မင်္ဂလာတောင်ညွန့်မှာ ကြံ့ဖွံ့ ရှုံးနိုင်

Saturday, 06 November 2010 14:41 ရွေးကောက်ပွဲ သတင်းတို
Print
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်၌ ကြံ့ဖွံ့ပါတီက ယမန်နေ့တွင် တအိမ်တက်ဆင်း လိုက်ပြီး ကြိုတင်မဲကောက်ခြင်း၊ ကြံ့ဖွံ့ကို မဲမပေးလျှင် ၀န်ထမ်းများ နယ်ပြောင်းခိုင်းမည်၊ လမ်းများ ဆက်လက်မဖောက်ဟု ပြောဆို ခြိမ်းခြောက်ခြင်း၊ မှတ်ပုံတင် မရှိသူများ ကို ချက်ချင်းလုပ်ပေးခြင်းများဖြင့် မဲရရန် ကြိုးပမ်းနေသော်လည်း ဒီမိုကရက်ပါတီ(မြန်မာ)က နိုင်ခြေရှိသည်ဟု သတင်းရရှိသည်။