ရေနံချောင်းမြို့နယ် NLD အဖွဲ့ဝင် ၃၀ ခန့်က “မဲမပေးရေး” စာတန်းပါ တီရှပ်များ ၀တ်ဆင်ပြီး ရေနံ ချောင်းမြို့စက်မှုဇုန် ရပ်ကွက်အတွင်း လှည့်လည်လမ်းလျှောက်သည့် လှုပ်ရှားမှုတခု ယနေ့ ပြုလုပ်သည်ဟု သတင်း ရသည်။ အဆိုပါ အဖွဲ့ကို မကွေးတိုင်း NLD စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေး ဦးဆောင်ကြောင်း၊ တီရှပ်အရှေ့ပိုင်း၌ ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ ၃ ဦး၏ ဓာတ်ပုံများနှင့် နောက်ကျောတွင် မဲမပေးဘဲ နေပိုင်ခွင့်ရှိသည် ဆိုသည့် စာသားပါရှိ ကြောင်း၊ စက်မှုဇုန်အတွင်းရှိ အလုပ်သမားများကို စည်းရုံးရန်အတွက် သွားရောက်ခြင်း ဖြစ်ကြောင်း ရေနံချောင်းမြို့ခံ NLD လူငယ် တဦးက ပြောသည်။ ယခုလှုပ်ရှားမှုကို ရေနံချောင်းမြို့နယ် အာဏာပိုင်များက စောင့်ကြည့်မှုများ ရှိကြောင်းသိရသည်။