ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်တွင် နှစ်နိုင်ငံ စစ်အင်အား တိုးချဲ့

E-mail Print
ဘင်္ဂလား ပင်လယ်အော် အတွင်းရှိ ရေပိုင်နက် အငြင်းပွားလျက် ရှိရာ မြန်မာ့ တပ်မတော်က အမြောက်တပ်များနှင့် စစ်သင်္ဘော ၁၂ စီးခန့် အသုံးပြုပြီး စစ်ရေး ပြင်ဆင်ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် The Daily Star  သတင်းစာတွင် ယနေ့ ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း စစ်သင်္ဘော အစီး ၃၀ ခန့် ချထားသည်ဟု စစ်ဘက် သတင်းရပ်ကွက်ကို ကိုးကားပြီး ထိုသတင်းစာတွင် ရေးထားသည်။

"နယ်စပ်တလျှောက်မှာ နယ်စပ် စစ်ဆင်ရေးစခန်းတွေ ပိုပြီးချထားဖို့၊ နယ်ခြားစောင့်တပ်ကို အားဖြည့်နိုင်အောင် တပ်တချို့ကိုလည်း ပို့ပေးဖို့အတွက် မနက်ဖြန်ကျနော် အဆိုပြုမှာ ဖြစ်ပါတယ်"ဟု ဘင်္ဂလားဒေ့ရှ်ရှိ ရိုင်ဖယ်တပ်မှ ဗိုလ်မှူးချုပ် Mainul Islam က တနင်္ဂနွေနေ့ ညနေပိုင်းက ပြောကြားလိုက်ကြောင်း The Daily Star  သတင်းစာတွင် ရေးသားထားသည်။
 
သို့သော်လည်း မြန်မာနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများသည် ပုံမှန် စစ်ဘက် လုပ်ငန်းများသာဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး Dipu Moni က ပြောသည်။

"မြန်မာပြည်မှာရှိတဲ့ ကျမတို့ရဲ့ သံအမတ်နဲ့ စကားပြောပြီးပါပြီ။ ဒါတွေဟာ ပုံမှန်လုပ်ငန်းတွေလို့ သူက ပြောပြပါ တယ်။ နိုင်ငံခြားရေးဌာန အတွင်းဝန် Mijarul Quayes ကလည်း  ဒါကာမြို့တော်မှာ ရှိတဲ့ မြန်မာ သံအမတ်ကို ခေါ်တွေ့ပြီးပါပြီ။ သူ့ဆီကလည်း ဒီလိုပဲ ပြန်ပြောပါတယ်" ဟု နိုင်ငံခြားရေး ၀န်ကြီး Dipu Moni ၏ ပြောကြားချက် ကို The Daily Star သတင်းစာက ကိုးကားဖော်ပြထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မြန်မာဘက်က သံဆူးကြိုး ကာရံခြင်းကို မတ်လ ၁၈ ရက်နေ့က စတင်ခဲ့သည်။

ထိုသို့ သံဆူးကြိုး ကာရံခြင်းသည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် နတ်မြစ် တလျှောက် မူးယစ်ဆေးဝါး အပါအ၀င် လူကုန်ကူးမှုများကို တားဆီးရေး အတွက် ဖြစ်ကြောင်း မြန်မာနိုင်ငံက တရားဝင် ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာ သတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်ကမူ ယခု ဖြစ်ပွားနေသော ရေပိုင်နက်ကိစ္စ ပြဿနာကို မဖြေရှင်းနိုင်ကြပါက နှစ်နိုင်ငံကြား စစ်ပွဲများ ဖြစ်ပွားနိုင်သည်ဟု ဧရာဝတီသို့ ပြောသည်။  

“မြန်မာဘက်က လူတွေက ဒီဘက်ကို ထွက်လာတယ်၊ ဘင်္ဂလားဒေ့ရှ်က မိရင် ပြန်ပို့တဲ့ ပြဿနာ၊ နောက်တခုက ရေပိုက်နက် အငြင်းပွားမှုမှာလည်း ဘင်္ဂလားဒေ့ရှ်က သူတို့ ပိုင်တယ်လို့ ပြောတယ်၊ အဲဒီ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ စစ်ဖြစ်နိုင်တယ်”ဟု ကိုခိုင်မြတ်ကျော်က သုံးသပ် ပြောဆိုသည်။

၂၀၀၈ ခု နိုဝင်ဘာလ အတွင်း နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများအဆင့် တွေ့ဆုံကြပြီး ရေပိုင်နက်အငြင်းပွားမှု ပြဿနာ အတွက် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပေ။

ရေပိုင်နက် ပြဿနာကြောင့် နှစ်နိုင်ငံကြား နှစ်ချီ၍ အငြင်းပွားလျက်ရှိသည်။

၂၀၀၈ ခု နိုဝင်ဘာလတွင် ရေပိုင်နက် အငြင်းပွားရာ နေရာသို့ မြန်မာဘက်က ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ရာမှ စတင်၍ ပိုမို တင်းမာလာခဲ့သည်။ ထိုစစ်သင်္ဘောများမှာ သဘာဝဓာတ်ငွေ့ တူးဖော်ရာတွင် လုံခြုံရေးယူရန် ဖြစ်သည်ဟု မြန်မာဘက်က ပြောဆိုခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်