ခြိမ်းခြောက်သော်လည်း ကြံ့ဖွံ့ကို မဲမထည့်ဟု ဆို

Saturday, 06 November 2010 14:12 ရွေးကောက်ပွဲ သတင်းတို
Print
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကြံ့ဖွံ့ပါတီက တအိမ်တက်ဆင်း ခြိမ်းခြောက်၊ မက်လုံးပေး မဲဆွယ်၍ ပေးခိုင်းနေသည့်တိုင် ဒီမိုကရက်တစ်ပါတီကိုသာ မဲပေးကြဖွယ်ရှိကြောင်း သိရသည်။ ကြံ့ဖွံ့ပါတီက ၎င်းတို့ကို မဲမပေးပါက ဝန်ထမ်းဆိုလျှင် နယ်ပြောင်းမည်၊ လမ်းဖောက်ခြင်းကို ရပ်ထားမည်ဟု ခြိမ်းခြောက်ကြောင်း၊ မှတ်ပုံတင် မရှိလျှင် ချက်ချင်းလုပ်ပေးမည်ဟု မက်လုံးပေးကြေင်း သတင်းရရှိသည်။