ချောက်မှာ NDF နှင့် တစည ကို မဲပေးခိုင်း

Sunday, 07 November 2010 12:59 ရွေးကောက်ပွဲ သတင်းတို
Print
မကွေးတိုင်း ချောက်မြို့ရှိ မဲရုံများတွင် မဲပေးသူလွန်စွာနည်းပါးပြီး လာရောက်မဲပေးသူများက NDF ပါတီနှင့် တစည ကိုသာ မဲပေးကြောင်း သတင်းရရှိသည်။“မဲရုံတွေ ခြောက်ကပ်နေတာပဲ။ မြို့ပေါ်က လူတွေက စိတ်မ၀င်စားကြဘူး။ မဲလာပေးတဲ့သူ အများစုက ရွာတွေက၊ မဲမပေးရင် ဘာဖြစ်မယ် ညာဖြစ်မယ် အာဏာပိုင်တွေ ခြိမ်းခြောက်လို့ လာပေးတာပြောတယ်။ ပယ်မဲ ဖြစ်အောင် လုပ်တဲ့သူနဲ့ တစညနဲ့ NDF ကိုပဲ ပေးတဲ့သူများတယ်”ဟု မဲပေးခဲ့သူတဦးက ပြောသည်။