ကိုးကန့်ဒေသတွင် စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းမိ

E-mail Print
ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့နယ်အတွင်း ရာဘ (ခေါ်) မက်သာ အဖက်တမင်း စိတ်ကြွဆေးပြား ၁ သန်း ကျော်ကို ဖမ်းမိခဲ့ကြောင်း ယနေ့ထုတ် မြန်မာအစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

စက်တင်ဘာလ၂၈ ရက်နေ့တွင် ရင်ရှင်းကျေးရွာ တောင်ကုန်း အနီးရှိ ကျောက်ဂူ တဂူအတွင်းမှ WY စာတန်းပါ (ပန်းရောင်) စိတ်ကြွဆေးပြား (၁၁၄၁၇၅၀)ကို ကွမ်းလုံမူးယစ် အထူးအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးများကို ထွက်ပြေးနေသည့် တရားခံများနှင့် ဆက်နွယ်ပတ်သက်သည်ဟူသော သတင်းအရ ရှာဖွေ သိမ်းဆည်းရမိခြင်း ဖြစ်သည်ဟု စစ်အစိုးရ သတင်းစာတွင် ရေးသားထားသည်။

အလားတူ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရွှေတြိဂံ နယ်မြေအခြေစိုက် ခြေမြန်တပ်ရင်းမှ ဦးစီးသောအဖွဲ့က သတင်းအရ ပါခုတ်ကျေးရွာရှိ နေအိမ်ခြံတခုတွင် ၀င်ရောက် စစ်ဆေးခဲ့ရာ စိတ်ကြွဆေးပြား ၃၇၄၀၀၀ ကျော်ကို လည်း ဖမ်းမိခဲ့သည် ဟု အမည်မဖော်လိုသူ တာချီလိတ် ရဲစခန်းမှ ၀န်ထမ်း တဦးက အတည်ပြု ပြောဆိုသည်။

ထို့အပြင် ထိုင်းနယ်စပ် မယ်ဆိုင်မြို့ မောင်ခန်းရွာတွင် စိတ်ကြွဆေးပြားများ ၆ သိန်း ခန့်ကို ကားသမားနှင့်အတူ ထိုင်းအာဏာပိုင်များက ဖမ်းမိခဲ့သည်ဟု ယမန်နေ့က ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ရဲ အရာရှိများက ထွက်ပြေးသွားသည့် ၁၀ ဘီးကား တစီးနောက်သို့ ခြေရာခံလိုက်ခဲ့ရာ ကားပေါ်တွင် ဆေးပြား များကို တွေ့ရှိခဲ့ရပြီး ကားသမားကိုလည်း ပြန်လည် ဖမ်းဆီးရမိခဲ့သည်ဟု ဘန်ကောက်ပို့စ်တွင် ရေးသား ထားသည်။

ကားသမား Rewat Chaisurin ကမူ“ဒီမူးယစ်ဆေးတွေကို ရွှေတြိဂံနယ်စပ်အနီးက ရောင်းချသူတွေဆီကို ပို့ပေးဖို့ ပါ”ဟု ဆိုသည်။  ဖမ်းမိထားသော မှုးယစ်ဆေးဝါး၏ တန်ဖိုးမှာ ဘတ်ငွေ ၆ သိန်းခန့် ရှိကြောင်း သိရသည်။
 
“မူးယစ်ဆေးဝါးတွေ အများကြီး အရောင်းအ၀ယ်လုပ်မယ့် သတင်းကို ကြိုရထားပါတယ်၊ ဒါကြောင့် Mae Sai – Chiang Saen လမ်းပေါ်မှာ စစ်ဆေးမှုတွေ အများကြီး ပြုလုပ်နေပါတယ်”ဟု ရဲအရာရှိ Prasopchai ၏ ပြော ကြားချက်ကို ဘန်ကောက်ပို့စ်သတင်းက ကိုးကားဖော်ပြထားသည်။

မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်လုပ်နေကြပြီး တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ရောင်းချမှုများလည်း ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

ယင်း ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ တဖွဲ့ ဖြစ်သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA) သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများကို အာရှတွင် အမြောက်အမြား ကျယ်ပြန့်စွာ ထုတ်လုပ်နေသည့် အဖွဲ့ တဖွဲ့ဖြစ်ကြောင်း အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဆိုသည်။

မြန်မာအာဏာပိုင်များကလည်း မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။ နော်ခမ်းသည် ရွှေတြိဂံ ဒေသတွင် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးနေသူဖြစ်ပြီး ၎င်းမှာ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများကလည်း အလို ရှိနေသူ ဖြစ်သည်။

အမေရိကန်နှင့် ကုလသမဂ္ဂတို့ ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတဝန်းတွင် အာဖဂန်နစ္စတန်သည် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသည် ဒုတိယ အကြီးဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရကမူ ယခုနှစ်အတွင်း ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ခင်းပေါင်း ၇၈၉၃ ဧက ကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်