ရပ်ကွက် ပြင်ပထွက်သူ ထောင် ၁ နှစ်ကျ

E-mail Print
ငြိမ်းချမ်းစွာ တကိုယ်တော် ဆန္ဒပြသူ ကျူရှင်ဆရာ ဦးအောင်ဖေကို တွံတေးမြို့နယ်တရားရုံးက ခြေချုပ် ဖောက်ဖျက်မှုဖြင့် ယနေ့ ထောင် တနှစ် ချမှတ်လိုက်သည်။

ရန်ကုန်တိုင်း တွံတေးမြို့နယ် တရားသူကြီး ဦးအေးကိုကိုက ဦးအောင်ဖေကို အကျယ်ချုပ် အက်ဥပဒေပုဒ်မ ၃၁ (က) ဖြင့် ထောင်ဒဏ်တနှစ် ချမှတ်လိုက် ခြင်းဖြစ်သည်။

ဦးအောင်ဖေသည် ယခုနှစ် မတ်လ၂၇ ရက်နေ့၊ တပ်မတော်နေ့တွင် တခြားရပ်ကွက်သို့ သွားရောက်ပြီး ၅ နာရီကြာ မတ်တပ်ရပ်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီးခြင်းကြောင့် ယခုကဲ့သို့ ထောင်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ် မေလတွင် စစ်အစိုးရက လူထုဆန္ဒခံယူပွဲ ကျင်းပစဉ် မဲရုံတွင် မဲလိမ်လည်မှုကို ကန့်ကွက်ခြင်း၊ သြဂုတ်လ ၈ ရက်နေ့က ၈ လေးလုံး အမှတ်တရ ပြုလုပ်ခြင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လက်ကမ်းစာရွက် များ ကို လိုက်လံဝေငှခြင်းတို့ကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြား စေမှုဖြင့် တွံတေးမြို့နယ် တရားရုံးက ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် သူ့အား ပုဒ်မ ၃၀ (က) ဖြင့် တနှစ် ခြေချုပ် ချထားခဲ့သည်။

ဦးအောင်ဖေနှင့် နီးစပ်သူ တွံတေးမြို့နယ် အဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်က “သူက ချေချုပ်ချထားတုန်းက တပတ်တခါ မြို့နယ် ရဲစခန်းမှာ လက်မှတ်ရေးထိုးရတယ်။ လက်မှတ်ရေးထိုးမှု ပျက်ကွက်ရင် ချေချုပ်ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် တနှစ်ချလို့ရတယ်” ဟုပြောသည်။

အသက် ၅၆ နှစ်ရှိ ဦးအောင်ဖေသည် ယခင်နှစ်များကလည်း နိုင်ငံရေး အထိမ်းအမှတ်နေ့များ၌ ငြိမ်းချမ်းစွာ တကိုယ်တော် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

လွန်ခဲ့သော ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကလည်း ၁၀ တန်းကျောင်းသားများနှင့် အတူ လွတ်လပ်ရေး ကျောက်တိုင်၌  ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနား ပြုလုပ်ပြီး နောက်တနေ့တွင် သူ့အား မြို့နယ် တရားရုံးက ပုဒ်မ ၂၃၊ ကျူရှင် အက်ဥပဒေဖြင့် တရားစွဲကာ ထောင်ဒဏ် ၃ နှစ်ချခဲ့ရာမှ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တွံ့တေးမြို့ အနောက်ဘက် ဇီးဖြူကုန်းရွာရှိ ဖက်တရာဘုရားတွင် ဝတ်ပြု ဆုတောင်းခဲ့ကြသည့် တွံ့တေးမြို့မှ အဖွဲ့ချုပ် ဒုက္ကဌ ဦးချစ်ဖေနှင့် စည်းရုံးရေး အဖွဲ့ဝင် ဦးအောင်စိုးဝေ တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၅ (က) သာသနာကို ညှိုးနွမ်းစေသော ပုဒ်မဖြင့် တရားစွဲဆိုထားသည်။

ထိုအမှုနှင့်ပတ်သက်ပြီး ဇီးဖြူကုန်းရွာသူ ဒေါ်တရုတ်မက တန်ပြန်တရားစွဲဆိုထားကြောင်းလည်းသိရသည်။

အဖွဲ့ချုပ် လူငယ် ကိုရဲထွဋ်ခေါင်က “ဇီးဖြူကုန်းရွာက ဒေါ်တရုတ်မက အများသူငါ ဝတ်ပြုကိုးကွယ်နေတဲ့ အချိန် ဘုရားပေါ်မှာ လာနှောက်ယှက် ဟန့်တားတဲ့ ဇီးဖြူကုန်းရွာ ဥက္ကဌ ကိုကျော်ရွှေနဲ့ ရာအိမ်မှူး ဦးဝင်းမြင့် တို့ကို တရားပြန်စွဲထားတယ်” ဟုပြောသည်။

ယင်း တရားစွဲဆိုမှုကို မြို့နယ် တရားရုံးက လက်ခံခဲ့သည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်