ကြိုတင်မဲများ ကိုယ်တိုင် လုပ်ခဲ့သည်ဟု မဲရုံစောင့် တဦးပြော

Monday, 08 November 2010 15:29 ရွေးကောက်ပွဲ သတင်းတို
Print
ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ၃၈ လမ်း မဲရုံမှ အဖွဲ့ဝင် တယောက်က ကြိုတင်မဲ ၄၀၀ ကို ၎င်းကိုယ်တိုင် ပြုလုပ် ခဲ့ကြောင်း၊ အလားတူ ပြုလုပ်ထား သည်များလည်း အများအပြား ရှိကြောင်း ထို့ကြောင့် တခြား မည်သည့် ပါတီများက မည်သို့ နိုင်သည် ဖြစ်စေ ကြံ့ဖွံ့ပါတီကို ယှဉ်နိုင်မည် မဟုတ်ကြောင်း ပြောဆို နေသည်ဟု မဲရုံ လေ့လာ စောင့်ကြည့်သူ တဦးက ပြောသည်။