ဘိုကလေးမြို့တွင် မဲပုံးများ ချိတ်ပိတ်မထား

Sunday, 07 November 2010 09:41 ရွေးကောက်ပွဲ သတင်းတို
Print
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တွင် မဲပုံးအများစုမှာ ချိတ်ပိတ်ထားခြင်း မရှိကြောင်း၊ ယမန်နေ့ ညကတည်းက ရယကများက ကြိုတင်မဲများ ထည့်ထားသဖြင့် လာရောက်မဲပေးသူ နည်းသော်လည်း မဲပုံးများမှာ ပြည့်လုနီးပါးဖြစ်နေကြောင်း သတင်းရရှိသည်။ ထို့အပြင် (၇) ရပ်ကွက်၌ သတင်းထောက်တဦးက မဲရုံရှေ့တွင် ဓာတ်ပုံရိုက်သဖြင့် ကော်မရှင်က တားမြစ်ရာမှ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြောင်းလည်း သိရသည်။