ဒေါ်အောင်ဆန်းစုကြည်၏ လျှောက်လဲချက် အဖွဲ့ချုပ် ဖြန့်ဝေ

Wednesday, 27 May 2009 15:38
Print
နေအိမ် အကျယ်ချုပ် ကန့်သတ် တားဆီးမိန့်ကို ဖောက်ဖျက် ကျူးလွန်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အင်းစိန်ထောင် တရားရုံးသို့ ယမန်နေ့က စာဖြင့် ရေးသား လျှောက်လဲချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ဖြန့်ချိလိုက်သည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ယနေ့ ကျင်းပသော ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ အခမ်းအနား အပြီးတွင် အဆိုပါစာကို ဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

အာဏာပိုင်တို့က ၆ နှစ်ကြာ ထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုထားပြီး ယခုလ ၁၈ ရက်နေ့မှ စ၍ အင်းစိန်ထောင်အတွင်း နေ့စဉ်ရက်ဆက် အမှု စစ်ဆေးနေသည်။

ဧရာဝတီက ရရှိထားသော အဆိုပါစာကို ဤနေရာတွင် ရယူနိုင်သည်။