ရန်ကုန် လမ်းသွားလမ်းလာများကို ညပိုင်း တင်းကျပ်စွာ စစ်ဆေး

Saturday, 06 November 2010 12:40 ရွေးကောက်ပွဲ သတင်းတို
Print
ရန်ကုန်မြို့တွင်း၌ ည ၇ နာရီနောက်ပိုင်း လမ်းသွား လမ်းလာ များကို တင်းကျပ်စွာ စစ်ဆေးနေကြောင်း၊ မှတ်ပုံတင် သို့မဟုတ် ထောက်ခံစာ ပြခိုင်းကြောင်း မြို့ခံများထံမှ သိရသည်။ အဝေးပြေး ဂိတ်များတွင်လည်း စစ်ဆေးနေပြီး လူထုကို ဖောက်ခွဲရေး သမားများ ရောက်နေသည်ဟု သတင်းရသဖြင့် ယခုကဲ့သို့ စစ်ဆေးရသည်ဟု အသိပေးကြောင်း မြို့ခံများက ပြောသည်။