သာစည်တွင်လည်း မဲပေးသူနည်း

Sunday, 07 November 2010 15:57 ရွေးကောက်ပွဲ သတင်းတို
Print
မန္တလေးတိုင်း သာစည်မြို့နယ် ဟံဇားတိုက်နယ် ကျေးရွာကြီးရှိ မဲရုံများတွင် မဲပေးသူမှာ မနက် ၈ နာရီခန့်က အနည်းငယ်သာရှိခဲ့ပြီး ယခုအချိန်တွင် မဲပေးသူ တဦးမျှ မရှိ၍ ကြံ့ဖွံ့ပါတီဝင်များက ဆိုင်ကယ်များ၊ ကားများဖြင့် တအိမ်တက်ဆင်း မဲလာပေးရန် လိုက်လံ လှုံ့ဆော်နေကြောင်း၊ ခြိမ်းခြောက်ခံရ၍ မဲသွားပေးသူများကလည်း ပယ်မဲဖြစ်စေရန်များ ပြုလုပ်ခဲ့ကြောင်း ဟံဇား ဒေသခံ တဦးက ပြောသည်။ ထို့အတူ သာစည်မြို့ပေါ်ရှိ မဲရုံများတွင်လည်း မဲလာပေးသူ အနည်းငယ်သာရှိ၍ ကြံ့ဖွံ့ပါတီဝင်များက မဲလာပေးရန် နှိုးဆော် နေကြသည်ဟု ပြောသည်။