ထူးခြားသည့် ဟစ်ပ်ဟော့ပ်ပွဲ ကျင်းပမည်

E-mail Print
မြန်မာနိုင်ငံ၏ ဟစ်ပ်ဟော့ပ်ဂီတ သက်တမ်း ၁၂ နှစ် ပြည့်ပြီးချိန်တွင် ဟစ်ပ်ဟော့ပ်ကို ဂီတတူရိယာများဖြင့် ပထမဆုံး တွဲဖက် တင်ဆက်မည့် စင်မြင့် ဖျော်ဖြေပွဲတခု ရန်ကုန်မြို့တွင် ပြုလုပ်တော့မည် ဖြစ်သည်။

ယခင်က မြန်မာပြည်တွင် ဟစ်ပ်ဟော့ပ်သီချင်း အသံသွင်း ထုတ်လုပ်မှုများမှအစ စင်မြင့် ဖျော်ဖြေပွဲများအဆုံး ကွန်ပျူတာ၊ ဒီဂျေစက်များဖြင့်သာ တီးခတ် သီဆိုခဲ့ကြသည်။

9’Night ဟု အမည်ပေးထားသော အဆိုပါ ပွဲကို အောက်တိုဘာ ၂ ရက်နေ့ (သောကြာနေ့)၌ ရန်ကုန်မြို့၊ မြရိပ်ညို ဟိုတယ်တွင် ပြုလုပ်မည် ဖြစ်သည်။

၁၉၉၇ တွင် ဟစ်ပ်ဟော့ပ်ဂီတကို မြန်မာပြည်သို့ ပထမဆုံး သယ်ဆောင်လာခဲ့သည့် Acid တေးဂီတအဖွဲ့ကို တည်ထောင်သူတဦး ဖြစ်သော အဆိုတော် အနဂ္ဂက မြန်မာပြည်တွင် ဟစ်ပ်ဟော့ပ်ဂီတနှင့် ပတ်သက်ပြီး  အထင်မှားနေကြကြောင်း ဧရာဝတီကို ပြောပြသည်။

အထင်မှားနေသူများထဲတွင် လူငယ် ဟစ်ပ်ဟော့ပ်သမားများနှင့် ဂီတပညာရှင် အများအပြား ပါဝင်ပြီး ၎င်းတို့က ဟစ်ပ်ဟော့ပ် ဂီတ ဆိုသည်မှာ ကွန်ပျူတာဖြင့် အလွယ်တကူ ဖန်တီးနိုင်သည်ဟုပင် ယူဆနေကြသည်ဟု အနဂ္ဂက ပြောသည်။ ထိုသို့ အထင်သေးသူများ ရှင်းလင်းစွာ သိရှိနိုင်စေရန် ဤပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း အနဂ္ဂက ရှင်းပြသည်။

“ကျနော်တို့ ဟစ်ပ်ဟော့ပ်ဂီတ လုပ်တဲ့ ပုံစံက ဘယ်လိုမျိုးလဲ ဆိုတာ အတိအကျ ချပြနိုင်ဖို့ အတွက် စိန်ခေါ်မှု တရပ်ပါပဲ” ဟု အဆိုတော်အနဂ္ဂက ပြောသည်။

အဆိုပါ ပွဲတွင် အနဂ္ဂ၊ ရန်ရန်ချမ်း၊ ဂျေမီ၊ ရသ၊ ဘိုလေး၊ On Track တို့အပြင် လူငယ် ဟစ်ပ်ဟော့ပ် တေးသံရှင် အများအပြား ပါဝင်သည်။

Unplugged ပုံစံများ၊ ဒီဂျေစက်ဖြင့် ဖန်တီးသော တီးလုံး တီးကွက်များကို ကီးဘုတ်၊ စန္ဒရား၊ လေမှုတ်တူရိယာ၊ တယော စသည့် ပုံစံအမျိုးမျိုး တင်ဆက်သွားမည် ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီ တင်ဆက် သွားမည် ဖြစ်ကြောင်း ဂျေမီက ရှင်းပြသည်။

“တကယ့် ဒီဂျေစက်က ထွက်တဲ့ ဟစ်ပ်ဟော့ပ်တီးလုံး အတိုင်း လက်နဲ့ရအောင် တီးပြီး လုပ်သွားမှာပါ။ သူများ နိုင်ငံတွေမှာ ဒီလိုမျိုး တူရိယာတွေ၊ Band တွေနဲ့  တီးပြီး ဖျော်ဖြေနေတာ ကြာပါပြီ” ဟု ဂျေမီက ဧရာဝတီကို ပြောသည်။

ရန်ကုန်မှ ဟစ်ပ်ဟော့ပ် ပရိသတ်များကလည်း ရက်အနည်းငယ်အတွင်း ကျင်းပတော့မည့် ဤပွဲကို စိတ်ဝင်စားနေကြကြောင်း သိရသည်။

“ကျနော်က ဟစ်ပ်ဟော့ပ်ကို စပြီး ပေါ်ကတည်းက အားပေးလာခဲ့တာ။ ဒီလို ဟစ်ပ်ဟော့ပ်ကို တူရိယာတွေနဲ့ တီးပြီး ဖျော်ဖြေတာ ဒါ ပထမဆုံးပဲ၊ အဲ့ဒါကြောင့် ဒီပွဲကို သွားကြည့်ဖြစ်အောင် ကြည့်မှာပါ” ဟု ရန်ကုန်မြို့နေ ဟစ်ပ်ဟော့ပ် ပရိသတ် လူငယ်တဦးက ဧရာဝတီကို ပြောသည်။

ဝင်ခွင့် လက်မှတ်များကို City Mart ကုန်တိုက်၊ ကိုကိုညီညီ အလှပြင်ခန်းမ၊ မန်းသီရိတေးသံသွင်း စသည့်နေရာများတွင် တစောင်လျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိသည်။

လတ်မှတ် ၁၀ စောင်ဝယ်ယူသူကို လက်မှတ် ၁ စောင် လက်ဆောင် ပေးမည်ဟု ပွဲစီစဉ်သူ ကိုကျော်မြတ်ဦး (ဂျေဂျေ) က ဧရာဝတီကို ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်