ရခိုင်ပြည်နယ်မှ လေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့ပေါ်နှင့် ကျေးရွာ အားလုံး၌ ကြံ့ဖွံ့ပါတီအား မဲမပေးပါက ဒုက္ခဖြစ်နိုင်သည်ဟု ပြောဆိုသည့်အပြင် ခြောက်လစာ ထောက်ပံ့ ပစ္စည်းများကိုလည်း လုံးဝ မပေးတော့ဟု ကြံ့ဖွံ့ပါတီ နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ခြိမ်းခြောက်၍ ကြိုတင်မဲများ ကောက်ခံထားသောကြောင့် ယနေ့ တွင် မဲရုံသို့ လာရောက် မဲပေးသူ မရှိကြောင်း ဒေသခံများက ပြောသည်။