မြန်မာ့ရုပ်သေး ဆန်ဖရန်စစ္စကိုမှာ ပြသမည်

E-mail Print
အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ အာရှအနုပညာ ပြတိုက်တွင် မြန်မာ့ ရုပ်သေးပညာရှင် ၄ ဦးက မြန်မာ့ ရုပ်သေးပြုလုပ်ပုံ အဆင့်ဆင့်၊ သမိုင်းကြောင်းနှင့် ရုပ်သေး ကြိုးဆွဲနည်း များကို စာတွေ့၊ လက်တွေ့ သင်ကြားပြသ ရမည်ဖြစ်ကြောင်း သိရသည်။

ရုပ်သေးဒေါ်မမနိုင်ခေါင်းဆောင်သည့် မန္တလေးရုပ်သေးအဖွဲ့သည် အဆိုပါ ရုပ်သေးပြုလုပ်ပုံအဆင့်ဆင့်ကို အောက်တိုဘာ ၂၃ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့ အထိ ပြသရမည် ဖြစ်ပြီး နိုင်ငံတကာတွင် ပထမဆုံး အကြိမ် တင်ဆက်ခြင်း ဖြစ်ကြောင်း ဒေါ်မမနိုင်က ဧရာဝတီသို့ ပြောသည်။

သွားရောက် ပြသရမည့် ရုပ်သေးပညာရှင်များမှာ ရုပ်သေး ဦးပန်းအေး၊ ဒေါ်မမနိုင်၊ ဦးသန်းညွန့်၊ ဦးကျော်မျိုးကို တို့ဖြစ်သည်။

“ရုပ်သေးကိုယ်ထည် အကြမ်းတွေကို ယူသွားပြီး ဟိုရောက်တော့မှ တထိုင်တည်းအပြီးအစီး လုပ်ပြရမှာပါ။ ဒီပွဲမှာ ရုပ်သေး ပြုလုပ်ပုံကို အဓိက ပြရမှာ။ ရုပ်သေး တရုပ်ဖြစ်ဖို့က ရက် ၂၀ လောက် အချိန်ပေးရပါတယ်” ဟု ရုပ် သေးဒေါ်မမနိုင်က ပြောသည်။

အောက်တိုဘာလ ၂၅၊ ၂၆ ရက်နေ့များတွင် ပြုလုပ်မည့်အစီအစဉ်အား Family Festival ဟု အမည်ပေးထားပြီး ယင်းအစီအစဉ်တွင် ရုပ်သေး ပညာရှင်များက အပျိုတော်အက၊ မျောက်က၊ ဘီလူးက၊ ဇော်က၊ ရာမ သမင်လိုက်ခန်း၊ မြိုင် ထနှစ်ပါးသွား စသည်တို့အား နာရီဝက်စာ ကြိုးဆွဲပြသမည်ဟု ၎င်းကဆိုသည်။

အောက်တိုဘာ ၂၇ မှ ၃၁ ရက်နေ့ အထိပြသမည့် အစီအစဉ်ကို Asia A Life Program ဟု အမည်ပေးကာ ၎င်း အစီအစဉ်တွင် ရုပ်သေးနှင့် ပတ်သက်သည့် ပညာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပြသကြမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲကို တနေ့လျှင် ၄ နာရီ ကြာပြသရန် သတ်မှတ်ထားပြီး ပထမပိုင်း ၂ နာရီကို ဦးသန်းညွန့်က တထိုင်တည်း ရုပ်သေး ပြုလုပ်ပုံ အဆင့်ဆင့်၊ ရုပ်သေးဦးပန်းအေးက ပြုလုပ်ပြီးသောရုပ်သေးများကို ကပြပုံ စသည်ဖြင့် လက် တွေ့ပြသကြမည် ဖြစ်ကြောင်း၊ ကျန်ရှိသည့် ၂ နာရီတွင် ဦးကျော်မျိုးကိုက ရုပ်သေးသမိုင်းကြောင်း ရှင်းပြ၍ ဒေါ်မမနိုင်က ရုပ်သေး ကြိုးဆွဲပုံဆွဲနည်း၊ မြန်မာ့ ရုပ်သေး၏ ဆောင်ရွက်မှုများကို စာတွေ့ သင်ပြမည်ဖြစ်ကြောင်း ဒေါ်မမနိုင်က ဆက်လက်ပြောကြားသည်။

ရုပ်သေးပြုလုပ်ပုံကို အဆင့် ၃ ဆင့်ခွဲခြားထားပြီး ပထမအဆင့်တွင် အကြမ်းပြုလုပ်ပြီးသား ရုပ်သေး မျက်နှာနှင့် ကိုယ်ထည်တို့အား အလှဆေးခြယ်ခြင်း၊ ဦးခေါင်းတွင် ဆံပင်စိုက်ခြင်း၊ အရုပ်တွင် တပ်ဆင်ရမည့် ကြိုးများအား ကျစ်ခြင်း၊ ခြေ၊ လက်၊ ခေါင်း၊ လည်ပင်းတို့အား ကိုယ်ထည်ဖြင့် ဆက်ခြင်း စသည်တို့ကို ပြုလုပ်ပြသမည်ဟု သူက ဆိုသည်။

ဒုတိယအဆင့်အနေဖြင့် တပ်ဆင်ထားပြီးသော လည်ပင်း၊ ခြေ၊ လက်တို့အား ပြုတ်မထွက်စေရန်နှင့် ကကြိုးကကွက် များအား လိုအပ်သလို ကပြနိုင်စေရန်အတွက် အ၀တ်စဖြင့် တင်းကျပ်စွာ ကျပ်စည်းပေးခြင်း၊ နောက်ဆုံးအဆင့် အနေဖြင့် တပ်ဆင်ပြီးစီးသွားသော အရုပ်ကိုယ်ထည်အား အင်္ကျီဝတ်ဆင်ပေးကာ ကကြိုး များတပ်ဆင်ခြင်း ပြုလုပ်မည်ဟု ဒေါ်မမနိုင်က ရှင်းပြသည်။

ယင်းသို့ အဆင့်ဆင့်ပြုလုပ်ပြီးသည်နှင့် လာရောက်ကြည့်ရှုကြသည့် ပရိသတ်များကိုယ်တိုင် လက်တွေ့ ဆွဲကျင့်ကြမည် ဖြစ်ကြောင်းလည်းသိရသည်။

“အခုလို ကြီးကျယ်ခမ်းနားတဲ့ ပြတိုက်ကြီးမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာတွေကို ပြသခွင့်ရတဲ့အတွက် အရမ်း ၀မ်းသာ ဂုဏ်ယူပါတယ်” ဟု ရုပ်သေးဒေါ်မမနိုင်က ၎င်း၏ ခံစားချက်ကို ပြောပြသည်။

မြန်မာ့ ရုပ်သေးပညာသည် နရပတိမင်းလက်ထက် မြန်မာသက္ကရာဇ် ၈၀၆ ခုနှစ် (ခရစ်နှစ် ၁၄၄၄ ခုနှစ်) ၁၄ ရာစု ကာလတွင် မြ၀တီ မင်းကြီးဦးစက သဘင်သည်တို့ကိုယ်စား အရုပ်များကို အစားထိုးကပြရာမှ ရုပ်သေး အနုပညာရပ်ဟူ၍ ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်