ဘိုကလေးတွင် ကြိုတင်မဲများ စည်းကမ်းမဲ့စွာ ပေးခိုင်း

Saturday, 06 November 2010 14:09 ရွေးကောက်ပွဲ သတင်းတို
Print
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက်များ၌ လျှို့ဝှက်မဲပေးခန်းများမရှိ၊ ရပ်ကွက်ကော်မရှင် ရှေ့တွင်ပင် မည်သည့်အထောက်အထားမျှ ပြစရာမလိုဘဲ ကြိုတင်မဲ ပေးခိုင်းကြောင်း သိရသည်။ တချို့ကျေးရွာစုများတွင် ကလေးများက သွားရောက်ပြီး မိသားတစုလုံးကိုယ်စား မဲပြားများပေါ်တွင် ကြံ့ဖွံ့ပါတီကို အမှန်ခြစ်ပေးရကြောင်း၊ တခြားပါတီများက ထိုကိစ္စများကို မှတ်တမ်းတင်ထားပြီး ခရိုင်ကော်မရှင်သို့လည်း တိုင်ကြားမည်ဟု သိရှိရသည်။