ရွေးကောက်ပွဲ အတွက် အပစ်ခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် နအဖ စစ်အစိုးရ အာဏာပိုင်များက ယမန်နေ့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။   

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ကိုးကန့်တပ်ဖွဲ့၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA-N)၊ ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) အစရှိသည့် လက်နက်ကိုင် တပ်ဖွဲ့များကို နအဖ တာဝန်ရှိသူများက တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။  

ယင်းတွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဒု ဥက္ကဌ Gauri Zau Seng က “အခုတွေ့ ပြီး ဆွေးနွေးတာက အဓိက ကတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးတိုင်ပင်တာ ဒီလောက်ပဲ ရှိသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။ အသေးစိတ်ကိုမှု ပြောဆိုခြင်း မရှိချေ။   

အဆိုပါ တိုင်းရင်းသား တပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံသည့် နအဖ တာဝန်ရှိသူများမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်း ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်း ထွဋ် ၊ လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် ဒကစ မှူး  ဗိုလ်မှူးချုပ်ဝင်းမောင်၊ စစ်ဖက်ဆိုင်ရာလုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေး လေ့လာနေသည့် ဦးအောင်ကျော်ဇောက ပြောသည်။    

ယခုတွေ့ဆုံမှုမှာ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့ပေါင်းစုံကို တစ်ရက်တည်းဖြင့် နအဖ တာဝန်ရှိသူများက လူများခွဲ၍ တွေ့ဆုံခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဝ နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များက ဆိုသည်။

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၏ ယခုလ၁၇ ရက်နေ့တွင် ပြုလုပ်သည့် “ငြိမ်းချမ်းရေးတည် ဆောက်မှုအနှစ်(၂ဝ) ပြည့်” အခမ်းအနား၌ UWSA အကြီးအကဲ ဦးပေါက်ယူချန်း၏ မိန့်ခွန်းတွင် မြန်မာ အစိုးရ နှင့် အမြင်မတူသည့် အချက်များကို ညှိနှိုင်းဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။

သို့သော် မြန်မာ့ဒီမိုကရေစီရေးတွင် အငြင်းပွားဖွယ်ဖြစ်နေသော၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ထည့်သွင်း ပြောဆိုခြင်းမရှိကြောင်းလည်းသိရသည်။

နအဖစစ်အစိုးရက အပစ်အခတ်ရပ်စဲထားသော အဖွဲ့များကိုတွေ့ဆုံဆွေးနွေးရာတွင် လက်နက်ကိုင် တပ်များ ပြုပြင် ပြောင်းလဲရေးအတွက် ဖြစ်နိုင်ကြောင်း ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။

“သီးခြားဆွေးနွေးမှုကတော့ ယေဘုယျပြောရမယ်ဆိုရင်၊ တပ်တွေကိုပြုပြင်ပြောင်းလဲဖို့ပဲ၊ ရွေးကောက်ပွဲ မတိုင်မီ လား ရွေးကောက်ပွဲပြီးမှလား တပ်တွေကိုမူလက လက်နက်ချခိုင်းဖို့လုပ်တယ်၊ အခုလက်နက်မချခိုင်းဘဲနဲ့ တပ် တွေ ကို ကိုယ့်ဘာသာကိုယ် လက်နက်ကိုင်ထား နယ်စပ်လုံခြုံရေးတပ်ဖွဲ့အဖြစ်ပေါ့နော်၊ တပ်အလိုက် နအဖ က သူတို့ လက်အောက်မှာထားဖို့ကြိုးစားတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ယမန်နေ့ထုတ် အစိုးရသတင်းစာတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရီး စဉ် အတွင်း ၌ လူမျိုးစွဲ၊ဒေသစွဲ၊၀ါဒစွဲများဖြင့် လက်နက်စွဲကိုင် တိုက်ခိုက်မှုကြောင့် ဒေသဖွံ့ဖြိုးမှု နောက်ကျခဲ့ ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ပညာရေး ကျန်းမားရေးတို့ကို ဖြည့်ဆည်းနိုင်သဖြင့် ယခင်နှင့်မတူ သိသိသာ သာဖွံ့ဖြိုး တိုးတက်လာကြောင်းပြောဆိုချက်ကို ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်