ကိုညီညီအောင် လိမ်လည်မှုဖြင့် တရားစွဲခံရဖွယ်ရှိ

E-mail Print
အာဏာပိုင်တို့က လေဆိပ်တွင် ဖမ်းဆီးခဲ့သူ ကိုညီညီအောင်ကို လိမ်လည်မှု၊ စာရွက် စာတမ်းအတု ပြုလုပ်မှုတို့ဖြင့် ယမန် ယူထားပြီး ယင်းပုဒ်မဖြင့် စွဲချက်တင်ရေး မတင်ရေး အတွက်မူ စောင့်ကြည့် ရမည် ဖြစ်ကြောင်း ၎င်း၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရှေ့နေများ ဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း တို့သည် အမေရိကန် နိုင်ငံသား၊ မြန်မာ့အရေး လှုပ်ရှားသူ ကိုညီညီအောင်နှင့် ယနေ့ နေလည် ၁ နာရီမှ ၃ နာရီအထိ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် ရခဲ့ကြောင်း သိရသည်။

“အမှုသွား အမှုလာကို အခုအချိန်ထိ အတိအကျမသိရသေးဘူး၊ ယမန်ယူထားတဲ့ ပုဒ်မနဲ့ တရားစွဲ မစွဲဆိုတာကို တော့စောင့်ကြည့်ရမယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။ လိမ်လည်မှု ပုဒ်မ ၄၂၀၊  စာရွက်စာတမ်းအတု ပြုလုပ်မှု ပုဒ်မ ၄၆၈ တို့ဖြင့် ယမန်ယူထားသည်ဟု ဆိုသည်။

ကိုညီညီအောင်၏ စိတ်ဓာတ်နှင့် ကျန်းမာရေးမှာ ကောင်းမွန်လျက်ရှိကြောင်း၊ အမှုနှင့် ပတ်သက်၍ အပြည့်အစုံ တိုင်ပင်နိုင်ခြင်းမရှိသေးဘဲ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကိုသာ မေးမြန်းခဲ့ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
 
စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ အမေရိကန်သံရုံး အရာရှိတဦး သွားရောက် တွေ့ဆုံခွင့် ရခဲ့စဉ် ကိုညီညီအောင်က နှိပ်စက်ညှဉ်းပန်းခံရပုံကို ပြောကြားခဲ့ကြောင်း သိရသည်။

“သူနှိပ်စက်ခံရတဲ့ အကြောင်းလည်း ပြောပါတယ်၊ ကျနော်ပြောနိုင်တာက ၇ ရက်လောက် ထမင်းမစား ရဘူး ဆိုတာပါပဲ” ဟု ဦးဉာဏ်ဝင်း က ဆိုသည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်းနယ်စပ်သို့ တောခိုခဲ့ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ခေတ္တ ပါဝင်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် သွားရောက် ခိုလှုံခွင့်ယူခဲ့သည်ဟု သိရသည်။

ကိုညီညီအောင်သည် စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းက ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်ခဲ့ရာ မင်္ဂလာဒုံလေဆိပ်တွင် အာဏာပိုင်တို့က ထိန်းသိမ်းခဲ့သည်။

အာဏာပိုင်တို့က ထိုသို့ ဖမ်းဆီးပြီး ၃ ပတ်အကြာတွင် ကိုညီညီအောင်သည် အကြမ်းဖက် ဖောက်ခွဲရေး သမား တဦး ဖြစ်ကြောင်း စွပ်စွဲပြောကြားလိုက်သည်။

အကြမ်းဖက်သမားအဖြစ် စွပ်စွဲခံရသူမှာ ကိုညီညီအောင် တဦးတည်း မဟုတ်ပေ။ မြန်မာပြည်မှ နိုင်ငံရေးသမား အများအပြားသည် ထိုသို့ စွပ်စွဲခံရပြီး အကျဉ်းချခံထားရသည်။

မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလက  နိုင်ငံရေး အကျဉ်းသား တချို့ ခြွင်းချက်ဖြင့် ပြန်လည် လွတ်မြောက်လာသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်