လင်းခေး ပမ်ပေါင်း ရပ်ကွက် မဲရုံ SNDP အနိုင်ရ

Sunday, 07 November 2010 15:00 ရွေးကောက်ပွဲ သတင်းတို
Print
ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ပမ်ပေါင်းရပ်ကွက် မဲရုံ၌ မဲများကို ရေတွက်ရာတွင် SNDPက အနိုင် ရရှိ ကြောင်း ပါတီမှ ၀င်ရောက် အရွေးချယ်ခံသူ ဦးစိုင်းလှကျော် က ပြော သည်။ “ပြည်သူ့ လွှတ်တော် အတွက် ပယ်မဲ ၁၈ မဲ၊ ကြံ့ဖွံ့ က ၃၇ မဲ၊ ကျားဖြူ က ၆၉ မဲ။ အမျိုးသား လွတ်တော် အတွက် ပယ်မဲ ၂၅ မဲ၊ ကြံ့ဖွံ့ က ၃၉ မဲ၊ ကျားဖြူ က မဲ ၆၀ ။ ပြည်နယ် လွှတ်တော် အတွက် ပယ်မဲ ၁၆ မဲ၊ ကြံ့ဖွံ့ က ၃၆ မဲ၊ ကျားဖြူ က  ၇၂ မဲ ရပါတယ်။ သက်ဆိုင်ရာ လူကြီး တွေ ရှေ့မှာ မဲကို ရေတွက်လိုက်ပါတယ်”ဟု ၎င်းက ဆိုသည်။ ပမ်ပေါင်း ရပ်ကွက်တွင် မဲ ပေးရမည့် သူ ၃၃၆ ဦး ရှိရာ ၁၂၄ ဦး လာရောက် မဲ ပေးခဲ့ကြောင်း သိရသည်။