တလအတွင်း မြန်မာ ၄၀၀၀ ထိုင်းတွင် အဖမ်းခံရ

E-mail Print
နေထိုင်ခွင့် လက်မှတ်များ ထပ်မံ ပြုလုပ်ပေးမည် ဆိုသည့် သတင်းကြောင့် မြန်မာနိုင်ငံသား အမြောက်အမြား ထိုင်းနိုင်ငံအတွင်း တရားမ၀င် ဝင်ရောက်လျက်ရှိရာ ဇွန်လ တလ အတွင်း၌ လူ ၄၀၀၀ ကို ဖမ်းဆီးခဲ့သည်ဟု ထိုင်းဘာသာဖြင့် ရေးသားထားသော Manager Online အင်တာနက် သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် အလုပ်သမားလက်မှတ်အသစ် ရရှိရေးအတွက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ ဖုတ်ဖရမြို့နယ်မှ တဆင့် ဘန်ကောက်သို့ သွားရောက်ရန် ကြိုးပမ်းရာတွင် ထိုင်းအာဏာပိုင်များ၏ စစ်ဆေး ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးထားသည့် သူများကို မဲဆောက်မြို့ လူဝင်မှုကြီးကြပ်ရေး (လ၀က) တာဝန်ရှိသူများထံ တိုက်ရိုက် ပို့ ဆောင်ပေးခဲ့သည် ဟု တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ် ရဲစခန်း တာဝန်ကျ ရဲတစ်ဦးက  ဧရာဝတီသို့ ပြောသည်။

“ဖမ်းမိတဲ့သူတွေကို မဲဆောက် လ၀က အချုပ်ခန်းက တဆင့် မြန်မာ ဘက်ကမ်း ပြန်ပို့လိုက်တယ်။ ဒီနေ့ ပြန်ပို့ လိုက်ရင် နောက်တနေ့ ပြန်ရောက်လာတာပဲ။ ဒီမြို့နယ်မှာ တနေ့ကို လူ ၂၀ လောက် ဖမ်းမိနေတယ်” ဟု ၎င်း တာဝန်ကျ ရဲကဆိုသည်။

ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့မှ ဘန်ကောက်သို့ သွားမည့် လမ်းကြောင်း တလျှောက် စစ်ဆေးရေး ဂိတ်များတွင် စစ်ဆေးမှုများကို ယခင်ထက် တင်းကျပ်ထားကြောင်းလည်း ကြားသိရသည်။

လွန်ခဲ့သည့် မေလအတွင်း ထိုင်းအစိုးရ ထိပ်သီး အစည်းအဝေး၏ အတည်ပြုချက်အရ မြန်မာနိုင်ငံအပါဝင်၊ လော၊ ကမ္ဘောဒီးယား အစရှိသည့်နိုင်ငံတို့မှ လာရောက် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမားများကို ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ လဆန်းပိုင်းအထိ အလုပ်သမား လက်မှတ်များ ထပ်မံ ပြုလုပ်ပေးမည်ဟု ကြားသိရသည်။

၎င်း ထိပ်သီးအစည်းအဝေး၏ အတည်ပြုချက်အရ အလုပ်သမားလက်မှတ် အသစ်များကို ယခု ရက်ပိုင်းအတွင်း စတင် ပြုလုပ်ပေးနေပြီး ဖြစ်ကြောင်း သိရသည်။  

ယခုကဲ့သို့ မှတ်ပုံတင်ခွင့် ပေးခြင်းသည် ထိုင်းနိုင်ငံအတွင်းသို့ အလုပ်သမားများ တရားမ၀င် ၀င်ရောက်ပြီး နေထိုင် အလုပ် လုပ်ခြင်းမှ တားဆီးနိုင်ရန် ဖြစ်သည် ဟု ထိုင်းအာဏာပိုင်များ က ပြောဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးသူများ အနေနှင့်မူ ထိုင်း အလုပ်သမား ၀န်ကြီးဌာန၏ အစီအစဉ်သစ်ကို ကြိုဆိုသော်လည်း အလုပ်သမားများအတွက် ပြဌာန်းထားသည့် အခွင့်အရေး များကိုလည်း ကြီးကြပ်ပေးစေလိုသည်ဟု ပြောကြသည်။

ထို့အပြင် အလုပ်လုပ်ခွင့် လက်မှတ်များ ထုတ်ပေးပြီးပါက၊ ထိုင်းနိုင်ငံအတွင်း ငါးဖမ်းလုပ်ငန်း၊ ပင်လယ် အစားအသောက် ထုတ်လုပ်ရေးလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်တွင်းမှု လုပ်ငန်းများ၌ တရားဝင် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။   

ထိုင်းနိုင်ငံအနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိ ရှိသည်ဟု သိရပြီး အလုပ်သမား အများစု မှာ အလုပ်သမားမှတ်ပုံတင်ဖြင့် တရားဝင် အလုပ်လုပ်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်