တရား ဥပဒေ စိုးမိုးရေး အဖွဲ့ချုပ် တောင်းဆို

E-mail Print
မြန်မာနိုင်ငံတွင် တရား ဥပဒေ စိုးမိုးရေး ကင်းမဲ့နေပါလျှင် တိုင်းပြည်၏ အနာဂတ် ငြိမ်းချမ်း သာယာ ဖွံ့ဖြိုးနိုင်မည် မဟုတ်ကြောင်း ယနေ့ ပြုလုပ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ အခမ်းအနား တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောကြားလိုက်သည်။

“တိုင်းပြည်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အထွေထွေ အကြပ်အတည်းများနှင့် ပြဿနာများကို တပ်မတော် ၊ နိုင်ငံရေးပါတီများနှင့် အခြား သက်ဆိုင်သူများ အားလုံး မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း အဖြေရှာကြရန် အထူး တိုက်တွန်းပါကြောင်း” ဟု အခမ်းအနားတွင် သဘာပတိအဖြစ် ဆောင်ရွက်သူ သခင်စိုးမြင့်က ပြောကြားလိုက်သည်။

စစ်အစိုးရက ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာ အဖွဲ့ချုပ်က မဲအပြတ်အသက်ဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း စစ်အစိုးရက လွှတ်တော်ခေါ်ယူပေးခြင်း၊ ရွေးကောက်ခံရသူများကို အာဏာလွှဲအပ်ခြင်းများ မပြုခဲ့ပေ။

အဖွဲ့ချုပ်၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တခုတွင် ဒုတိယ ဥက္ကဌ ဦးတင်ဦးနှင့်  တရားစွဲခံနေရသော အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး အကျဉ်းသား အားလုံးကို ကန့်သတ်ချက်များ မထားရှိဘဲ အမြန်ဆုံး လွှတ်ရန် တောင်းဆိုထားသည်။  

ထို့အပြင် ခေတ္တ ဟု ဆိုပြီး (၆)နှစ်ကြာ ချိတ်ပိတ်ထားသော အဖွဲ့ချုပ်၏ ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက် ကျေးရွာ ရုံးခွဲများကို အမြန်ဆုံး ပြန်ဖွင့်ခွင့်ပေးရန်၊ ဖျက်သိမ်းခံထားရသည့် နိုင်ငံရေးပါတီများကို ပြန်လည် မှတ်ပုံတင်ခွင့်ပေး၍ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့် ပေးရန်တို့ကိုလည်း ယနေ့ တောင်းဆိုလိုက်သည်။

အခမ်းအနားသို့ အဖွဲ့ချုပ် အဖွဲ့ဝင် ၅၀၀ ခန့်အပြင် သံတမန်များ၊ သတင်းထောက်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနား မစတင်မီ နံနက် ၉ နာရီခန့်တွင် ရဲများ၊ စွမ်းအားရှင်များ အင်အား ၃၀၀ ခန့်က ရုံးအနီးတွင် စုဝေး နေရာယူထားကြပြီး ထောက်လှမ်းရေးများက ဓာတ်ပုံ နှင့် ဗီဒီယိုရိုက်ယူကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားပြီး တရားရုံးသို့ တင်သွင်းသည့် လျှောက်လဲချက်ကို ဖြန့်ဝေခဲ့သည်။

“ယခုအမှုဖြစ်ပွားရသည့် အရင်းခံအကြောင်းအရင်းမှာ လုံခြုံမှုရေး လစ်ဟင်းမှု သို့မဟုတ် လုံခြုံရေးဖောက်ဖျက်မှု ဖြစ်သော်လည်း ယခုအချိန်အထိ လုံခြုံရေး ဆိုင်ရာ တာဝန်ရှိမှုနှင့် စပ်လျဉ်းပြီး အရေးယူခြင်း မရှိဘဲ၊ ကျမကိုသာ အရေးယူ တရားစွဲခြင်းမှာလည်း ဘက်လိုက် ဆောင်ရွက်ခြင်းသာ ဖြစ်သည်”ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။

အဆိုပါ လျှောက်လဲချက်တွင် “စွပ်စွဲသည့် ပြစ်မှုကို ကျူးလွန်ခြင်း မရှိကြောင်း” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အကျယ်ချုပ် ကန့်သတ် တားဆီးမိန့် ချိုးဖောက်မှုသည် ငွေဒဏ် ၅၀၀၀ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်ထိ ချခံရနိုင်သည့် အမှု ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းနေသော စစ်အစိုးရသည် နိုင်ငံတကာ ဖိအားနှင့်လည်း ရင်ဆိုင်နေရသည်။

ဗြိတိန်သံအမတ် Mark Canning က “နိုင်ငံတကာရဲ့ဖိအားပေးမှုတွေ ဒီအတိုင်း ဆက်ရှိနေမယ်ဆိုရင် စစ်အစိုးရ တရားရုံးအနေနဲ့ အရင်က ဆုံးဖြတ်ပြီးသား ပြစ်ဒဏ်မျိုး မဟုတ်ဘဲ နေအိမ်အကျယ်ချုပ် သက်တမ်း တနှစ် ထပ်တိုးတာမျိုးတွေ လုပ်လာနိုင်တယ်လို့ ထင်တယ်” ဟု The Guardian သတင်းစာသို့ ပြောလိုက်သည်။

စစ်အစိုးရ တရားရုံးတော်က ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိကြောင်း စီရင်ချက်ချရန် စီစဉ်ပြီးသားဖြစ်သည်ဟု Mark Canning က ဆိုသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သော ၉ ကြိမ်မြောက် အာရှ-ဥရောပ ASEM အစည်း အဝေးသို့ တက် ရောက်လာသော အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးရန်၊ နိုင်ငံရေးပါတီများ စည်းရုံး လှုပ်ရှားပိုင်ခွင့် ပေးရန် တို့ကို တောင်းဆိုသည့် ထုတ်ပြန်ချက်တခု ယမန်နေ့က ထုတ်ပြန်ခဲ့သည်။  

ဤသတင်းကို ဧရာဝတီသတင်းထောက်များ ဖြစ်သော သန်းထိုက်ဦး နှင့် ကြည်ဝေ တို့ ပူးတွဲရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်