မဲရုံနှင့် ကိုက် ၁၅၀ အတွင်း စွမ်းအားရှင်များရှိမည်

Thursday, 04 November 2010 12:26 ရွေးကောက်ပွဲ သတင်းတို
Print
ရွေးကောက်ပွဲနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ မဲရုံအတွင်းနှင့် ပတ်ဝန်းကျင် ကိုက် ၁၅၀ အကွာအထိ စွမ်းအားရှင်များကို ထားရှိရန် ငွေပေးကာ ငှားရမ်းထားကြောင်း၊ ရန်ကုန်တွင် လူစည်ကားရာ နေရာများ၌ စစ်တပ်နှင့်အတူ စွမ်းအားရှင်များ ထားရှိပြီး ရွေးကောက်ပွဲ ကျင်းပရေးပျက်ပြားအောင် နှောင့်ယှက်သည်ဟု ယူဆသူများအား တားဆီး ချုပ်နှောင်ခွင့် ပေးထားမည်ဖြစ်ကြောင်း သတင်းတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။