စားသုံးဆီကြောင့် စီးပွားရေးဦးပိုင်နှင့် ဦးတေဇ အချင်းများကြ

E-mail Print
မြန်မာနိုင်ငံတွင် စားသုံးဆီ တင်သွင်းခွင့် အပြည့်အဝ ရရှိထားသော စီးပွားရေး ဦးပိုင် လီမိတက်က မကျေနပ်သောကြောင့် ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ၏ စားသုံးဆီ တင်သွင်းခွင့်များ ပိတ်ပင် ခံခဲ့ရပြီး နစ်နာဆုံးရှုံးမှု ကြီးမားနေကြောင်း ၎င်း ကုမ္ပဏီအသိုင်းအဝန်းမှ ကြားသိရသည်။

ဦးတေဇသည် ၎င်း တည်ထောင်ထားသည့် ရန်ကုန် ယူနိုက်တက် FC အသင်း ရပ်တည်ရန် ယခုနှစ်အတွင်း ပြည်ပမှ စားသုံးဆီများ ပိုမို တိုးချဲ့တင်သွင်းလျက် ရှိသည်။

သို့ရာတွင် စစ်အစိုးရ၏ စီးပွားရေး ဦးပိုင် လီမိတက် လုပ်ငန်းကို ထိခိုက်လာသည်ဟု ယူဆကာ ကျန်းမာရေး ၀န်ကြီး ဌာနနှင့် ဦးပိုင် ပူးပေါင်း၍ ထူး ကုမ္ပဏီက တင်သွင်းသည့် စားသုံးဆီ အမှတ်တံဆိပ်များကို စားသုံးရန် မသင့်ကြောင်း ကြေညာပြီး တင်သွင်းခွင့် ပိတ်လိုက်ကြောင်း ထူး ကုမ္ပဏီ၏ တာဝန်ရှိသူ တဦးက ပြောသည်။

“ကိုတေဇက ဒီဘောလုံးအသင်းအတွက် ဆီက ရမယ့်အမြတ်ငွေထပ်ထည့်ဖို့ ရည်ရွယ်ထားတာ။ ဦးပိုင်က သူ့ လုပ်ကွက်ပျောက်မှာစိုးလို့ တင်သွင်းတဲ့ ဆီကို စစ်ဆေးအောင် တွန်းအားပေးခဲ့တာ။ ဆီတင်သွင်းခွင့် ပိတ်ခံရလို့ ကိုတေဇ ဒေါသထွက်နေတယ်” ဟု ၎င်းက ဆိုသည်။

ကျန်းမာရေး ၀န်ကြီးဌာနက ဇူလိုင်လ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာထဲတွင် မလေးရှား နိုင်ငံထုတ် ကျောက်ပုစွန်နှစ်ကောင် (star oil) အမှတ်တံဆိပ်နှင့် ကျောက်ပုစွန် တကောင် အမှတ်တံဆိပ်၊ ရေနဂါး(twin sea horse) အမှတ်တံဆိပ်၊ ထိုင်းနိုင်ငံထုတ် ငါးကြော် အမှတ်တံဆိပ် (pamola brant) များသည် ဓာတုဓာတ်ခွဲ စစ်ဆေးချက်အရ  စားသုံးဆီ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိ၍ စားသုံးရန် မသင့်ကြောင်း ကြေညာခဲ့သည်။

စားသုံးဆီ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိဟု ကျန်းမာရေးဌာနက သတ်မှတ်သော အဆိုပါ ဆီ အမှတ် တံဆိပ် များ ကို ဦးတေဇက တင်သွင်းနေပြီး ဆီတင်သွင်းခွင့် ပိတ်ခံလိုက်ရ၍ စီးပွားရေး ဦးပိုင် လီမိတက်နှင့် အချင်း များနေကြောင်း ဦးပိုင် လီမိတက်မှ ဆီကုန်သည် တဦးက ပြောသည်။

“နှစ်ဘက်စလုံးက လုပ်ပိုင်ခွင့်တွေ အပြည့်သုံးခွင့်ရထားတဲ့ သူတွေချည်းပဲ။ ပွဲကတော့ ကြည့်ကောင်းမှာ။ ဦးတေဇက သူလုပ်ငန်းပြန်လုပ်ခွင့်ရအောင် လုပ်မှာပဲ။ ဦးပိုင်ကလည်း သူလက်ရှိ လုပ်နေတဲ့ ဆီကို ဈေးကွက် ပျက်အောင် လုပ်လို့ ငြိမ်နေမှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ဦးတေဇသည် ထူး ကုမဏီကို တည်ထောင်ပြီး အဲပုဂံ လေကြောင်း လိုင်းဖြင့် ပြည်တွင်းပြည်ပ ပျံသန်းခြင်း၊ ဟိုတယ် လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ပို့ကုန် သွင်းကုန် လုပ်ငန်း၊ သစ်လုပ်ကွက် ၊ စက်သုံးဆီ၊ စားသုံးဆီ စသော လုပ်ပိုင်ခွင့်များ ရရှိထားပြီး မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့် အများဆုံး ရရှိထားသော စီးပွားရေးလုပ်ငန်းရှင်ကြီးများအနက် တဦးအပါအ၀င်ဖြစ်ကာ လက်ရှိတွင် ငွေကြေး ကျပ် သိန်း ထောင်ချီ အကုန်အကျ ခံပြီး ရန်ကုန် ယူနိုက်တက် FC ကြေးစားဘောလုံး အသင်းကိုတည်ထောင်ထားသူ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်