ကြံ့ဖွံ့ မဲရုံကိုယ်စားလှယ်များ ပါတီဝတ်စုံဖြင့် မဲရုံတွင်း ဝင်ထိုင်နေကြ

Sunday, 07 November 2010 12:27 ရွေးကောက်ပွဲ သတင်းတို
Print
သန်လျင်မြို့နယ် ကတက်ချဉ် ကျေးရွာရှိ မဲရုံအတွင်းတွင် မဲရုံကိုယ်စားလှယ် အဖြစ်တာဝန်ယူသူ ကြံ့ဖွံ့ပါတီဝင် ၅ ဦးခန့်သည် ၎င်းပါတီ ဝတ်စုံကို ဝတ်လျက် မဲရုံအတွင်း ဝင်ထိုင်နေသည်ကို တွေ့ရသည်ဟု လေ့လာစောင့်ကြည့်သူ ဒေသခံတဦးက ပြောသည်။ သုံးခွမြို့နယ် ညောင်လေးပင် ကျေးရွာတွင်လည်း ကြိုတင်မဲ ကောက်ယူထားသည့် အရေအတွက်မှာ ရှိရမည့် ပမာဏထက် များစွာပိုနေကြောင်း NDF ကိုယ်စားလှယ် တဦးထံမှ သိရသည်။