သုံးခွတွင် ကြံ့ဖွံ့နှင့် NDF မကျေမလည်ဖြစ်

Sunday, 07 November 2010 15:00 ရွေးကောက်ပွဲ သတင်းတို
Print
သုံးခွမြို့နယ် မဲရုံအမှတ် ၉ တွင် ကြံ့ဖွံ့ပါတီကို အတင်းအကျပ် မဲပေးခိုင်းမှုနှင့် ပတ်သက်၍ ကြံ့ဖွံ့ပါတီနှင့် NDF ပါတီဝင်များ အခြေအတင် ဖြစ်နေကြကြောင်း သတင်းရရှိသည်။ ထို့ပြင် အဆိုပါမြို့နယ် ညောင်လေးပင် ကျေးရွာတွင်လည်း မဲသွားထည့်သူ ကျေးရွာသားများကို ကြိုတင်မဲ ပေးပြီးဖြစ်သောကြောင့် မဲထပ်မံ ပေးခွင့်မရှိဟု တာဝန်ရှိသူများက တားမြစ်သည်ဟု သိရသည်။ ထိုရွာသားများမှာ ကြိုတင်မဲ ပေးထားပြီးဖြစ်ကြောင်း မရှိကြဟု ပြောဆိုကြသည်။