ပင်တီ ပြီးတော့ လောက်လေးဂွ ဗိုလ်ချုပ်မှူးကြီးကိုပစ်ချ

E-mail Print

“သန်းရွှေကို ဘယ်လိုဆော်ရမလဲ” ဆိုသည့်ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်မှူးကြီးပုံကို လောက်လေးဂွဖြင့်ပစ်ကစား ရသည့် အင်တာနက်ဂိမ်းတခုကို မြန်မာကာတွန်းပညာရှင်များက

ထုတ်လုပ်လိုက်ကြောင်း သိရသည်။

၎င်းဂိမ်းသည် ခမောက်ဆောင်းကာ လွယ်အိတ်ကိုစလွယ်သိုင်းလွယ်ထားသည့် နွားကျောင်းသား လူငယ်တဦးက ကောင်းကင်မှ ထီးတလက်ဖြင့် ကျလာသည့် ဗိုလ်ချူပ်မှူးကြီးသန်းရွှေကို လေးဂွဖြင့် ချိန်ရွယ်ပစ်ခတ်ရသည့် ကစားနည်း ဖြစ်ပြီး ကြိမ်ဖန်များစွာထိပါက အမှတ်များများရမည်ဖြစ်သည်။

စစ်အစိုးရ၏ ဖိနှိပ်မှုကြောင့် မြန်မာစာပေအနုပညာရှင်များ မွန်းကြပ်နေရခြင်းကို ပျက်ရယ်ပြုကာ သရော်လိုက်ခြင်း ဖြစ်ကြောင်း အမေရိကန်အခြေစိုက် မိုးမခ မီဒီယာဝိုင်းတော်သားတဦးဖြစ်သည့် ကိုမောင်ရစ်က ပြောသည်။

“ပြည်တွင်းမှာရှိတဲ့ စာပေအနုပညာရှင်တွေဟာ စစ်အစိုးရနဲ့ပတ်သက်ပြီး ဖိနှိပ်ခံထားရလို့ မွန်းကြပ်မှုတွေကို ယခုလို ဖော်ထုတ်သရော်လာကြတာပါ။ ဥပမာအားဖြင့် ကဗျာဆရာစောဝေ ဆိုရင် သူ့ကဗျာမှာ “အာနာ ရူးကြီး မှူးကြီး သန်းရွှေ” ဆိုပြီး အာဏာဖက်တွယ်ထားတာကို ကဗျာနဲ့ဖော်ပြခဲ့လို့ အဖမ်းခံရတယ်။ ဇာဂနာ ဆိုရင်လည်း ပြက်လုံးနဲ့ရော တိုက်ရိုက် ပြောခဲ့တဲ့အတွက်ကြောင့်ကော ဖမ်းထားတယ်။ အခုလည်း ကာတွန်း ပညာရှင်တွေက ဒီကွန်ပျူတာဂိမ်းနဲ့ သရော် လိုက်ပြန်ပြီ” ဟု ကိုမောင်ရစ်က ပြောသည်။

ဤဂိမ်းကိုကစားခြင်းဖြင့် ကစားသူ ကိုယ်တိုင် မိမိဆန္ဒကို ဖော်ထုတ်သရော်နိုင်ရန် တီထွင်ခြင်း ဖြစ်သည် ဟုလည်း ကိုမောင်ရစ်က ဆက်ပြောသည်။

အလားတူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သရော်သည့် ဂိမ်းမျိုးကို လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ရွေ့လျား ခုန်ပေါက်နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အမျိုးသမီးအတွင်းခံဘောင်းဘီ ထိမှန်ပါလျင် ခန္ဓာကိုယ်တစစီ ပဲ့ထွက် သွားသည့် “Panties for Peace” ဟု အမည်ရှိ ဂိမ်းတခုကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် Mochi Media ကုမ္ပဏီက ထုတ်လုပ်ခဲ့သည်။

“panties for peace” ကို မြန်မာနိုင်ငံတွင်းရှိလူငယ်များ သဘောကျကြကြောင်းနှင့် လူငယ်များက ၎င်းဂိမ်း ကစားလို ကြောင်း ရန်ကုန်မြို့ရှိ ဂိမ်းဆိုင်ရှင်တဦးက ပြောသည်။

“သန်းရွှေကို ဘယ်လိုဆော်ရမလဲ” ဂိမ်းကို ကစားဖူးသည့် ရန်ကုန်မြို့ရှိ လူငယ်တဦးက “ကိုက်တော့ ကြိုက်ပါတယ်၊ ကြာလာရင်တော့ပျင်းစရာကြီးနော် ... လောက်လေးဂွ မို့ထင်တယ်။ ပိာု ပင်တီနဲ့ ပစ်တဲ့ ဂိမ်းကို ပိုကြိုက်တယ်” ဟု ပြောသည်။

၎င်းဂိမ်းကို အမေရိကန်အခြေစိုက် မိုးမခ မီဒီယာအဖွဲ့၏ moemaka.com/images/berumagame01.htm အင်တာနက် စာမျက်တွင် ကစားနိုင်သည်။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်