RNDP က ကြံ့ဖွံ့ကို မဲအပြတ်အသတ်နှင့်နိုင်

Monday, 08 November 2010 14:25 ရွေးကောက်ပွဲ သတင်းတို
Print
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြည်သူ့ လွှတ်တော်တွင် ကြံ့ဖွံ့ပါတီမှ စာရေးဆရာ ကျွန်းသား ငမန်း (ဦးကောင်စံရွှီး) ကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) မှ ဦးမောင်ညိုက လည်းကောင်း၊ အမျိုးသား လွှတ်တော်တွင် RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ကြံ့ဖွံ့ပါတီမှ ဒေါက်တာ ချမ်းသာကို လည်းကောင်း၊ ပြည်နယ်လွှတ်တော်တွင် RNDP မှ ဦးအောင်မြ ကျော်က ကြံ့ဖွံ့ပါတီမှ ဒေါက်တာ စန်းရွှေကို လည်းကောင်း မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။