အဖွဲ့ချုပ် လေဘေးကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးအုန်းကြိုင် အဖမ်းခံရ

E-mail Print

အန်အယ်လ်ဒီ၏ လေဘေးကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးအုန်းကြိုင်ကို ယနေ့နံနက် ၂ နာရီခန့်တွင် ရဲအထူးသတင်း တပ်ဖွဲ့က နေအိမ်မှဖမ်းဆီးသွားကြောင်း အန်အယ်လ်ဒီပါတီ

ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။

ရဲအထူးသတင်းတပ်ဖွဲ့က ဦးအုန်းကြိုင်၏နေအိမ်ကို ယမန်နေ့ည ၁၀ နာရီခန့်မှ စတင်ရှာဖွေကာ နံနက် ၂ နာရီခန့်တွင် ဖမ်းဆီး သွားသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

“ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ မသိသေးဘူး … လက်ကိုင်ဖုန်းကိုလည်း သိမ်းသွားတယ်။ ကျနော်တို့မျက်စိထဲမှာတော့ ထူးထူးခြားခြားလုပ်တာ မတွေ့ဘူး။ သူက (ဦးအုန်းကြိုင်) ရေဘေးကယ်ဆယ်ရေး ဥက္ကဌ လုပ်တယ်။ ဒါလဲ တော်တော် အောင်အောင်မြင်မြင် လုပ်နိုင်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးအုန်းကြိုင်သည် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသနှင့် ရန်ကုန်တိုင်းအတွင်း လှည့်လည်၍ ကူညီရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။

ဦးအုန်းကြိုင်သည် အန်အယ်လ်ဒီပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်ပြီး မန္တလေး အရှေ့တောင် အမှတ် (၂) မြို့နယ်မှ အနိုင်ရရှိခဲ့သည်။

စစ်အစိုးရက ဦးအုန်းကြိုင်ကို ၁၉၉၀ ခုနှစ်မှစ၍ ၂၀၀၅ ခုနှစ်အထိ ၁၅ နှစ်ကြာ ဖမ်းဆီးအကျဉ်းချခဲ့ဖူးသည်။

အသက် ၆၄ နှစ် ရှိပြီဖြစ်သည့် ဦးအုန်းကြိုင်သည် ထင်ရှားသည့် သတင်းစာဆရာတဦးလည်းဖြစ်ပြီး ကြေးမုံ၊ ဟံသာဝတီနှင့် ဗိုလ်တထောင်သတင်းစာတို့တွင် အယ်ဒီတာနှင့် လက်ထောက်အယ်ဒီတာ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ဦးအုန်းကြိုင်သည် မောင်ချစ်ဖွယ်၊ အောင်ဝင့်၊ မောင်တင့် စသည့် ကလောင်အမည်များဖြင့်လည်း စာပေများ ရေးသား ခဲ့သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်