ကြက်ဥ အတုများ ဝင်ရောက်နေဟု အစိုးရ သတိပေး

E-mail Print
ပြည်သူများ စားသုံးရန် မသင့်သည့် ဓာတုဗေဒနည်းနှင့် ပြုလုပ်ထားသော ကြက်ဥအတုများ နယ်စပ်ဒေသမှ တဆင့် ၀င်ရောက်နေသည်ဟု ထူးခြားးသည့် သတင်းအား ဇူလိုင်လ ၃၁ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။

အဆိုပါ ကြက်ဥ အတု သတင်းကို မြန်မာပြည်တွင်းရှိ ဖတ်ရှုသိရှိရသူများက ထူးဆန်းအံ့သြမှု ဖြစ်နေကြကြောင်း သိရ သည်။

ယခု ကြက်ဥ အတုများ ၀င်ရောက်နေကြောင်း စစ်အစိုးရကြေညာချက်သည် အစိုးရ ကိုယ်တိုင်ကြက်မွေးမြူနေ၍ တဖက် နိုင်ငံက ကြက်ဥများဝင်လာမည်စိုးသောကြောင့်ဟု ထင်မြင်ကြောင်း ရန်ကုန်မြို့မှ အိမ်ရှင်မတဦးက ဧရာဝတီ ကို ပြော သည်။

“ညကမှ ရုပ်မြင်သံကြားသတင်းမှာ တွေ့တာ ၊ မဖြစ်နိုင်ဘူးထင်တယ်၊ အတုလုပ်ဖို့ ကုန်ကျစရိတ်က ကြီးမယ်၊ တခါမှ တော့မမြင်ဖူးသေးဘူး၊ အစိုးရကိုယ်တိုင် ကြက်မွေးနေတော့ တဖက်နိုင်ငံက ကြက်ဥတွေဝင်လာမှာ စိုးလို့ထင်တယ်” ဟု ပြောသည်

ကြက်ဥ အတု၏ အကာပိုင်းတွင် ဘင်ဇိုရစ် အက်စစ်၊ ဂျယ်လီ၊ အမည်မသိဓာတုဆေးမှုန့် နှင့် မုန့်ဖုတ်ရာတွင်သုံးသော ဓာတုပေါင်ဒါများပါဝင်ပြီး အတုနှင့် အစစ်ကိုခွဲခြားရာတွင် လှည့်ကြည့်ပါက အတုသည် ဂျင်ကဲ့သို့လည်၍ အရောင်ပိုရင့် ကြောင်း စစ်အစိုးရသတင်းစာများတွင်ဖော်ပြထားသည်။

နယ်စပ်ဒေသမှ ဝင်ရောက်နေဟု ဆိုသော်လည်း မည်သည့် နယ်စပ်ဒေသဆိုသည်ကို အတိအကျဖော်ပြထားခြင်း မရှိပေ။

ကြက်ဥ အနှစ်ပိုင်းကလည်း အမည်မသိ အ၀ါရောင်ပေါင်ဒါမှုန့်အား အရည်တမျိုးဖြင့် သမအောင်မွှေကာ ကယ်ဆီယမ် ကလိုရိုဒ်ထည့်သွင်း ဖျော်စပ်ထားသည့် Magic Water ခေါ် အရည်တမျိုးဖြင့် ရောစပ်ထားသည်ဟုသိရသည်။

“မြ၀တီနယ်စပ်မှာတော့ လုံးဝအတုမရှိဘူး၊ ကြက်ဥ ဘဲဥ အကုန်လုံးအစစ်တွေချည်းပဲ၊ ဒီဘက်မှာတော့ တခါမှ မကြားဘူး၊ အခုလို အစိုးရက ထုတ်ပြန်မှသိရတယ်”ဟု မြ၀တီမြို့ခံ တဦးက ပြောသည်။

ရန်ကုန်မြို့တွင် ကြက်ဥဈေးနှုန်းမှာ တလုံးလျှင် ၁၀၀ ကျပ် မှ ၁၂၀ ကျပ်ရှိပြီး  ကြက်ဥဈေးကွက်တွင်လည်း အခက်အခဲဖြစ် နိုင်ကြောင်း အဆိုပါ အိမ်ရှင်မက ပြောသည်။

တရုတ်မြန်မာ နယ်စပ်ဒေသခံ တဦးက ပလတ်စတစ်ဖြင့် လုပ်ထားသော ဆန်အတု၊ ကြာဆန်အတုများကို ကိုယ်တိုင်ကြုံတွေ့ဖူးခဲ့သော်လည်း ကြက်ဥ အတုကိုမှု မတွေ့ရှိဘူးသေးကြောင်း ဧရာဝတီသို့ပြောသည်။

“ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ကြာဇံအတု ကိုတော့ ကိုယ်တိုင်ကြုံဖူးတယ် ၊ ကြော်လိုက်တဲ့အခါ ပလတ်စတစ်တွေ အရည် ပျော်သွားတယ်၊ ကြက်ဥ အတုကိုတော့ မကြားဘူးသေးဘူး”ဟု ၎င်းဒေသခံက ပြောသည်။

ကြက်ဥအတုတွင် ပါဝင်သော ဓာတုပစ္စည်းများကြောင့် စားသုံးမိလျှင် ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း ဆေးပညာရှင် များက သတိပေးထားပြီး ရောင်းချသူများနှင့် စားသောက်ဆိုင်များအား ကြော်လှော်ချက်ပြုတ် ရောင်းချခြင်းမပြုရန် သက် ဆိုင်ရာက တား မြစ်ထားသည်ဟု အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ယင်းကြက်ဥ အတုများကိုလည်းသက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့များက လိုက်လံသိမ်းဆည်းသွားမည်ဖြစ်ကြောင်း၊ တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

မကြာသေးမီကလည်း အချို့သောဓာတုဆိုးဆေး များပါဝင်သည့် ငါးပိ ၊ လက်ဖက်၊ ယိုစုံ ( အချဉ်ထုတ် )၊ ငရုတ်သီးမှုန့်နှင့် ပြည်ပမှ တင်သွင်းသော စားအုံးဆီများကို စားသုံးရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်