ကြံ့ဖွံ့က ပလောင်ကိုယ်စားလှယ်ကို ခြိမ်းခြောက်

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်တွင် မဲဆွယ်စည်းရုံးမှုပြုလုပ်နေသော ပလောင် အမျိုးသား ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ဆန်ကို ကြံ့ဖွံ့ ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်က ပြည်သူ့စစ် အဖွဲ့ဝင် ၃ ဦးကို စေလွှတ်၍ မဲဆွယ် စည်းရုံးမှု ဆက်မလုပ်ရန် လက်နက်ဖြင့် ခြိမ်းခြောက် ခဲ့ကြောင်း၊ ပလောင် အမျိုးသား ပါတီက ဖြန့်ဝေသော ပါတီရေးရာ သဘောထား စာရွက်စာတမ်းများနှင့် ပါတီ အမှတ် တံဆိပ် အလံများ ကိုလည်း လိုက်လံ သိမ်းယူ ဖျက်ဆီး ခဲ့ကြောင်း ပြည်ပ အခြေစိုက် ပလောင်အဖွဲ့၏ ပြောကြားချက် အရ သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်