သန်လျင်တွင် မဲ မသမာမှုများရှိ

Sunday, 07 November 2010 12:56 ရွေးကောက်ပွဲ သတင်းတို
Print
သန်လျင်မြို့နယ် ကံလှကျေးရွာတွင် မဲ လာပေးသူတဦးက မည်သည့်ပါတီကို မဲပေးရမည် မသိ ဖြစ်နေစဉ် လူတဦးက လက်ဝါး၌ စာရေးပြကြောင်း၊ ထို့ပြင် မဲ ပေးသည့်နေရာမှာ လုံခြုံမှု မရှိသောကြောင့် ထိုသူ မဲပေး သည်ကိုလည်း ချောင်းကြည့် သည်ဟု လေ့လာသူ ထံမှ သိရသည်။ ထို့ပြင် ၎င်းမြို့နယ် မြို့မတောင် ရပ်ကွက်တွင် ကြံ့ဖွံ့ပါတီဝင် တဦးက မဲလာပေးရာ မှတ်ပုံတင် ယူမလာဘဲ မဲစာရွက်ကို တောင်းယူ၍ ၎င်း၏ သဘောအတိုင်း မဲဝင်ပေးသဖြင့် မဲရုံမှူးနှင့် အချင်းများသည်ဟု သိရသည်။