မြန်မာပြည် ခရီးစဉ် ရပ်ရန် Jetstar လေကြောင်းလိုင်း ဖိအားပေးခံရ

E-mail Print
မြန်မာပြည်သို့ ပြေးဆွဲလျက်ရှိသော သြစတြေးလျ Jetstar လေကြောင်းလိုင်း ခရီးစဉ်များ အတွက် ပေးဆောင် ရသော အခွန်ငွေများသည် စစ်အစိုးရကို အထောက်အပံ့ ပြုနေကြောင်း သြစတြေးလျ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ (Burma Campaign Australia- BCA) က ဆိုသည်။

ယင်းအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သော ကြေညာချက်တွင် Jetstar အပါအ၀င် တခြား သြစတြေးလျ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများမှ မြန်မာစစ်အစိုးရသည် အခွန်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၂.၈ ဘီလီယံခန့် ရရှိနေကြောင်း ရေးသားထားသည်။

BCA ပြောခွင့်ရ Zetty Brakeက “မြန်မာပြည်တွင်းမှာ စီးပွားရေး ဆက်လက် ရင်းနှီးမြှုပ်နှံနေတာဟာ စစ်အစိုးရရဲ့ အာဏာသက်တမ်းကို ပိုရှည်စေပါတယ်” ဟု ဆိုသည်။

ထို့ပြင် သြစတြေးလျ အလုပ်သမား သမဂ္ဂ (ACTU) ကလည်း Jetstar လေကြောင်းလိုင်းသည် မြန်မာပြည် ခရီးစဉ်ကို ပြေးဆွဲခြင်းအားဖြင့် စစ်အစိုးရကို တနည်းအားဖြင့် ထောက်ပံ့လျက်ရှိကြောင်း ပြောဆိုလိုက်သည်။

ACTU ဥက္ကဋ္ဌ Ms. Sharan Burrow က“ဒီမိုကရေစီ ကင်းမဲ့တဲ့ မြန်မာနိုင်ငံက ပြည်သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကို အဆိုးဝါးဆုံး ခံစားနေရပါတယ်၊ ကျနော်တို့က ကုမ္ပဏီတွေကို သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်တန့်ဖို့ ပြောချင်ပါတယ်၊ ဒါဆိုရင် တကယ်ထိရောက်မှာပါ” ဟု ဆိုသည်။

ACTU က အဆိုပါ လေကြောင်းလိုင်းနှင့် သြစတြေးလျ ကုမ္ပဏီများကို မြန်မာပြည်တွင် ရင်းနှီးမြှပ်နှံမှု ရပ်တန့်ရေး အတွက် ဖိအားပေးရန်နှင့် စစ်အစိုးရ အပေါ် တားမြစ် အရေးယူမှုများ တိုးမြှင့် ဆောင်ရွက်ရန် သြစတြေးလျ အစိုးရကို တောင်းဆိုလိုက်သည်။

မက်ကွိုင်းယား တက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သူ မစ္စတာ ရှောင်တာနဲ (Sean Turnell) က မြန်မာပြည်သည် သဘာဝ သယံဇာတများ ပေါကြွယ်ဝသည့် အတွက် အာရှတွင် အချမ်းသာဆုံးနိုင်ငံတခု ဖြစ်သော်လည်း မြန်မာ ပြည်သူများသည် ဆင်းရဲစွာဖြင့် နေထိုင်နေရကြောင်း ဧရာဝတီသို့သည်။

“ပြည်သူတွေအတွက် အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်တဲ့ငွေ အမြောက်အမြားကို မြန်မာ ခေါင်းဆောင်တွေက ရနေပါတယ်” ဟု မစ္စတာ ရှောင်တာနဲက ပြောသည်။

Jetstar လေကြောင်းလိုင်းကမူ စစ်အစိုးရအပေါ် ထောက်ပံ့ကူညီနေသည် ဆိုသော ယင်းစွပ်စွဲချက်ကို ငြင်းပယ်လိုက်သည်။ 

၎င်းတို့၏ ခရီးစဉ်သည် မြန်မာပြည်သူလူထုအပေါ် အကျိုးမဲ့သော လုပ်ရပ် ဖြစ်ပါက လိုလိုလားလား အဆုံးသတ်ရန် ၀န်မလေးကြောင်းလည်း တုံ့ပြန်လိုက်သည်။

Jetstar အမှုဆောင် ဒါရိုက်တာ Bruce Buchannan က ရန်ကုန်တွင် လေယာဉ် အတွက် ပေးဆောင်ရသည့် အခကြေးငွေများသည် တခြားတိုင်းပြည်များနှင့် တန်းတူဖြစ်ပြီး၊ လေယာဉ်ကွင်း ပြင်ဆင် ထိန်းသိမ်းရန် အတွက် အသုံးပြုကြောင်း၊ Jetstar နှင့် သြစတြေးလျ ကုမ္ပဏီများက မြန်မာစစ်အစိုးရကို အစစအရာရာ ဖြတ်တောက် ခြင်းကြောင့် မြန်မာပြည်သူ လူထုသာလျှင် နစ်နာမည်ဖြစ်ကြောင်း ပြောသည်။

သြစတြေးလျပိုင် Jetstar သည် မြန်မာပြည်အတွင်းသို့ သီတင်းတပတ်လျှင် ၄ကြိမ် ပြေးဆွဲလျက် ရှိသည်။

ထို့အပြင် Chevron, Andaman Peak Supplies, Gecko's Adventure, Lonely Planet, Millers, Sri Asia Tourism နှင့်Twinza Oil တို့သည်လည်း မြန်မာပြည်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသော သြစတြေးလျပိုင် ကုမ္ပဏီများ ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်